သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ AI ကမ္ဘာနဲ့ ယှဥ်ဘောင်တန်းနိုင်ပြီလား


မြန်မာနိုင်ငံမှာ AI ဥာဏ်ရည်တုနည်းပညာ ရှေ့ဆောင်ခဲ့သူလို့ ပြောရမယ့် ကိုစွမ်းထက်အောင်
မြန်မာနိုင်ငံမှာ AI ဥာဏ်ရည်တုနည်းပညာ ရှေ့ဆောင်ခဲ့သူလို့ ပြောရမယ့် ကိုစွမ်းထက်အောင်

ဒီကနေ့ကမ္ဘာမှာ AI ဥာဏ်ရည်တုရဲ့ အံ့မခန်းစွမ်းဆောင်နိုင်တဲ့ နည်းပညာ အရှိန်အဟုန်နဲ့ တိုးတက်လာတဲ့နေရာမှာ လူသားတွေအတွက် ကောင်းကျိုး၊ ဆိုးကျိုးတွေလည်း ထွက်ပေါ်လာပါတယ်။ ပဋိပက္ခတွေ ပြင်းထန်နေပြီး ဖွံ့ဖြိုးမှုအနည်းဆုံး မြန်မာနိုင်ငံမှာ AI ဥာဏ်ရည်တုနည်းပညာကို ရှေ့ဆောင်ခဲ့သူလို့ ပြောရမယ့် ကိုစွမ်းထက်အောင်ရဲ့ ကုမ္ပဏီကို ကမ္ဘာ့ထိပ်တန်း Amazon ကုမ္ပဏီကြီးက ၂၀၂၃ခုနှစ် AWS အတွက် ရွေးချယ် ချီးမြှင့်ခဲ့ပါတယ်။ အာဆီယံနိုင်ငံတွေထဲက AI နည်းပညာကုမ္ပဏီပေါင်း ၂၀၀ ကျော်ထဲမှာ Amazon က ရွေးချယ်ခဲ့တဲ့ ၁၃ ကုမ္ပဏီထဲ ပါ၀င်ခဲ့တာပါ။ Amazon ရဲ့ အင်တာနက်ဝက်ဘ်ဆိုဒ် ဝန်ဆောင်မှု (AWS) ကတော့ ရင်းနှီးမြှုပ်နှံမှု ဒေါ်လာသန်းပေါင်းများစွာ နဲ့ တကမ္ဘာလုံး အတိုင်းအတာရှိတဲ့ အင်တာနက်ဒေတာ စင်တာပေါင်း ၂၀၀ ကျော်နဲ့ ဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းကြီး ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ AI နည်းပညာနဲ့ ပတ်သက်တဲ့ စိန်ခေါ်မှုတွေအကြောင်း အမေရိကန်ကို ရောက်ရှိနေတဲ့ ကိုစွမ်းထက်အောင်ကို မအင်ကြင်းနိုင်က Zoom ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။

ကိုစွမ်းထက်အောင် ။ ။ ကျနော်တို့ကတော့ လောလောဆယ်မှာတော့ Amazon AWS နဲ့ ချိတ်ပြီးတော့ လုပ်ဆောင်နေတာ ရှိတယ်။ ၂၀၂၃ ခုနှစ် နိုဝင်ဘာလက Amazon AWS ရဲ့ AI နည်းပညာကုမ္ပဏီတွေကို ထောက်ပံ့ပေးတဲ့ ASEAN GenAI Reactor အစီအစဉ်မှာ ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။ အဲဒီပြိုင်ပွဲကို အာဆီယံဒေသတွင်းက AI ကုမ္ပဏီပေါင်း ၂၁၃ ခု ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး၊ အာဆီယံနိုင်ငံတွေထဲမှာ ၁၃ ခုကို ရွေးတဲ့ထဲက မြန်မာက ကျနော်တို့ ကုမ္ပဏီကတခုအနေနဲ့ပါတယ်။ အဲဒီမှာ Amazon ကနေ ဒေါ်လာ ၂ သိန်း ထောက်ပံ့ပေးတယ်။ သူတို့ Server တွေကို သုံးဖို့အတွက်။ Cash ငွေသားပေးတာ မဟုတ်ဘူး။ သူတို့ Server တွေနဲ့ နည်းပညာ အထောက်အပံ့တွေကို ပေးတယ်။

