သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

လြိဳင္ေကာ္ အာဆီယံ စံျပဆုရဖို႔ ဘယ္လိုလုပ္


ျပည္နယ္စည္ပင္သာယာေရးနဲ႔ လူမႈေရးဝန္ႀကီး ေဒါက္တာေအာင္ေက်ာ္ေဌး
လြိဳင္ေကာ္ အာဆီယံစံျပဆုရဖို႔ ဘယ္လိုလုပ္
please wait

No media source currently available

0:00 0:13:20 0:00
တိုက္႐ိုက္ လင့္ခ္

၂၀၂၀ အသန္႔ရွင္းဆံုုး အာဆီယံ စံျပၿမိဳ႕အျဖစ္ အေရြးခံရတဲ့ ျမန္မာႏုုိင္ငံက ၿမိဳ႕ (၃) ၿမိဳ႕ထဲက တၿမိဳ႕ျဖစ္တဲ့ ကယားျပည္နယ္ရဲ့ ၿမိဳ႕ေတာ္လြိဳင္ေကာ္ကို သန္႔ရွင္းလွပေအာင္ ၿမိဳ႕ေတာ္စည္ပင္က ဘာေတြ လုပ္ေဆာင္ေနပါသလဲ။ ျပည္နယ္စည္ပင္သာယာေရးနဲ႔ လူမႈေရးဝန္ႀကီး ေဒါက္တာေအာင္ေက်ာ္ေဌး, ကို ေဒၚခင္မ်ဳိးသက္ ေတြ႔ဆံုေမးျမန္းထားပါတယ္။

ေမး ။ ။ ကယားျပည္နယ္ စည္ပင္သာယာေရးနဲ႔ လူမႈေရးဝန္ႀကီး ေဒါက္တာေအာင္ေက်ာ္ေဌး အခုလို VOA ကို ေျဖၾကားေပးတဲ့အတြက္ အမ်ားႀကီးေက်းဇူးတင္ပါတယ္။ လိြဳင္ေကာ္ၿမိဳ ႔ကဆိုရင္ အာဆီယံမွာ အသန္႔ရွင္းဆံုးၿမိဳ ႔ေတာ္ ဆုရတဲ့ ၿမိဳ ႔တၿမိဳ ႔ထဲမွာ ပါဝင္ပါတယ္။ ဒီလိုဆုရဖို႔အတြက္က အားလံုး လူမႈေရး၊ က်န္းမာေရး၊ ေဂဟသန္႔ရွင္းမႈ အဲဒါေတြအားလံုးျပည့္စံုမွ သူတုိ႔ေပးၾကပါတယ္။ ဒီလိုမ်ဳိး အာဆီယံသန္႔ရွင္းဆံုးဆုရေအာင္ ဆရာတို႔ ဘာေတြလုပ္ေနလဲ။ ပထမဦးဆံုး အၾကမ္းဖ်ဥ္းေလး ေျပာျပေပးပါ။

ေျဖ ။ ။ ပထမဦးဆံုးေျပာရရင္ေတာ့ ဒါက ဟိုတယ္ခရီးသြားနဲ႔ဆိုင္တဲ့ ဆုေပါ့။ Asean Clean Tourist City Standard award 2019 ပါ။ ဒါေပမဲ့ ဟိုတယ္နဲ႔ခရီး ဆိုေပမယ့္လဲ ဆက္စပ္ဌာနေတြအားလံုးကေတာ့ အတတ္ႏုိင္ဆံုး ဝိုင္းဝန္းၿပီးေတာ့ ႀကိဳးစားၾကပါတယ္။ ဆက္စပ္ဌာနဆိုတာက ဥပမာဆို က်ေနာ္တုိ႔ စည္ပင္သာယာေရးဌာနလည္းပါမယ္။ ေနာက္တခါ ပတ္ဝန္းက်င္ထိန္းသိမ္းေရး၊ NGO, INGO တို႔ CVO, CSO တို႔ ေနာက္ေဒသခံျပည္သူလူထုေတြအားလံုးရဲ ႔ စုေပါင္းအားေၾကာင့္ပဲ ဒီလိုေအာင္ျမင္မႈရတယ္လို႔ပဲ က်ေနာ္ ထင္ပါတယ္။ က်ေနာ္တို႔ စည္ပင္နဲ႔ပတ္သက္လို႔ေတာ့ (၇) ၿမိဳ ႔နယ္ရိွတယ္။ လိြဳင္ေကာ္ကေတာ့ ျပည္နယ္ၿမိဳ ႔ေတာ္။ ျပည္နယ္ၿမိဳ ႔ေတာ္ျဖစ္တဲ့အတြက္ က်ေနာ္တို႔ အတတ္ႏို္င္ဆံုး တႏွစ္ထက္တႏွစ္ အားနည္းခ်က္ေလးေတြကို နည္းႏိုင္သမွ်နည္းေအာင္ - ဥပမာ ဝန္ထမ္းအင္အား အားနည္းတာလား။ ေနာက္တခါ က်ေနာ္တို႔ လုပ္ငန္းပိုင္း အသံုးအေဆာင္ေတြ - ဆိုၾကပါစို႔ အမိႈက္သိမ္းယာဥ္လိုမ်ဳိး၊ အပင္ေတြေရေလာင္းမယ့္ ေရသယ္ကား စသည္ျဖင့္ ဝန္ထမ္းေတြရဲ ႔ Capacity ဆိုရင္ အင္ဂ်င္နီယာလိုမ်ဳိး ဒါမ်ဳိးေလးေတြကို ျဖည့္ဆည္းတာကအစ တႏွစ္ထက္တႏွစ္ (၇) ၿမိဳ ႔နယ္လံုးမွ်ေအာင္ - ဥပမာ လိြဳင္ေကာ္ၿမိဳ ႔နယ္ဆုိရင္လဲ စည္ပင္သာယာေရးဌာနေတြမွာ အဆင့္သတ္မွတ္ခ်က္ရိွတယ္။ (က) (ခ) (ဂ) (ဃ) (င) (စ) အထိ - (စ) ဆိုရင္ အခြန္အခ အနည္းဆံုးရတဲ့ ေအာက္ဆံုးအဆင့္ေပါ့။ လိြဳင္ေကာ္ကေတာ့ (က) အဆင့္။ အစိုးရအသစ္ တက္လာတဲ့အခ်ိန္က်ေတာ့ ေနာက္ဆံုးအဆင့္ျဖစ္တဲ့ အထူးအဆင့္ကို အဆင့္ျမင့္ေပးလို႔ရတဲ့အတြက္ အထူးအဆင့္ကိုလည္း တုိးျမွင့္ၿပီးေတာ့ အစိုးရအဖြဲ႔ ဆံုးျဖတ္ခ်က္နဲ႔ ဖြဲ႔စည္းေပးခဲ့တယ္။

