သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမတ်လောင်း တချို့ အပယ်ခံရမှု ကန် စိုးရိမ်

Astronaut Randy Bresnik took this photo of Tropical Storm Harvey from the International Space Station, Aug. 28, 2017.
Astronaut Randy Bresnik took this photo of Tropical Storm Harvey from the International Space Station, Aug. 28, 2017.

မြန်မာနိုင်ငံမှာ မကြာခင် ကျင်းပမယ့် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းတွေထဲက ၁၀၀ လောက်ကို သတ်မှတ်ချက်နဲ့ မညီဘူးဆိုပြီး ပယ်ချခဲ့သလို၊ ဒီအထဲက ထက်ဝက်ကျော်ဟာလည်း နိုင်ငံသား ဖြစ်မှု - မဖြစ်မှု ကိစ္စအပေါ် အခြေခံနေတာကို တွေ့ရတဲ့အတွက် အမေရိကန်က စိုးရိမ်ကြောင်း ပြောကြားလိုက်ပါတယ်။

လက်ရှိလွှတ်တော်ကိုယ်စားလှယ်တချို့ အပါအဝင် မူဆလင် ကိုယ်စားလှယ်လောင်း အားလုံးနီးပါး ပယ်ချခံရတယ်ဆိုတဲ့ သိရပေမဲ့ ဘာအကြောင်းနဲ့ အခုလို ပယ်ချခဲ့တယ် ဆိုတာကို သက်ဆိုင်ရာ အာဏာပိုင်တွေဘက်က တိတိကျကျ ရှင်းပြတာမျိုး မတွေ့ရဘူးလို့လည်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြာသပတေးနေ့မှာ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မြန်မာလူထုနဲ့ တိုင်းပြည်အနာဂတ်အတွက် အရေးကြီးတဲ့ ရွေးကောက်ပွဲဖြစ်ပေမဲ့ အခြေခံဥပဒေက လွှတ်တော်နေရာ ၂၅ ရာခိုင်နှုန်းကို စစ်တပ်ကို ပေးထားတာ၊ ယာယီနိုင်ငံသား သက်သေခံလက်မှတ် Whitecard ကိုင်ဆောင်သူတွေ မဲပေးခွင့် မရတော့တဲ့ အခြေအနေတွေကို စိုးရိမ်တယ်လို့လည်း ပြောပါတယ်။ ကိုယ်စားလှယ်လောင်း ၁၀၀ လောက်ကို ပယ်ချခဲ့တဲ့ လုပ်ရပ်ဟာ မြန်မာလူထု နဲ့ နိုင်ငံတကာ အသိုင်းအဝိုင်း အတွက် ရွေးကောက်ပွဲအပေါ် ယုံကြည်မှုတွေ လျော့ပါးစေနိုင်တယ်လို့လည်း သတိပေးထားတာပါ။

ဒီလိုစိုးရိမ်စရာ အခြေအနေတွေကို မြန်မာအစိုးရက ကြိုးပမ်းဖြေရှင်းသွားဖို့နဲ့ ရွေးကောက်ပွဲကနေ တိုင်းပြည်ကို ရှေ့ဆက်တိုးတက်အောင် ဆောင်ရွက်ဖို့လည်း တိုက်တွန်းတဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ကြေညာချက်က ဖော်ပြထားပါတယ်။

This item is part of
XS
SM
MD
LG