မအင်ကြင်းနိုင် ။ ။ အဲဒီတော့ ကိုစွမ်းထက်အောင်က မြန်မာနိုင်ငံမှာဆိုရင် AI ဉာဏ်ရည်တု နည်းပညာနဲ့ ပတ်သက်ပြီးတော့ ရှေ့ဆောင်လုပ်ဆောင်ခဲ့သူတဦးလည်း ဖြစ်တော့ မြန်မာနိုင်ငံမှာ AI ဉာဏ်ရည်တူ နည်းပညာ ဝင်ရောက်လာပုံနဲ့ နည်းပညာ တိုးတက်လာတာဖို့ကို ကိုစွမ်းထက်အောင်အနေနဲ့ ဦးဆောင်လုပ်ဆောင်ခဲ့တဲ့ အခန်းကဏ္ဍကို ရှင်းပြပေးပါ။

ဖြေ ။ ။ AI ကတော့ အခုအချိန်မှာတော့ ChatGPT နဲ့ နိုင်ငံခြားမှာကော ChatGPT စပေါ်လာတဲ့နောက်ပိုင်း အခု လူတိုင်းရဲ့ Mainstream ပါးစပ်ဖျား ရောက်လာပြီး၊ အရင်တုန်းကဆိုရင် AI ကို မသိတဲ့လူတွေတောင်မှ အခုဆိုရင် AI ကို သုံးရမယ်။ အသုံးချရမယ်ဆိုတာကို သိလာပြီ။ ဒါက တကမ္ဘာလုံး အတိုင်းအတာနဲ့။ တကမ္ဘာ အတိုင်းအတာနဲ့ ပြောရမယ်ဆိုရင်တောင်မှ ၂၀၂၁-၂၂ အဲဒီလောက်ကမှစပြီး လူတွေအားလုံးထံ ရောက်လာခဲ့တာ။ မြန်မာပြည်မှာကြတော့လည်း အတူတူပါပဲ။ ဒါပေမဲ့ အခုထက်ထိတောင်မှ မြန်မာပြည်မှာတော့ လူနည်းစုလောက်ပဲ ဖြစ်နေသေးတယ်။ ဒါပေမဲ့ ကျနော်တို့ စခဲ့တုန်းက ၂၀၁၆-၁၇ အဲဒီအချိန်မှာတုန်းက AI ဆိုတာက ကမ္ဘာမှာ - အမေရိကန် ဘာတို့လို နိုင်ငံတွေမှာတောင် အစပျိုစ အချိန်လေးပဲ ရှိနေသေးတယ်။ ကျနော်တို့ စလုပ်ချိန်မှာတုန်းကလည်း သူတို့နဲ့အပြိုင် - အပြိုင်ဆိုတာက သူတို့ဆီကတော့ လေ့လာရတာပေါ့။ Totally အသစ်တော့ မဟုတ်ပါဘူး။ သူတို့ဆီက လေ့လာပြီးတော့ စခဲ့တယ်။ ဘာတွေရှိခဲ့လဲဆိုတော့ မြန်မာစာနဲ့ စခဲ့တယ်။ နိုင်ငံခြားမှာဆို မြန်မာစာကို ဘယ်သူမှ ဂရုမစိုက်ကြဘူး။ အဲဒါကြောင့် မြန်မာစာနဲ့ ပတ်သက်ပြီး၊ စပြီးတော့ လုပ်ခဲ့တယ်။ လုပ်ရတဲ့အခါမှာတော့ အများကြီးပေါ့။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာစာက ဟိုအရင်ကတည်းက Low resource language လို့ ခေါ်တယ်။ Online မှာ ရှာရတာခက်တယ်။ ဥပမာ AI ကို သင်ပေးမယ်ဆိုရင် AI ကို ဆောင်းပါးတွေ၊ သတင်းတွေ၊ စကားပြောတွေနဲ့ သင်ပေးမယ်ဆိုရင် အဲဒီလို သင်ပေးဖို့အတွက် Data ကို စုရတာ။ Resource တွေ ရှာရတာ ခက်ခဲတယ်။ အဲဒီအတွက်ကြောင့် အဲဒါတွေကစပြီး လုပ်ရတယ်။