ေအာက္ေျခဝန္ထမ္းေတြကို အထူးသျဖင့္ေတာ့ က်ေနာ္တို႔ အဓိကစိန္ေခၚမႈကေတာ့ ေန႔စားဝန္ထမ္းေတြက သိပ္မၿမဲဘူး။ ေန႔စားရဲ ႔ သဘာဝက ဝင္လြယ္ထြက္လြယ္ျဖစ္ေတာ့ သူတုိ႔ေတြက ခဏခဏထြက္တယ္ဆိုေတာ့ ဒီေန႔စားဝန္ထမ္းေလးေတြနဲ႔ပဲ အဆက္မျပတ္ရေအာင္၊ ေနာက္ သူတုိ႔ကိုလည္း တတ္ႏုိင္တဲ့ဘက္က ညိွေပးရေအာင္ အကုန္လံုးေပါ့။ ဆိုေတာ့ ဝန္ထမ္းအင္အားကို ေအာက္ေျခဝန္ထမ္းေတြကို ျဖည့္ႏုိ္င္ဖို႔အတြက္ က်ေနာ္တုိ႔ အေလးအနက္ စဥ္းစားၿပီးေတာ့ ေဆာင္ရြက္ေပးတယ္။ ေနာက္ ဘတ္ဂ်က္အေနနဲ႔လဲ အရင္တုန္းကဆိုရင္ စည္ပင္ရဲ ႔ မူဝါဒအတိုင္း ကိုယ္ရွာတဲ့ဝင္ေငြကိုပဲ ကိုယ္ေလာက္ေအာင္သံုးရတဲ့ သေဘာရိွတယ္။ အစိုးရသစ္ တာဝန္ယူၿပီးတဲ့ေနာက္ ကယားျပည္နယ္တျပည္လံုးအေနနဲ႔က စည္ပင္သာယာေရးဌာနေတြက ရွာႏုိင္တာ ၁.၅ ဘီလီယံ,ပဲ ရိွခဲ့တာ။ က်ေနာ္တို႔ တကယ္တမ္းသံုးမယ္ဆို ဘယ္လိုမွ အဆင္မေျပဘူး။ ဒါေပမဲ့ ျပည္ေထာင္စုဘ႑ာရန္ပံုေငြကေန ထပ္မံျဖည့္ဆြတ္ၿပီးေတာ့ ေပးတဲ့အခါမွာ ၆ ဘီလီယံေလာက္ထိ ရတဲ့အခါၾကေတာ့ ေတာ္ေတာ္ႀကီးကို ဘ႑ာရန္ပံုေငြ သံုးစြဲမႈပိုင္းကို ျမွင့္တက္ၿပီးတိုးလာတဲ့အခါမွာ ဌာနအတြက္ကို ေတာ္ေတာ္ေလးကို အလုပ္ျဖစ္ေအာင္ လုပ္လာႏိုင္တယ္။ ဒါေလးေတြက ကယားျပည္နယ္ စည္ပင္သာယာေရးအဖြဲ႔ အထူးသျဖင့္ ျပည္နယ္ၿမိဳ ႔ေတာ္ျဖစ္တဲ့ လိြဳင္ေကာ္ၿမိဳ ႔ေတာ္ကို စည္ပင္သာယာေရးအေနနဲ႔ အမိႈက္သိမ္းတာေတြ၊ စိမ္းလန္းစိုေျပေရးေတြ ေဆာင္ရြက္တာ၊ အခြန္ေကာက္တာေတြ၊ လမ္းမီး၊ လမ္းတံတား၊ ဒါေတြကအစ ေဆာင္ရြက္တဲ့ေနရာမွာ ေတာ္ေတာ္ႀကီးကို အေထာက္အကူျပဳတာ ျဖစ္ပါတယ္။

ဒါေၾကာင့္မို႔ အနစ္ခ်ဳပ္ၿပီး ျပန္ေျပာရရင္ သန္႔ရွင္းေသာ အာဆီယံခရီးသြားၿမိဳ ႔ေတာ္ဆုကို ရတဲ့ေနရာမွာ စည္ပင္သာယာဌာနအေနနဲ႔လည္း ဒီအစိုးရသစ္လက္ထက္မွာ ဘ႑ာရန္ပံုေငြေတြကို ပိုၿပီးေတာ့ ျဖည့္ဆြတ္ေပးႏုိင္တဲ့အေလွ်ာက္ က်ေနာ္တုိ႔လည္း ပိုၿပီးေတာ့ အားထည့္လုပ္ႏုိင္တဲ့အခါမွာ ေအာင္ျမင္ျဖစ္ထြန္းမႈကိုလည္း အဲဒီလို ခံစားရတာ ျဖစ္တယ္လုိ႔ ျမင္ပါတယ္။ အႏွစ္ခ်ဳပ္ေျပာရရင္ေတာ့ ျပည္သူလူထုေတြရဲ ႔ ပါဝင္မႈအင္အားကို ရႏုိင္သမွ်ရေအာင္ ႀကိဳးစားစည္းရံုးၿပီးေတာ့ ဒီအားနဲ႔ပဲ ေဆာင္ရြက္ခဲ့လို႔ ဒီလိုေအာင္ျမင္မႈေလးေတြ ရရိွတာလို႔ က်ေနာ္ထင္ပါတယ္။

ေမး ။ ။ ဆရာ ေစာေစာကေျပာတဲ့အထဲမွာ စည္ပင္သာယာအေနနဲ႔ (က) အဆင့္ကို တိုးၿပီးေတာ့ ေဆာင္ရြက္တယ္ဆိုတာ အဲဒါကို နည္းနည္းရွင္းျပေပးပါ။ စည္ပင္မွာ ဘာေၾကာင့္ အဆင့္ေတြ ခြဲထားသလဲဆိုတာပါ။

ေျဖ ။ ။ သူတုိ႔ရဲ ႔ အခြန္ရွာေပးႏုိင္မႈ - ဘ႑ာစည္ပင္အခြန္ ရွာေပးတဲ့နယ္မွာဆို လိြဳင္ေကာ္ၿမိဳ ႔နယ္အေနနဲ႔ဆို (၁) ဘီလီယံေက်ာ္ ရွာေပးႏုိင္တယ္။ ဒါဆိုရင္ သူတို႔ အထူးအဆင့္ကို တိုးေပးဖို႔အတြက္ကို အခြန္နဲ႔ တြက္မယ္ဆိုရင္ ျပည့္မီတယ္ဆိုေတာ့ က်ေနာ္တို႔ေတြ အထူးအဆင့္ကို တိုးျမွင့္ေပးလို႔ရတာ ျဖစ္ပါတယ္။ ဒီလိုတုိးျမွင့္ေပးတာနဲ႔အမွ် ဝန္ထမ္းဖြဲ႔စည္းပံုေတြကိုလည္း ပိုၿပီးေတာ့ က်ယ္က်ယ္ျပန္႔ျပန္႔နဲ႔ ဝန္္ထမ္းမ်ားမ်ားနဲ႔ ထပ္ၿပီးေတာ့ ခန္႔ထားလို႔ရတယ္။

ေမး ။ ။ ဆိုေတာ့ အမိႈက္သိမ္းတဲ့စနစ္ေလး နည္းနည္းေျပာျပေပးပါ။ ဘယ္လိုပံုစံနဲ႔ လုပ္ပါသလဲ။

ေျဖ ။ ။ အမိႈက္သိမ္းတာကေတာ့ ယခင္အားနည္းခ်က္ေတြ ဘာေတြရိွလဲ။ ဒီအားနည္းခ်က္ေတြကို က်ေနာ္တုိ႔ ဘယ္လိုျဖည့္ၾကမလဲေပါ့။ ဥပမာ အရင္ဆိုရင္ ဘ႑ာရန္ပံုေငြခြဲမႈ အားနည္းတယ္။ ကိုယ္ရွာကိုယ္သံုးစနစ္နဲ႔ သြားတဲ့အခါၾကေတာ့ ဘာပဲေျပာေျပာ ဒီလမ္းမေကာင္းဘူး လုပ္ခ်င္တယ္။ ဒါေပမဲ့ ရန္ပံုေငြ မလံုေလာက္ဘူး။ အမိႈက္သိမ္းဖို႔အတြက္ အမိႈက္သိမ္းယာဥ္ေတြ မလံုေလာက္ဘူး။ ဝယ္ခ်င္တယ္။ ဘ႑ာရန္ပံုေငြ မရိွတဲ့အခါၾကေတာ့ မဝယ္ႏိုင္ဘူး။ အခုၾကေတာ့ က်ေနာ္တုိ႔ေတြ အမိႈက္သိမ္းကားဆိုရင္ ဘာပဲေျပာေျပာ လိြဳင္ေကာ္ၿမိဳ ႔နယ္အေနနဲ႔ဆုိရင္ အရင္ကထက္စာရင္ အမ်ားႀကီး - အခုေလာေလာဆယ္ကို က်ေနာ္တို႔ အဆင့္ျမင့္အမိႈက္သိမ္းေရးဆိုရင္ လိြဳင္ေကာ္ၿမိဳ ႔နယ္အတြက္ (၅) စီးေက်ာ္ေလာက္ ရိွၿပီ။ က်ေနာ္တို႔မွာ အပတ္စဥ္ရပ္ကြက္က (၁၉) ရပ္ကြက္ရိွေတာ့ တပတ္ကို ဒီရပ္ကြက္က ဘယ္ေန႔ဘယ္အခ်ိန္ဆိုၿပီး သူတုိ႔ လမ္းေၾကာင္းေတြ ရိွၿပီသား။

ေနာက္တခု က်ေနာ္တို႔ေျပာတာက လမ္းမႀကီးေတြရိွတယ္။ ဒါေတြၾကေတာ့ ရက္ပတ္နဲ႔ သြားလို႔မရဘူး။ ဒါကေတာ့ အမ်ားျပည္သူျမင္ကြင္းမွာ အမိႈက္သရိုက္ေတြနဲ႔ ၾကည့္ရႈလို႔ အဆင္မေျပျဖစ္မယ္။ ဒါမ်ဳိးၾကေတာ့ (၂၄) နာရီ သေဘာမ်ဳိး ေန႔ေန႔ညည သိမ္းတဲ့စနစ္။ ဒါကေတာ့ သီးသန္႔ဝန္ထမ္းေတြခ်ထားေပးပါတယ္။ လမ္းမႀကီးေတြမွာဆိုရင္ ပံုမွန္အျပင္ကို အေၾကာင္းေၾကာင္းေၾကာင့္ အမိႈက္ေတြပစ္ခဲ့လို႔ ရိွရင္လဲ၊ နီးစပ္ရာ ခ်ိတ္ဆက္ၿပီးေတာ့ ခ်က္ခ်င္းသင္တဲ့ပံုစံမ်ဳိး လုပ္တယ္။ ေနာက္ပိုင္းလဲ ဒါထက္ေကာင္းတဲ့ နည္းလမ္းေတြကို ႀကိဳးစားၿပီးလုပ္ဖုိ႔လည္း စိတ္ကူးထားပါတယ္။ ေနာက္ အရပ္ဖက္အဖြဲ႔အစည္းေတြရဲ ႔ အားကိုလည္း အမ်ားႀကီး အားျပဳလုိ႔ရပါတယ္။ အခုဆိုလို႔ရိွရင္ စေနေန႔တိုင္းဆိုရင္ ၿမိဳ ႔ေပၚမွာရိွတဲ့ လူမႈအဖြဲ႔ေတြ။ အထူးသျဖင့္ ျဖဴစင္သန္႔ရွင္းအဖြဲ႔ဆိုတာ ရိွပါတယ္။ သူတုိ႔ဆိုရင္ အႀကိမ္ေလးဆယ္ေက်ာ္ၿပီး အပတ္စဥ္ စေနေန႔တုိင္း စိတ္ဝင္စားတဲ့ ျပည္သူလူထုေတြလည္းပါတယ္။ နည္းနည္းေလး တခ်ဳိ ႔ေနရာေလးေတြ အမိႈက္ေတြ ညစ္ညစ္ပတ္ပတ္နဲ႔ အျမင္မေကာင္း၊ ဆုိးဆုိးဝါးဝါး မျဖစ္ေအာင္ နည္းနည္းေလးျဖစ္တာနဲ႔ ခ်က္ခ်င္းရွင္းတာမ်ဳိးေတြ လုပ္တဲ့အခါၾကေတာ့ ေျပာခ်င္တာက ဌာနရဲ ႔ အားထုတ္မႈေကာ၊ အရပ္ဘက္အဖြဲ႔အစည္းေတြ၊ ျပည္သူလူထုေတြရဲ ႔ စိတ္ပါဝင္စားမႈေတြကို ေပါင္းစပ္လုိက္တဲ့အခါ အမိႈက္သိမ္းစနစ္ကို အားနည္းခ်က္ေလးေတြကို ေျဖေလွ်ာ့တယ္။ အားနည္းခ်က္ေလးေတြကို ေျဖရွင္းေပးႏုိင္တဲ့ သေဘာေလးေတြ ရိွသြားတာပါ။

ေမး ။ ။ ဆိုေတာ့ စည္ပင္က သန္႔ရွင္းေရးနဲ႔ ပတ္သက္ၿပီးေတာ့ ေသခ်ာတာဝန္ယူေပးေနတယ္။ က်န္းမာေရးကေရာ ဘယ္ေလာက္ သြားၿပီးေတာ့ သက္ေရာက္မႈ ရိွပါသလဲ။

ေျဖ ။ ။ က်န္းမာေရးကေတာ့ သန္႔ရွင္းနဲ႔ က်န္းမာေရးက ဆက္စပ္ေနတယ္လို႔ ေျပာလို႔ရပါတယ္။ ေျပာခ်င္တာကေတာ့ သန္႔ရွင္းေရးက႑ကို က်ေနာ္တုိ႔ တတ္ႏုိင္သမွ် ႀကိဳးစားေဆာင္ရြက္တဲ့အခါမွာ က်န္းမာေရးနဲ႔ ပတ္သက္လို႔ တိုက္ရိုက္အခ်ဳိးက်ၿပီးေတာ့ ခံစားရတဲ့သေဘာမ်ဳိး ရိွပါတယ္။ ဘာပဲေျပာေျပာ သန္႔ရွင္းဆိုတဲ့ေနရာမွာ အမိႈက္သိမ္းတာ၊ သန္႔ရွင္းတာတင္မကဘူး၊ အသိပညာေပးတာ - ဆုိၾကပါစို႔ ဒီလိြဳင္ေကာ္ၿမိဳ ႔မွာဆို စည္ပင္ေကာ္မတီအဖြဲ႔ေတြ ရိွတယ္။ ရိွတဲ့အခါၾကရင္ ရပ္ကြက္ေတြကို အပတ္စဥ္ အတတ္ႏိုင္ဆံုး ကြင္းဆင္းေပးဖုိ႔။ ကြင္းဆင္းတဲ့ေနရာမွာ စည္ပင္နဲ႔ ပတ္သက္တဲ့ စည္းမ်ဥ္းစည္းကမ္းေတြကို ပညာေပးရံုတင္မကဘူး၊ ကၽြဲကူးေရပါ ဆိုသလို၊ တစ္ခ်က္ခုတ္ ႏွစ္ခ်က္ျပတ္ ဆိုသလို သန္႔ရွင္းေရးေတြကိုပဲျဖစ္ျဖစ္၊ စည္ပင္စည္းမ်ဥ္းစည္းကမ္း ျဖစ္္လို႔ရိွရင္၊ ဥပမာအေနျဖင့္ အခြန္အခပိုင္းေတြ စနစ္တက် လိုက္နာေဆာင္ရြက္မယ္ဆိုရင္ ျပည္နယ္စည္ပင္ဝင္ေငြတုိးမယ္။ သန္႔ရွင္းေရးပိုင္းေတြကို က်ေနာ္တို႔ ႀကိဳးစားလုပ္လုိ႔ရိွရင္လဲ က်န္းမာေရးအတြက္လည္း အေထာက္အကူ ျဖစ္မယ္။