ဘာဖြစ်လို့လဲဆိုတော့ မြန်မာတွေက များသောအားဖြင့် ကျနော်တို့ကိုယ်တိုင် စာရေးရင် ဘယ်မှာရေးလဲဆိုတော့ Facebook မှာပဲ ရေးကြတယ်။ သတင်းတွေတာင်ဖတ်ရင် Facebook ပေါ်မှာပဲ ဖတ်တယ်။ Facebook ဆိုတဲ့ Platform က အဓိက Close အပိတ်ဖြစ်တဲ့အတွက်ကြောင့် အဲဒီပေါ်က Data တွေကို ပြန်ဆွဲချရတယ်။ ယူရတယ်။ ပြန်ပြီးတော့ လုပ်ရတယ်။ အဲဒီလိုမျိုး တဆင့်ချင်းဆီ တည်ဆောက်လာရတယ်။ အခုအချိန်မှာတော့ လောလောဆယ် ကျနော်တို့ ကုမ္ပဏီအောက်မှာ Product အနေနဲ့ ၃ ခု လုပ်ထားတယ်။ ပထမတခုကတော့ Expa AI ဆိုပြီး - အဲဒါကတော့ Conversation AI လို့ခေါ်တဲ့ ChatBot တွေ စီးပွားရေး လုပ်ငန်းတွေရဲ့ Customer Service မှာ AI သုံးပြီးတော့ အမေး-အဖြေ အလိုအလျောက် လုပ်တဲ့ဟာ။ နောက်တခုကတော့ Pone Yate.AI ပုံရိပ်လို့ခေါ်တဲ့ AI နည်းပညာနဲ့ ရုပ်ပုံပြောင်းတဲ့ဟာ။ ကိုယ့် လူပုံကနေ ဘာဘီရုပ်တို့ ဘာတို့ကို ပြောင်းတဲ့ဟာကိုလည်း လုပ်ထားတယ်။​ နောက်တခုကတော့နောက်ဆုံးမှာတော့ Translation ဘာသာပြန် အင်္ဂလိပ်-မြန်မာ၊ ထိုင်းကနေ မြန်မာစာပြောင်းတဲ့ဟာလည်း လုပ်ထားတယ်။ အဲဒီမှာတော့ အခုနောက်ပိုင်းမှလုပ်တဲ့ အသစ်။ ဟိုးအရင်တုန်းကလည်း လုပ်ခဲ့တာ ရှိတယ်။ ဒါပေမဲ့ ၂၀၂၁ မတိုင်ခင်က ပိုပြီးတော့ များများလုပ်နိုင်ခဲ့တယ်။ ၂၀၂၁ နောက်ပိုင်းမှတော့ အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ စီးပွားရေးအခြေနေနဲ့ စျေးကွက်အခြေနေအရ ရပ်လိုက်ရတဲ့ AI projects တွေ ရှိခဲ့တယ်။

မေး ။ ။ အဲဒီမှာ AI ဉာဏ်ရည်တူ နည်းပညာလို့ ပြောလိုက်လို့ရှိရင် ဘယ်လိုလွယ်လွယ် နားလည်လို့ ရမလဲရှင့်။