ေနာက္တခါ ဌာနခ်င္းနဲ႔ ပတ္သက္လို႔ ျပည္နယ္ ျပည္သူ႔က်န္းမာေရးဦးစီးဌာနေတြနဲ႔ ေပါင္းစပ္ၿပီးေတာ့လဲ။ အခုေလာေလာဆယ္ပဲ ၂၀၂၀ ကိုရိုနာဗိုင္းရပ္စ္တို႔ ဘာတုိ႔ စည္ပင္၊ က်န္းမာေရး၊ ဟိုတယ္ခရီး၊ လဝက ေပါင္းစပ္ၿပီးေတာ့ က်ေနာ္တို႔ ႀကိဳးစားလုပ္ေနပါတယ္။ ေျပာဆုိခ်င္တာက စည္ပင္ဌာနအေနနဲ႔ က်န္းမာေရးက႑နဲ႔ ပတ္သက္လို႔လဲ ဌာနခ်င္း ခ်ိတ္ဆက္ၿပီးေတာ့ ေဆာင္ရြက္တာရိွသလို၊ တုိက္ရိုက္မခ်ိတ္ဆက္ ႏိုင္ေပမယ့္လဲ သြယ္ဝိုက္ခ်ိတ္ဆက္ၿပီးေတာ့လဲ ေဆာင္ရြက္ခဲ့တာေၾကာင့္လဲ က်န္းမာေရးကိုေတာ့ အထိုက္အေလ်ာက္ေတာ့ အေထာက္အကူျပဳတဲ့ သေဘာေတာ့ ရိွပါတယ္။

ေမး ။ ။ ဒီလိုမ်ဳိးျဖစ္ေအာင္ လူထုအသိပညာေပးဖို႔က အမ်ားႀကီးလိုပါတယ္။ ဆရာတို႔ ဘယ္လိုႀကိဳးစားေနပါလဲ။ လူထုေတြ သန္႔သန္႔ရွင္းရွင္းေနႏိုင္ေအာင္ အမိႈက္ေတြကို စည္းကမ္းတက် ပစ္ႏိုင္ေအာင္၊ ၿမိဳ ႔ေလးသန္႔ရွင္းေအာင္ ဆရာတုိ႔ ပညာေပးတဲ့ အေနအထားေလးကို ေျပာျပေပးပါ။

ေျဖ ။ ။ က်ေနာ္တုိ႔ အသိပညာေပးတဲ့ ေနရာမွာလဲ နည္းလမ္းေတာ့ အမ်ဳိးမ်ဳိးရိွတယ္။ ေစာေစာကေျပာတာေတာ့ စည္ပင္ေကာ္မတီဆိုတာ တရားဝင္ဖြဲ႔စည္းေပးထားတယ္။ လုပ္ငန္းတာဝန္လည္း ရိွတယ္။ ရပ္ကြက္ထဲကိုသြားတယ္။ ဒါေပမဲ့ စည္ပင္အေနနဲ႔ပဲ ၿမိဳ ႔ေပၚရပ္ကြက္ေတြႀကီးပဲ အဲဒီလို အသိရိွေနလို႔ မရေသးဘူး။ စည္ပင္နယ္နမိတ္ျပင္ပ ေက်းရြာအုပ္စုေတြမွာလည္း ရပ္ကြက္တုိ႔ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးနဲ႔ဆိုင္တယ္။ အေထြေထြအုပ္ခ်ဳပ္ေရး - ေျပာခ်င္တာက သူတုိ႔နဲ႔လဲ ခ်ိတ္ဆက္ရတယ္။ ဥပမာ စည္ပင္နယ္နမိတ္အတြင္းေတာ့ သန္႔ရွင္းတယ္။ နယ္နမိတ္ျပင္ပႀကီး အမိႈက္သရိုက္ေတြနဲ႔ ရႈပ္ေထြးေနတယ္၊ ျမင္မေကာင္းေအာင္ပဲ ရိွေနရင္ ၿမိဳ ႔ေတာ္သန္႔ရွင္းေရးကို ထိခိုက္တယ္ဆိုေတာ့ က်ေနာ္တုိ႔ကေတာ့ ဌာနဆုိင္ရာ ခ်ိတ္ဆက္မႈ - ေက်းရြာအုပ္စု ျပည္သူလူထုဆိုရင္လဲ သူနဲ႔သက္ဆိုင္တဲ့ ဌာနကေန အခ်ိန္နဲ႔တေျပညီ ပညာေပးႏုိင္ဖို႔ ၿမိဳ ႔ေပၚရပ္ကြက္ဆိုရင္လဲ သက္ဆိုင္တဲ့ဌာန အဓိကေတာ့ စည္ပင္ကေတာ့ ပိုဆိုင္တာေပါ့။ ပညာေပးႏုိင္ဖို႔။ ေနာက္တခါ က်ေနာ္တုိ႔ လက္ကမ္းစာေစာင္ ျဖန္႔ေဝတာတုိ႔၊ ေနာက္တခါ LED မွာ လႊင့္ေပးတာတုိ႔ ဒါမ်ဳိးေလးေတြ။ ေနာက္တခါ ျပည္သူလူုထုရဲ ႔ စိတ္ပါဝင္စားမႈဆိုတာ က်ေနာ္တုိ႔ ေရွ ႔ကေန ဦးေဆာင္ဦးရြက္ၿပီး လုပ္ျပရင္ေတာ့ အနည္းနဲ႔အမ်ားေတာ့ လိုက္ပါလာတာ ရိွပါတယ္။ ဆိုေတာ့ က်ေနာ္တို႔ အဓိကေတာ့ လက္ေတြ႔က်က် ေဆာင္ရြက္ႏိုင္တာလဲ အဓိကစည္းရံုးမႈတခုလို႔ ျမင္ပါတယ္။

ေမး ။ ။ အဲဒီအထဲမွာ တခုသိခ်င္တာေလးက စည္ပင္သာယာမွာ အမိႈက္ေတြကို သြားၿပီးေတာ့ေကာက္တယ္။ ေကာက္ၿပီးေတာ့ စြန္႔ပစ္တဲ့အခါမွာ ဘယ္လိုပံုစံနဲ႔ စြန္႔ပစ္ပါလဲ။ စြန္႔ပစ္တဲ့အမိႈက္ေတြကို မီးရိႈ ႔တာတုိ႔၊ ဘယ္လိုကၽြင္းေတြတူးၿပီးေတာ့ သိမ္းတာတုိိ႔ - ဘယ္လိုပံုစံမ်ဳိးနဲ႔ သိမ္းပါသလဲ။ ေနာက္တခုက တခ်ဳိ ႔စြန္႔ပစ္အမိႈက္ေတြကေန စြမ္းအင္ျပန္ၿပီးထုတ္တဲ့ အဆင့္အထိ ျပန္ၿပီး recycle လုပ္တဲ့ဟာေတြ။ ေနာက္ စြန္႔ပစ္တဲ့အမိႈက္ေတြထဲမွာ ေရြးၿပီး recycle လုပ္တာေတြ စသည္ျဖင့္ - ဆရာတို႔ လိြဳင္ေကာ္ရဲ ႔ အေနအထားေလးေတြကို ေျပာျပေပးပါ။

ေျဖ ။ ။ ေလာေလာဆယ္ေတာ့ recycle ကိစၥကို မေဆာင္ရြက္ႏိုင္ေသးဘူး။ ေလာေလာဆယ္မွာေတာ့ လိြဳင္ေကာ္ၿမိဳ ႔နယ္အေနနဲ႔ အမိႈက္က်င္းႏွစ္က်င္း ရိွတယ္။ အမိႈက္စိုသတ္သတ္၊ အမိႈက္ေျခာက္ဆိုရင္ မီးရိႈ ႔တယ္။ Recycle ေတာ့ မလုပ္ႏိုင္ေသးဘူး။ ေစာေစာကေျပာသလို တႏွစ္ထက္တႏွစ္ကို အားနည္းခ်က္ေလးေတြ နည္းေအာင္ ဒီလိုပဲ ႀကိဳးစားသြားခဲ့တယ္။ ဥပမာ အစိုးရတက္ခါစ စည္ပင္နဲ႔ ပတ္သက္လို႔ ဘာျပႆနာႀကံဳရသလဲဆိုရင္ အမိႈက္က်င္း အတည္တက် မရိွဘူး။ အဲဒီမွာ ေတာ္ေတာ္လုပ္ရတယ္။ ရပ္ကြက္နဲ႔နီးလို႔ရိွရင္ မီးရိႈ ႔ရင္ အနံ႔ေတြထြက္တယ္။ ဒါေတြကမွအစ - လိြဳင္ေကာ္ၿမိဳ ႔နယ္တင္မကဘူး က်န္တဲ့ၿမိဳ ႔နယ္ေတြပါ အမိႈက္က်င္းကို သတ္သတ္မွတ္မွတ္နဲ႔ ေနရာကို အတည္ျဖစ္ဖုိ႔အတြက္ ေျမပိုင္ဆိုင္မႈကအစ လုပ္ခဲ့တယ္။ ေလာေလာဆယ္ အမိႈက္ကိုစြန္႔ပစ္ၿပီးေတာ့ recycle စနစ္နဲ႔ မလုပ္ႏို္င္ေသးဘူး၊ မီးရိႈ ႔တဲ့စနစ္နဲ႔ပဲ လုပ္ႏိုင္ေသးတယ္။ ေနာက္ပိုင္းေတာ့ လုပ္ႏုိင္ဖို႔ ႀကိဳးစားသြားမယ့္ အစီအစဥ္ ရိွပါတယ္။

ေဒၚခင္မ်ဳိးသက္ ။ ။ အခုလို စိတ္ရွည္လက္ရွည္နဲ႔ ေျဖၾကားေပးတဲ့အတြက္ ဆရာကို အမ်ားႀကီးေက်းဇူးတင္ပါတယ္

ေဒါက္တာေအာင္ေက်ာ္ေဌး ။ ။ က်ေနာ္လည္း ေက်းဇူးတင္ပါတယ္။ ဘာပဲေျပာေျပာ ဒီလို အက်ဥ္းဆံုးျပည္နယ္ျဖစ္တဲ့ ကယားျပည္နယ္ကို ဒီလိုမ်ဳိးေလး စိတ္ဝင္တစားနဲ႔ လာေရာက္ၿပီးေတာ့ သတင္းယူေဆာင္ေပးတဲ့ VOA က တာဝန္ရိွတဲ့ အမႀကီးကိုလည္း ျပည္နယ္ကိုယ္စား၊ အစိုးရအဖြဲ႔ကိုယ္စား၊ ဌာနကိုယ္စား အမ်ားႀကီးေက်းဇူးတင္ပါတယ္။


==Unicode===

မေး ။ ။ ကယားပြည်နယ် စည်ပင်သာယာရေးနဲ့ လူမှုရေးဝန်ကြီး ဒေါက်တာအောင်ကျော်ဌေး အခုလို VOA ကို ဖြေကြားပေးတဲ့အတွက် အများကြီးကျေးဇူးတင်ပါတယ်။ လွိုင်ကော်မြို့ကဆိုရင် အာဆီယံမှာ အသန့်ရှင်းဆုံးမြို့တော် ဆုရတဲ့ မြို့တမြို့ထဲမှာ ပါဝင်ပါတယ်။ ဒီလိုဆုရဖို့အတွက်က အားလုံး လူမှုရေး၊ ကျန်းမာရေး၊ ဂေဟသန့်ရှင်းမှု အဲဒါတွေအားလုံးပြည့်စုံမှ သူတို့ပေးကြပါတယ်။ ဒီလိုမျိုး အာဆီယံသန့်ရှင်းဆုံးဆုရအောင် ဆရာတို့ ဘာတွေလုပ်နေလဲ။ ပထမဦးဆုံး အကြမ်းဖျဉ်းလေး ပြောပြပေးပါ။

ဖြေ ။ ။ ပထမဦးဆုံးပြောရရင်တော့ ဒါက ဟိုတယ်ခရီးသွားနဲ့ဆိုင်တဲ့ ဆုပေါ့။ Asean Clean Tourist City Standard award 2019 ပါ။ ဒါပေမဲ့ ဟိုတယ်နဲ့ခရီး ဆိုပေမယ့်လဲ ဆက်စပ်ဌာနတွေအားလုံးကတော့ အတတ်နိုင်ဆုံး ဝိုင်းဝန်းပြီးတော့ ကြိုးစားကြပါတယ်။ ဆက်စပ်ဌာနဆိုတာက ဥပမာဆို ကျနော်တို့ စည်ပင်သာယာရေးဌာနလည်းပါမယ်။ နောက်တခါ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ NGO, INGO တို့ CVO, CSO တို့ နောက်ဒေသခံပြည်သူလူထုတွေအားလုံးရဲ့ စုပေါင်းအားကြောင့်ပဲ ဒီလိုအောင်မြင်မှုရတယ်လို့ပဲ ကျနော် ထင်ပါတယ်။ ကျနော်တို့ စည်ပင်နဲ့ပတ်သက်လို့တော့ (၇) မြို့နယ်ရှိတယ်။ လွိုင်ကော်ကတော့ ပြည်နယ်မြို့တော်။ ပြည်နယ်မြို့တော်ဖြစ်တဲ့အတွက် ကျနော်တို့ အတတ်နိုင်ဆုံး တနှစ်ထက်တနှစ် အားနည်းချက်လေးတွေကို နည်းနိုင်သမျှနည်းအောင် - ဥပမာ ဝန်ထမ်းအင်အား အားနည်းတာလား။ နောက်တခါ ကျနော်တို့ လုပ်ငန်းပိုင်း အသုံးအဆောင်တွေ - ဆိုကြပါစို့ အမှိုက်သိမ်းယာဉ်လိုမျိုး၊ အပင်တွေရေလောင်းမယ့် ရေသယ်ကား စသည်ဖြင့် ဝန်ထမ်းတွေရဲ့ Capacity ဆိုရင် အင်ဂျင်နီယာလိုမျိုး ဒါမျိုးလေးတွေကို ဖြည့်ဆည်းတာကအစ တနှစ်ထက်တနှစ် (၇) မြို့နယ်လုံးမျှအောင် - ဥပမာ လွိုင်ကော်မြို့နယ်ဆိုရင်လဲ စည်ပင်သာယာရေးဌာနတွေမှာ အဆင့်သတ်မှတ်ချက်ရှိတယ်။ (က) (ခ) (ဂ) (ဃ) (င) (စ) အထိ - (စ) ဆိုရင် အခွန်အခ အနည်းဆုံးရတဲ့ အောက်ဆုံးအဆင့်ပေါ့။ လွိုင်ကော်ကတော့ (က) အဆင့်။ အစိုးရအသစ် တက်လာတဲ့အချိန်ကျတော့ နောက်ဆုံးအဆင့်ဖြစ်တဲ့ အထူးအဆင့်ကို အဆင့်မြင့်ပေးလို့ရတဲ့အတွက် အထူးအဆင့်ကိုလည်း တိုးမြှင့်ပြီးတော့ အစိုးရအဖွဲ့ ဆုံးဖြတ်ချက်နဲ့ ဖွဲ့စည်းပေးခဲ့တယ်။