ဖြေ ။ ။ AI လို့ပြောရင် အဓိကတော့ နည်းပညာ စကားလုံးနဲ့ နည်းနည်းရှင်းပြရရင်တော့ AI သည် အခုအချိန်မှာတော့ လူတိုင်းက သူ့ကို မှော်လိုပဲ ခိုင်းတာ အကုန်လုပ်ပေးတယ်လို့ ထင်ကြတဲ့တဖွဲ့လည်း ရှိတယ်။ တဘက်မှာကြတော့လည်း AI ဆိုတာက ထည့်ထားတာပဲ​ သိတာပါ။ ဒါမေးတာဖြေတလောက်ပဲ သိတာပါ။ တခြား ဖောက်ထွင်ပြီတော့ လုပ်လို့မရသေးပါဘူးဆိုတဲ့ တဖွဲ့ကလည်း ရှိပါတယ်။ လူတွေတော့ အမျိုးမျိုး အယူအဆတွေ ရှိကြတယ်။ တကယ်ကတော့ AI က ကြားထဲမှာ - အခုအချိန်မှာတော့ အကုန်လုပ်ပေးနိုင်သလားဆိုတော့လည်း မဟုတ်ဘူး။ ဒါပေမဲ့ သူ မလုပ်နိုင်တာတွေကို ထောက်ပြရုံမဟုတ်ဘဲနဲ့ သူဆင်ထားရုံ မဟုတ်ဘဲနဲ့ တကယ် သူ့ဆီမှာ Creativity ဘာညာ တီထွင်ဖန်တီးနိုင်စွမ်းလည်း နည်းနည်းစပြီးတော့ ရနေပြီဆိုတဲ့ အခြေအနေရှိတယ်။ အဲဒီတော့ AI ဆိုပြီးပြောရင် အခုအခြေအနေနဲ့ပြောရင် စဉ်းစားဉာဏ်စွမ်းလို့ ပြောလို့ရမယ်တူတယ်။ အဲဒီတော့ ထားပါတော့ ၅ နှစ် ၁၀ နှစ်သားလောက် လူအနေနဲ့ ပြောမယ်ဆိုရင် သင်ပေးထားတယ်။ ဒါပေမဲ့ ၅ နှစ် ၁၀ နှစ်သားဆိုတာ သူ ပြန်ပြီတော့ လုပ်ဆောင်နိုင်စွမ်းကို ပြောတာ။ အဲဒီတော့ သူကို ပုံလေးပြတယ် - ဒါက ကြောင်ပုံ၊ ခွေးပုံ - ၂၀၁၆ လောက်က စပြီးသင်ခဲ့တာဆိုရင် Classification ခွဲခြားတဲ့ဟာ - ကြောင်ပုံပြတယ်၊ ဒါကို မှတ်ထား။ ခွေးပုံပြတယ်၊မော်တော်ကားပုံ မှတ်ထားဆိုတဲ့အဆင့်။ အဲဒီအဆင့်ကနေ စခဲ့ရတာ အကုန်လုံး။ တကမ္ဘာလုံးက။ အဲဒီလို AI က စပြီးတော့ သင်ပေးခဲ့တာ။ အဲဒီကနေမှ သူကို သူ လုံး၀မမြင်ဘူးတဲ့ ကြောင်ပုံ ပြတယ်။ ပြတဲ့အခါမှာ ဒါဘာပုံလဲလို့မေးတယ်။ အဲဒီအခါ သူက ကြောင်ပုံလို့ ပြန်ဖြေတယ်။ အဲဒီကနေ တဖြည်းဖြည်းနဲ့ ၂၀၂၁ - ၂၀၂၂ မှာ ဘာလဲဆိုတော့ ပုံတပုံ ပြတယ်။ ပြပြီးတော့ ဒီပုံထဲမှာပါတဲ့ဟာတွေကို ပြောပြပါ။ အရင်တုန်းတော့ ကြောင်လား၊ ခွေလားပဲ မေးတယ်။ အခုတော့ ဒီပုံထဲမှာပါတဲ့ဟာတွေကို ပြောပြပါ။ အဲဒီမှာ သူက ဘာစပြီးပြောပြလာနိုင်လဲဆိုတော့ ဒီပုံကတော့ ကောင်မလေးတယောက်က ရေကန်ကမ်းခြေမှာ ထိုင်နေတယ်။ နောက်ခံမှာတော့ သစ်ပင်လေးတွေ ဝေဝေဆာဆာ ရှိတယ်။ ဘာညာဆိုတာကို အဓိပ္ပါယ် ဖွင့်ဆိုနိုင်စွမ်း ရှိလာတယ်။ AI က စပြီးတော့ မြင်လာပြီမို့ သတ်မှတ်ကြတယ်။ အဲဒီကနေ ပြောင်ပြန်ပြန်ပြီး အခုဆိုရင် Generated AI ဆိုပြီးတော့ အစောပိုင်းက ပုံပြပြီးတော့ စာထုတ်ခိုင်းတာ။ အခုကတော့ စာနဲ့ လူတိုင်းသုံနေကြ Copilot, Google, Microsoft က ထုတ်တာတွေကို ငါကို ကောင်လေးပုံ ထုတ်ပေးပါဆိုပြီး ပြောလိုက်ကြတယ်။ အခုကြတော့ အဲဒီလိုမျိုး ခိုင်းတဲ့အဆင့်ကို ရောက်လာပြီ။ ရောက်လာပြီးနောက်မှာ ဘာတွေ ပိုထူးခြားလာလဲဆိုရင် AI သည် သူ လုံး၀ မမြင်ဘူးတဲ့ဟာတွေ။ သူ့ကို လုံး၀မသင်ထားတဲ့ဟာတွေ၊ အပြင်မှာ လုံး၀ မရှိသေးတဲ့ဟာတွေကိုပါ သူက လုပ်လာနိုင်တယ်။ Creative ဖြစ်လာတယ်လို့ ပြောလို့ရတယ်။

ဥပမာ - ကျနော်တို့က Donald Trump ပုံကို Animated character ဂျပန်က Animated artist တယောက်ယောက်ရဲ့ ပုံဆွဲတဲ့စတိုင်နဲ့ ဆွဲချင်တယ်ဆိုရင်လဲ ရတယ်ဆိုတဲ့ဟာမျိုးတွေ ဖြစ်လာတယ်။ အဲဒီကနေ စာထုတ်တဲ့ဟာဆိုရင်လည်း သူက သင်ပေးခဲ့တာက အရင်တုန်းကဆိုရင် ဒါကတော့ စီးပွားရေးသတင်း မှတ်ထား။ ဒါကတော့ နိုင်ငံရေးသတင်း မှတ်ထားဆိုပြီး ပြောခဲ့ရကနေ အခုဆိုရင် ငါ့ကို စီးပွားရေးသတင်းနဲ့ဆိုင်တဲ့အကြောင်း။ ဥပမာ - မြန်မာပြည်မှာ AI ကိုသုံးတဲ့ လူတွေ ဘယ်လိုရှိတယ်ဆိုတာကို ဖွဲ့နွဲ့ပြီတော့ သတင်းတပုဒ်ရေပေးပါဆိုရင် ရေးနိုင်တဲ့အဆင့်ကို ရောက်လာပြီ။ တကယ်ဆိုရင် အဲဒီမျိုး Article က မရှိသေးဘူး။

မေး ။ ။ အဲဒီနေရာမှာ မြန်မာနိုင်ငံလို အခုဆိုရင် ပဋိပက္ခတွေ အရမ်းကိုကြီးထွားနေတယ်ဆိုတော့ နောက်တခါ လူမျိုးရေး၊ ဘာသာရေး မုန်းတီးမှတွေမှာလည်း ဒီလို နည်းပညာတွေကို အသုံးချပြီတော့ ဖန်တီးခဲ့တာတွေလည်း ရှိတယ်။နောက် အခုဆိုရင် သတင်းတွေနဲ့ ပတ်သက်လို့လည်း Misinformation, Disinformation တို့ သတင်းတု၊ သတင်းမှားတွေဆိုပြီး အပြန်အလှန် စွပ်စွဲတာတွေ။ သတင်းလိမ်တွေ ဖြန့်နေတာတွေနဲ့ ပတ်သက်လို့ AI လို ဉာဏ်ရည်တု နည်းပညာကနေ နည်းပညာကြောင့် ဒါတွေ ပိုပြီးတော့ ပြန့်သွားတာမျိုး ရှိသလို။ ဒါမှမဟုတ် ဉာဏ်ရည်တု နည်းပညာက
ဘယ်လို ကာကွယ်တားဆီးနိုင်သလဲရှင့်။