အောက်ခြေဝန်ထမ်းတွေကို အထူးသဖြင့်တော့ ကျနော်တို့ အဓိကစိန်ခေါ်မှုကတော့ နေ့စားဝန်ထမ်းတွေက သိပ်မမြဲဘူး။ နေ့စားရဲ့ သဘာဝက ဝင်လွယ်ထွက်လွယ်ဖြစ်တော့ သူတို့တွေက ခဏခဏထွက်တယ်ဆိုတော့ ဒီနေ့စားဝန်ထမ်းလေးတွေနဲ့ပဲ အဆက်မပြတ်ရအောင်၊ နောက် သူတို့ကိုလည်း တတ်နိုင်တဲ့ဘက်က ညှိပေးရအောင် အကုန်လုံးပေါ့။ ဆိုတော့ ဝန်ထမ်းအင်အားကို အောက်ခြေဝန်ထမ်းတွေကို ဖြည့်နိုင်ဖို့အတွက် ကျနော်တို့ အလေးအနက် စဉ်းစားပြီးတော့ ဆောင်ရွက်ပေးတယ်။ နောက် ဘတ်ဂျက်အနေနဲ့လဲ အရင်တုန်းကဆိုရင် စည်ပင်ရဲ့ မူဝါဒအတိုင်း ကိုယ်ရှာတဲ့ဝင်ငွေကိုပဲ ကိုယ်လောက်အောင်သုံးရတဲ့ သဘောရှိတယ်။ အစိုးရသစ် တာဝန်ယူပြီးတဲ့နောက် ကယားပြည်နယ်တပြည်လုံးအနေနဲ့က စည်ပင်သာယာရေးဌာနတွေက ရှာနိုင်တာ ၁.၅ ဘီလီယံ,ပဲ ရှိခဲ့တာ။ ကျနော်တို့ တကယ်တမ်းသုံးမယ်ဆို ဘယ်လိုမှ အဆင်မပြေဘူး။ ဒါပေမဲ့ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေကနေ ထပ်မံဖြည့်ဆွတ်ပြီးတော့ ပေးတဲ့အခါမှာ ၆ ဘီလီယံလောက်ထိ ရတဲ့အခါကြတော့ တော်တော်ကြီးကို ဘဏ္ဍာရန်ပုံငွေ သုံးစွဲမှုပိုင်းကို မြှင့်တက်ပြီးတိုးလာတဲ့အခါမှာ ဌာနအတွက်ကို တော်တော်လေးကို အလုပ်ဖြစ်အောင် လုပ်လာနိုင်တယ်။ ဒါလေးတွေက ကယားပြည်နယ် စည်ပင်သာယာရေးအဖွဲ့ အထူးသဖြင့် ပြည်နယ်မြို့တော်ဖြစ်တဲ့ လွိုင်ကော်မြို့တော်ကို စည်ပင်သာယာရေးအနေနဲ့ အမှိုက်သိမ်းတာတွေ၊ စိမ်းလန်းစိုပြေရေးတွေ ဆောင်ရွက်တာ၊ အခွန်ကောက်တာတွေ၊ လမ်းမီး၊ လမ်းတံတား၊ ဒါတွေကအစ ဆောင်ရွက်တဲ့နေရာမှာ တော်တော်ကြီးကို အထောက်အကူပြုတာ ဖြစ်ပါတယ်။

ဒါကြောင့်မို့ အနစ်ချုပ်ပြီး ပြန်ပြောရရင် သန့်ရှင်းသော အာဆီယံခရီးသွားမြို့တော်ဆုကို ရတဲ့နေရာမှာ စည်ပင်သာယာဌာနအနေနဲ့လည်း ဒီအစိုးရသစ်လက်ထက်မှာ ဘဏ္ဍာရန်ပုံငွေတွေကို ပိုပြီးတော့ ဖြည့်ဆွတ်ပေးနိုင်တဲ့အလျှောက် ကျနော်တို့လည်း ပိုပြီးတော့ အားထည့်လုပ်နိုင်တဲ့အခါမှာ အောင်မြင်ဖြစ်ထွန်းမှုကိုလည်း အဲဒီလို ခံစားရတာ ဖြစ်တယ်လို့ မြင်ပါတယ်။ အနှစ်ချုပ်ပြောရရင်တော့ ပြည်သူလူထုတွေရဲ့ ပါဝင်မှုအင်အားကို ရနိုင်သမျှရအောင် ကြိုးစားစည်းရုံးပြီးတော့ ဒီအားနဲ့ပဲ ဆောင်ရွက်ခဲ့လို့ ဒီလိုအောင်မြင်မှုလေးတွေ ရရှိတာလို့ ကျနော်ထင်ပါတယ်။

မေး ။ ။ ဆရာ စောစောကပြောတဲ့အထဲမှာ စည်ပင်သာယာအနေနဲ့ (က) အဆင့်ကို တိုးပြီးတော့ ဆောင်ရွက်တယ်ဆိုတာ အဲဒါကို နည်းနည်းရှင်းပြပေးပါ။ စည်ပင်မှာ ဘာကြောင့် အဆင့်တွေ ခွဲထားသလဲဆိုတာပါ။

ဖြေ ။ ။ သူတို့ရဲ့ အခွန်ရှာပေးနိုင်မှု - ဘဏ္ဍာစည်ပင်အခွန် ရှာပေးတဲ့နယ်မှာဆို လွိုင်ကော်မြို့နယ်အနေနဲ့ဆို (၁) ဘီလီယံကျော် ရှာပေးနိုင်တယ်။ ဒါဆိုရင် သူတို့ အထူးအဆင့်ကို တိုးပေးဖို့အတွက်ကို အခွန်နဲ့ တွက်မယ်ဆိုရင် ပြည့်မီတယ်ဆိုတော့ ကျနော်တို့တွေ အထူးအဆင့်ကို တိုးမြှင့်ပေးလို့ရတာ ဖြစ်ပါတယ်။ ဒီလိုတိုးမြှင့်ပေးတာနဲ့အမျှ ဝန်ထမ်းဖွဲ့စည်းပုံတွေကိုလည်း ပိုပြီးတော့ ကျယ်ကျယ်ပြန့်ပြန့်နဲ့ ဝန်ထမ်းများများနဲ့ ထပ်ပြီးတော့ ခန့်ထားလို့ရတယ်။

မေး ။ ။ ဆိုတော့ အမှိုက်သိမ်းတဲ့စနစ်လေး နည်းနည်းပြောပြပေးပါ။ ဘယ်လိုပုံစံနဲ့ လုပ်ပါသလဲ။

ဖြေ ။ ။ အမှိုက်သိမ်းတာကတော့ ယခင်အားနည်းချက်တွေ ဘာတွေရှိလဲ။ ဒီအားနည်းချက်တွေကို ကျနော်တို့ ဘယ်လိုဖြည့်ကြမလဲပေါ့။ ဥပမာ အရင်ဆိုရင် ဘဏ္ဍာရန်ပုံငွေခွဲမှု အားနည်းတယ်။ ကိုယ်ရှာကိုယ်သုံးစနစ်နဲ့ သွားတဲ့အခါကြတော့ ဘာပဲပြောပြော ဒီလမ်းမကောင်းဘူး လုပ်ချင်တယ်။ ဒါပေမဲ့ ရန်ပုံငွေ မလုံလောက်ဘူး။ အမှိုက်သိမ်းဖို့အတွက် အမှိုက်သိမ်းယာဉ်တွေ မလုံလောက်ဘူး။ ဝယ်ချင်တယ်။ ဘဏ္ဍာရန်ပုံငွေ မရှိတဲ့အခါကြတော့ မဝယ်နိုင်ဘူး။ အခုကြတော့ ကျနော်တို့တွေ အမှိုက်သိမ်းကားဆိုရင် ဘာပဲပြောပြော လွိုင်ကော်မြို့နယ်အနေနဲ့ဆိုရင် အရင်ကထက်စာရင် အများကြီး - အခုလောလောဆယ်ကို ကျနော်တို့ အဆင့်မြင့်အမှိုက်သိမ်းရေးဆိုရင် လွိုင်ကော်မြို့နယ်အတွက် (၅) စီးကျော်လောက် ရှိပြီ။ ကျနော်တို့မှာ အပတ်စဉ်ရပ်ကွက်က (၁၉) ရပ်ကွက်ရှိတော့ တပတ်ကို ဒီရပ်ကွက်က ဘယ်နေ့ဘယ်အချိန်ဆိုပြီး သူတို့ လမ်းကြောင်းတွေ ရှိပြီသား။