မေး ။ ။ အဲဒီမှာတော့ နှစ်ပိုင်းပေါ့ - ပထမအပိုင်းကတော့ AI ကြောင့် ပိုဆိုးလာနိုင်ချေ ရှိတာတွေနဲ့ ဒုတိယပိုင်းကတော့ ကာကွယ်တာ။ AI ကို သုံးပြီးတော့ပဲ အဲဒါတွေကို ဘယ်လို ကာကွယ်မလဲ။ AI ကြောင့် ပိုဆိုးလာနိုင်ချေ ရှိလာနိုင်တာတွေကတော့ မြန်မာလို အဘက်ဘက်က ဆုတ်ယုတ်နေတဲ့အချိန်မှာတော့ ပိုဆိုးတာတွေက ဘာတွေလဲဆိုတော့ အခုဆိုရင် ကျားဖျန့်လုပ်ငန်းတွေလိုမျိုး။ အကောင့်တုတွေနဲ့။ အခု ဘာသာစကားက ဘာလဲဆိုတော့ ကျနော်တို့ လုပ်နေတဲ့ ဘာသာပြန်တဲ့ဟာမျိုးတွေကို တရုတ်ဘက်မှာက Close source သူတို့ကိုယ်ပိုင် Google translate ကို သုံးကြတာ ရှိသလို။ တချို့ကြတော့ ကိုယ်ပိုင် ဘာသာပြန်တဲ့ Software တွေကို သုံးကြတယ်။ သုံးပြီးတော့ ဘာတွေလုပ်လဲဆိုတော့ အကောင့်တုတွေ အများကြီးနဲ့ - စျေးရောင်းတဲ့ ပို့စ်တွေ - Facebook မှာဆိုရင် ဒီဟာကတော့ အရမ်းတန်နေပြီ။ လူကြိတ်ကြိတ်တိုး ဝယ်ခဲ့ရတယ်။ Myanmar Plaza မှာ လူတွေတန်းစီးပြီး စောင့်ဝယ်ခဲ့ရတယ်။ သူ့အောက်မှာလည်း Comment တွေ အများကြီးပဲ။ ဒါပေမဲ့ အဲဒါတွေ အကုန်လုံးသည် ပို့စ်နဲ့ အကောင့်တွေက အတုတွေ ဖြစ်တယ်။ ပြီးတော့ သူတို့ပြောနေတဲ့ဟာတွေကလည်း စက်ရုပ်တွေကနေ အလိုအလျောက်လာပြီးတော့ လူတွေ ယုံကြည်အောင် ပြောနေကြတဲ့ဟာတွေ။ ဒါက စျေးရောင်းတဲ့အပိုင်း။ အဲဒီလိုမျိုးပဲ တခြား သတင်းမှားတွေဖြန့်တယ်။ နောက်တခုက သူတို့မှာ Incentive က ဘာလဲဆိုတော့ Facebook ကလည်း ပေါက်သွားတဲ့ သတင်းတွေအတွက်ကို ပိုက်ဆံလည်း ပေးနေတော့ သူတို့တွေက သတင်းမှားတွေနဲ့ မပေါက်ပေါက်အောင် ခေါင်းစဉ်ကို လူတွေ စိတ်ဝင်စားလာအောင် ရေးကြပြီးတော့ လုပ်ကြတယ်။ အဲဒါမျိုးတွေကတော့ အများကြီးရှိတယ်။ နည်းပညာပိုင်းက ကာကွယ်တဲ့အပိုင်းမှာတော့ ကျနော်တို့ စလုပ်တဲ့အချိန် ၂၀၁၆-၁၇ မှာတော့ သာမရိုးကျ Machine Learning AI နည်းပညာကတော့ သတင်းတပုဒ်ကို အစောပိုင်းက ရှင်းပြသလိုပဲ သတင်းတပုဒ်ကို ပြလိုက်တယ်။ ဒါက စီးပွားရေးသတင်း၊ လူမှုရေးသတင်းကို ပြလိုက်တယ်။ ဒါကတော့ Fake News, ဒါကတော့ Hate speech -- ဒါကတော့ လုံးဝမကောင်းပြောနေတာ၊ ဒါကတော့ ဆဲနေတာ ဘာညာ ကျနော်တို့က AI ကို သင်ပေးလိုက်တယ်။ ဒါပေမဲ့ သင်ပေးပြီးတဲ့အခါမှာ အားနည်းချက်တွေ ရှိတယ်။ အားနည်းချက်တွေက ဘာလဲဆိုတော့ မြန်မာတွေကလည်း အရမ်း Creative ဖြစ်တယ်။ AI က မှားပြီးတော့ - တကယ်တမ်း ရေးတာတော့ အမှန်ပဲ။ ဒါပေမဲ့ AI က မှားပြီးတော့ ဒါကတော့ Bully လုပ်နေတာပဲ၊ ဒါကတော့ အမှားတွေ ပြောနေတာပဲဆိုပြီး။ မှားပြီးတော့ သတ်မှတ်လိုက်တာ ရှိတယ်။ အဲဒါမျိုးတွေက အခုနောက်ပိုင်းတော့ တဖြည်းဖြည်းနဲ့တော့ ကောင်းလာတော့မယ်။ ChatGPT လိုမျိုး နည်းပညာလို AI နည်းပညာ အသစ်တွေကတော့ အဲဒါမျိုးအမှားကို တော်တော်လေးနည်းအောင်လို့ လုပ်လာနိုင်တယ်။ လုပ်လာနိုင်တော့ ရှေ့မှာတော့ ပိုကောင်းဖို့ရှိတယ်။ အခုအချိန်အထိတော့ နည်းနည်းလေး Rule based နဲ့ Traditional သမာရိုးကျ အရင်ခေတ်က နည်းပညာဟောင်းတွေနဲ့ လုပ်တဲ့အခါမှာတော့ အခုထက်ထိ အမှားတွေ ရှိတယ်။ Facebook ကိုယ်တိုင်မှာလည်း မြန်မာပြည်အတွက် သီးသန့်အဖွဲ့ထားပေးထားပြီတော့ Hate speech တွေကို တားမြစ်တယ်ဆိုပေမဲ့ တကယ်ကတော့ သူတို့ဆီမှာလည်း လူသတ်ချင်တယ်၊ သတ်ချင်တယ်လို ရေးတယ်။ တခြား ကိုယ်သူငယ်ချင်းအချင်းချင်း စရေးတယ်ဆိုရင်တောင်မှ မရသေးတာတွေ ရှိတယ်။ လူမျိုးရေး ရေးတဲအခါမှာဆိုရင်လည်း တချို့ဟာတွေဆို Facebook က Bias ဖြစ်တယ်။ Facebook AI က ဆဲလိုက်တယ်လို့ ထင်တယ်။ ဒါလူမျိုးတမျိုးကို ဆဲလိုက်တယ်လို့ ထင်တယ်။ ဆဲနေတာကြီးကို တွေ့နေသာနဲ့ မဟုတ်ဘူး၊ မှန်တယ်ဆိုပြီး သူ့ AI က ဆုံးဖြတ်တာတွေလည်း အခုအချိန်အထိ ရှိနေသေးတယ်။ ဒါပေမဲ့ နောက်ပိုင်းတော့ ကာကွယ်တဲ့အပိုင်းမှာတော့ အခု နည်းပညာတွေက တဖြည်းဖြည်းနဲ့ တိုးတက်လာတော့ ဆက်ပြီးတော့ ပိုကောင်းလာပေါ့ ရှိတယ်။ အခုအချိန်မှာတော့ ၁၀၀% တော့ Cover တော့ မဖြစ်သေးဘူး။