နောက်တခု ကျနော်တို့ပြောတာက လမ်းမကြီးတွေရှိတယ်။ ဒါတွေကြတော့ ရက်ပတ်နဲ့ သွားလို့မရဘူး။ ဒါကတော့ အများပြည်သူမြင်ကွင်းမှာ အမှိုက်သရိုက်တွေနဲ့ ကြည့်ရှုလို့ အဆင်မပြေဖြစ်မယ်။ ဒါမျိုးကြတော့ (၂၄) နာရီ သဘောမျိုး နေ့နေ့ညည သိမ်းတဲ့စနစ်။ ဒါကတော့ သီးသန့်ဝန်ထမ်းတွေချထားပေးပါတယ်။ လမ်းမကြီးတွေမှာဆိုရင် ပုံမှန်အပြင်ကို အကြောင်းကြောင်းကြောင့် အမှိုက်တွေပစ်ခဲ့လို့ ရှိရင်လဲ၊ နီးစပ်ရာ ချိတ်ဆက်ပြီးတော့ ချက်ချင်းသင်တဲ့ပုံစံမျိုး လုပ်တယ်။ နောက်ပိုင်းလဲ ဒါထက်ကောင်းတဲ့ နည်းလမ်းတွေကို ကြိုးစားပြီးလုပ်ဖို့လည်း စိတ်ကူးထားပါတယ်။ နောက် အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ အားကိုလည်း အများကြီး အားပြုလို့ရပါတယ်။ အခုဆိုလို့ရှိရင် စနေနေ့တိုင်းဆိုရင် မြို့ပေါ်မှာရှိတဲ့ လူမှုအဖွဲ့တွေ။ အထူးသဖြင့် ဖြူစင်သန့်ရှင်းအဖွဲ့ဆိုတာ ရှိပါတယ်။ သူတို့ဆိုရင် အကြိမ်လေးဆယ်ကျော်ပြီး အပတ်စဉ် စနေနေ့တိုင်း စိတ်ဝင်စားတဲ့ ပြည်သူလူထုတွေလည်းပါတယ်။ နည်းနည်းလေး တချို့နေရာလေးတွေ အမှိုက်တွေ ညစ်ညစ်ပတ်ပတ်နဲ့ အမြင်မကောင်း၊ ဆိုးဆိုးဝါးဝါး မဖြစ်အောင် နည်းနည်းလေးဖြစ်တာနဲ့ ချက်ချင်းရှင်းတာမျိုးတွေ လုပ်တဲ့အခါကြတော့ ပြောချင်တာက ဌာနရဲ့ အားထုတ်မှုကော၊ အရပ်ဘက်အဖွဲ့အစည်းတွေ၊ ပြည်သူလူထုတွေရဲ့ စိတ်ပါဝင်စားမှုတွေကို ပေါင်းစပ်လိုက်တဲ့အခါ အမှိုက်သိမ်းစနစ်ကို အားနည်းချက်လေးတွေကို ဖြေလျှော့တယ်။ အားနည်းချက်လေးတွေကို ဖြေရှင်းပေးနိုင်တဲ့ သဘောလေးတွေ ရှိသွားတာပါ။

မေး ။ ။ ဆိုတော့ စည်ပင်က သန့်ရှင်းရေးနဲ့ ပတ်သက်ပြီးတော့ သေချာတာဝန်ယူပေးနေတယ်။ ကျန်းမာရေးကရော ဘယ်လောက် သွားပြီးတော့ သက်ရောက်မှု ရှိပါသလဲ။

ဖြေ ။ ။ ကျန်းမာရေးကတော့ သန့်ရှင်းနဲ့ ကျန်းမာရေးက ဆက်စပ်နေတယ်လို့ ပြောလို့ရပါတယ်။ ပြောချင်တာကတော့ သန့်ရှင်းရေးကဏ္ဍကို ကျနော်တို့ တတ်နိုင်သမျှ ကြိုးစားဆောင်ရွက်တဲ့အခါမှာ ကျန်းမာရေးနဲ့ ပတ်သက်လို့ တိုက်ရိုက်အချိုးကျပြီးတော့ ခံစားရတဲ့သဘောမျိုး ရှိပါတယ်။ ဘာပဲပြောပြော သန့်ရှင်းဆိုတဲ့နေရာမှာ အမှိုက်သိမ်းတာ၊ သန့်ရှင်းတာတင်မကဘူး၊ အသိပညာပေးတာ - ဆိုကြပါစို့ ဒီလွိုင်ကော်မြို့မှာဆို စည်ပင်ကော်မတီအဖွဲ့တွေ ရှိတယ်။ ရှိတဲ့အခါကြရင် ရပ်ကွက်တွေကို အပတ်စဉ် အတတ်နိုင်ဆုံး ကွင်းဆင်းပေးဖို့။ ကွင်းဆင်းတဲ့နေရာမှာ စည်ပင်နဲ့ ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်းတွေကို ပညာပေးရုံတင်မကဘူး၊ ကျွဲကူးရေပါ ဆိုသလို၊ တစ်ချက်ခုတ် နှစ်ချက်ပြတ် ဆိုသလို သန့်ရှင်းရေးတွေကိုပဲဖြစ်ဖြစ်၊ စည်ပင်စည်းမျဉ်းစည်းကမ်း ဖြစ်လို့ရှိရင်၊ ဥပမာအနေဖြင့် အခွန်အခပိုင်းတွေ စနစ်တကျ လိုက်နာဆောင်ရွက်မယ်ဆိုရင် ပြည်နယ်စည်ပင်ဝင်ငွေတိုးမယ်။ သန့်ရှင်းရေးပိုင်းတွေကို ကျနော်တို့ ကြိုးစားလုပ်လို့ရှိရင်လဲ ကျန်းမာရေးအတွက်လည်း အထောက်အကူ ဖြစ်မယ်။

နောက်တခါ ဌာနချင်းနဲ့ ပတ်သက်လို့ ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွေနဲ့ ပေါင်းစပ်ပြီးတော့လဲ။ အခုလောလောဆယ်ပဲ ၂၀၂၀ ကိုရိုနာဗိုင်းရပ်စ်တို့ ဘာတို့ စည်ပင်၊ ကျန်းမာရေး၊ ဟိုတယ်ခရီး၊ လဝက ပေါင်းစပ်ပြီးတော့ ကျနော်တို့ ကြိုးစားလုပ်နေပါတယ်။ ပြောဆိုချင်တာက စည်ပင်ဌာနအနေနဲ့ ကျန်းမာရေးကဏ္ဍနဲ့ ပတ်သက်လို့လဲ ဌာနချင်း ချိတ်ဆက်ပြီးတော့ ဆောင်ရွက်တာရှိသလို၊ တိုက်ရိုက်မချိတ်ဆက် နိုင်ပေမယ့်လဲ သွယ်ဝိုက်ချိတ်ဆက်ပြီးတော့လဲ ဆောင်ရွက်ခဲ့တာကြောင့်လဲ ကျန်းမာရေးကိုတော့ အထိုက်အလျောက်တော့ အထောက်အကူပြုတဲ့ သဘောတော့ ရှိပါတယ်။

မေး ။ ။ ဒီလိုမျိုးဖြစ်အောင် လူထုအသိပညာပေးဖို့က အများကြီးလိုပါတယ်။ ဆရာတို့ ဘယ်လိုကြိုးစားနေပါလဲ။ လူထုတွေ သန့်သန့်ရှင်းရှင်းနေနိုင်အောင် အမှိုက်တွေကို စည်းကမ်းတကျ ပစ်နိုင်အောင်၊ မြို့လေးသန့်ရှင်းအောင် ဆရာတို့ ပညာပေးတဲ့ အနေအထားလေးကို ပြောပြပေးပါ။

ဖြေ ။ ။ ကျနော်တို့ အသိပညာပေးတဲ့ နေရာမှာလဲ နည်းလမ်းတော့ အမျိုးမျိုးရှိတယ်။ စောစောကပြောတာတော့ စည်ပင်ကော်မတီဆိုတာ တရားဝင်ဖွဲ့စည်းပေးထားတယ်။ လုပ်ငန်းတာဝန်လည်း ရှိတယ်။ ရပ်ကွက်ထဲကိုသွားတယ်။ ဒါပေမဲ့ စည်ပင်အနေနဲ့ပဲ မြို့ပေါ်ရပ်ကွက်တွေကြီးပဲ အဲဒီလို အသိရှိနေလို့ မရသေးဘူး။ စည်ပင်နယ်နမိတ်ပြင်ပ ကျေးရွာအုပ်စုတွေမှာလည်း ရပ်ကွက်တို့ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ဆိုင်တယ်။ အထွေထွေအုပ်ချုပ်ရေး - ပြောချင်တာက သူတို့နဲ့လဲ ချိတ်ဆက်ရတယ်။ ဥပမာ စည်ပင်နယ်နမိတ်အတွင်းတော့ သန့်ရှင်းတယ်။ နယ်နမိတ်ပြင်ပကြီး အမှိုက်သရိုက်တွေနဲ့ ရှုပ်ထွေးနေတယ်၊ မြင်မကောင်းအောင်ပဲ ရှိနေရင် မြို့တော်သန့်ရှင်းရေးကို ထိခိုက်တယ်ဆိုတော့ ကျနော်တို့ကတော့ ဌာနဆိုင်ရာ ချိတ်ဆက်မှု - ကျေးရွာအုပ်စု ပြည်သူလူထုဆိုရင်လဲ သူနဲ့သက်ဆိုင်တဲ့ ဌာနကနေ အချိန်နဲ့တပြေညီ ပညာပေးနိုင်ဖို့ မြို့ပေါ်ရပ်ကွက်ဆိုရင်လဲ သက်ဆိုင်တဲ့ဌာန အဓိကတော့ စည်ပင်ကတော့ ပိုဆိုင်တာပေါ့။ ပညာပေးနိုင်ဖို့။ နောက်တခါ ကျနော်တို့ လက်ကမ်းစာစောင် ဖြန့်ဝေတာတို့၊ နောက်တခါ LED မှာ လွှင့်ပေးတာတို့ ဒါမျိုးလေးတွေ။ နောက်တခါ ပြည်သူလူုထုရဲ့ စိတ်ပါဝင်စားမှုဆိုတာ ကျနော်တို့ ရှေ့ကနေ ဦးဆောင်ဦးရွက်ပြီး လုပ်ပြရင်တော့ အနည်းနဲ့အများတော့ လိုက်ပါလာတာ ရှိပါတယ်။ ဆိုတော့ ကျနော်တို့ အဓိကတော့ လက်တွေ့ကျကျ ဆောင်ရွက်နိုင်တာလဲ အဓိကစည်းရုံးမှုတခုလို့ မြင်ပါတယ်။

မေး ။ ။ အဲဒီအထဲမှာ တခုသိချင်တာလေးက စည်ပင်သာယာမှာ အမှိုက်တွေကို သွားပြီးတော့ကောက်တယ်။ ကောက်ပြီးတော့ စွန့်ပစ်တဲ့အခါမှာ ဘယ်လိုပုံစံနဲ့ စွန့်ပစ်ပါလဲ။ စွန့်ပစ်တဲ့အမှိုက်တွေကို မီးရှို့တာတို့၊ ဘယ်လိုကျွင်းတွေတူးပြီးတော့ သိမ်းတာတို့ - ဘယ်လိုပုံစံမျိုးနဲ့ သိမ်းပါသလဲ။ နောက်တခုက တချို့စွန့်ပစ်အမှိုက်တွေကနေ စွမ်းအင်ပြန်ပြီးထုတ်တဲ့ အဆင့်အထိ ပြန်ပြီး recycle လုပ်တဲ့ဟာတွေ။ နောက် စွန့်ပစ်တဲ့အမှိုက်တွေထဲမှာ ရွေးပြီး recycle လုပ်တာတွေ စသည်ဖြင့် - ဆရာတို့ လွိုင်ကော်ရဲ့ အနေအထားလေးတွေကို ပြောပြပေးပါ။

ဖြေ ။ ။ လောလောဆယ်တော့ recycle ကိစ္စကို မဆောင်ရွက်နိုင်သေးဘူး။ လောလောဆယ်မှာတော့ လွိုင်ကော်မြို့နယ်အနေနဲ့ အမှိုက်ကျင်းနှစ်ကျင်း ရှိတယ်။ အမှိုက်စိုသတ်သတ်၊ အမှိုက်ခြောက်ဆိုရင် မီးရှို့တယ်။ Recycle တော့ မလုပ်နိုင်သေးဘူး။ စောစောကပြောသလို တနှစ်ထက်တနှစ်ကို အားနည်းချက်လေးတွေ နည်းအောင် ဒီလိုပဲ ကြိုးစားသွားခဲ့တယ်။ ဥပမာ အစိုးရတက်ခါစ စည်ပင်နဲ့ ပတ်သက်လို့ ဘာပြဿနာကြုံရသလဲဆိုရင် အမှိုက်ကျင်း အတည်တကျ မရှိဘူး။ အဲဒီမှာ တော်တော်လုပ်ရတယ်။ ရပ်ကွက်နဲ့နီးလို့ရှိရင် မီးရှို့ရင် အနံ့တွေထွက်တယ်။ ဒါတွေကမှအစ - လွိုင်ကော်မြို့နယ်တင်မကဘူး ကျန်တဲ့မြို့နယ်တွေပါ အမှိုက်ကျင်းကို သတ်သတ်မှတ်မှတ်နဲ့ နေရာကို အတည်ဖြစ်ဖို့အတွက် မြေပိုင်ဆိုင်မှုကအစ လုပ်ခဲ့တယ်။ လောလောဆယ် အမှိုက်ကိုစွန့်ပစ်ပြီးတော့ recycle စနစ်နဲ့ မလုပ်နိုင်သေးဘူး၊ မီးရှို့တဲ့စနစ်နဲ့ပဲ လုပ်နိုင်သေးတယ်။ နောက်ပိုင်းတော့ လုပ်နိုင်ဖို့ ကြိုးစားသွားမယ့် အစီအစဉ် ရှိပါတယ်။

ဒေါ်ခင်မျိုးသက် ။ ။ အခုလို စိတ်ရှည်လက်ရှည်နဲ့ ဖြေကြားပေးတဲ့အတွက် ဆရာကို အများကြီးကျေးဇူးတင်ပါတယ်

ဒေါက်တာအောင်ကျော်ဌေး ။ ။ ကျနော်လည်း ကျေးဇူးတင်ပါတယ်။ ဘာပဲပြောပြော ဒီလို အကျဉ်းဆုံးပြည်နယ်ဖြစ်တဲ့ ကယားပြည်နယ်ကို ဒီလိုမျိုးလေး စိတ်ဝင်တစားနဲ့ လာရောက်ပြီးတော့ သတင်းယူဆောင်ပေးတဲ့ VOA က တာဝန်ရှိတဲ့ အမကြီးကိုလည်း ပြည်နယ်ကိုယ်စား၊ အစိုးရအဖွဲ့ကိုယ်စား၊ ဌာနကိုယ်စား အများကြီးကျေးဇူးတင်ပါတယ်။

XS
SM
MD
LG