မေး ။ ။ မြန်မာနိုင်ငံမှာ လူမှုအသိုင်းအဝိုင်းရဲ့ လိုအပ်ချက်တွေကို ဖြေရှင်းဖို့၊ နောက်ပြီးတော့ အပြုသဘောဆောင်တဲ့ အကျိုးသက်ရောက်မှုတွေကို ဖန်တီးနိုင်ဖို့။ AI နည်းပညာကို ကိုစွမ်းထက်အောင်တို့ ကုမ္ပဏီတွေက အသုံးပြုခဲ့တဲ့ တကယ့်ထူးခြားတဲ့ Project တွေ အစီအစဉ်တွေ၊ အစပြုခဲ့တဲ့ ဆောင်ရွက်မှုတွေကို ရှင်းပြလို့ရမလား။

ဖြေ ။ ။ ကျနော်တို့ ပထမဦးဆုံး လုပ်ခဲ့တာကတော့ ၂၀၁၇-၁၈ လောက်မှာ လုပ်ခဲ့တဲ့ Expa AI ဆိုတဲ့ Chat Bot လုပ်တဲ့ Platform - အဲဒါကတော့ စီးပွားရေး လုပ်ငန်းတွေကို အခုနရှင်းပြသလိုပဲ သူတို့ရဲ့ Customers တွေကို အလိုအလျောက် ဖြေကြားပေးတာတွေ လုပ်ပေးတာ။ မေးခွန်းတွေကို ဖြေကြားပေးတာ။ အဲဒါမျိုးကတော့ စီးပွားရေးလုပ်ငန်းပေါင်း ၂၀၁၉ မှာ အပြင်ကို အခမဲ့ ဖွင့်ပေးလိုက်တယ်။ အဲဒီအခါမှာ စီးပွားရေးလုပ်ငန်းအသေးလေးတွေ၊ အလတ်စား တစ်ထောင်လောက် ကူညီပေးနိုင်ခဲ့တယ်။ နောက်တခုကတော့ အခုလုပ်နေတာ ထွက်လာရင်တော့ သုတေသနပညာရှင်တွေ၊ နောက်ထွက်လာမယ့် လူတွေအားလုံးအတွက်ကို အများကြီးအထောက်အကူပြုပြီးတော့ မြန်မာစာနဲ့ ပတ်သက်ပြီး AI ခေတ်မှာ အများကြီးအကျိုးပြုနိုင်မယ်လို့ ထင်ပါတယ်။

Forum

XS
SM
MD
LG