သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကို႐ိုနားပိုးရွိမရွိ ဘယ္လိုဓာတ္ခြဲ အေျဖရွာ


UTMB တက္ဆက္စ္ ေဆးတကၠသိုလ္ Galveston မွာရွိတဲ့ အဏုဇီဝေဗဒ ဓါတ္ခြဲခန္းက ေဒါက္တာျဖဴျမတ္ေသြးကို အြန္လိုင္းကေန ေမးျမန္းထား
ကို႐ိုနားပိုးရွိမရွိ ဘယ္လိုဓာတ္ခြဲ အေျဖရွာ
please wait

No media source currently available

0:00 0:12:35 0:00
တိုက္႐ိုက္ လင့္ခ္

ဒီတပတ္ ျမန္မာ့အေရး ေဆြးေႏြးခန္း အစီအစဥ္မွာ လက္ရွိတကမာၻလုံး ရင္ဆိုင္ေနရတဲ့ Covid 19 ေရာဂါပိုး အကူးစက္ခံရမႈ ရွိမရွိ ဘယ္လို စမ္းသပ္စစ္ေဆးမႈေတြ လုပ္ရတယ္ ဆိုတာနဲ႔ ပတ္သက္ၿပီး ေဆြးေႏြးထားပါတယ္။ အေမရိကန္ႏိုင္ငံ UTMB တက္ဆက္စ္ ေဆးတကၠသိုလ္ Galveston မွာရွိတဲ့ အဏုဇီဝေဗဒ ဓါတ္ခြဲခန္းက ေဒါက္တာျဖဴျမတ္ေသြးကို အြန္လိုင္းကေန ေမးျမန္းထားတဲ့ ပထမပိုင္းမွာ ေရာဂါပိုးကူးစက္မႈရွိမရွိ တိုက္႐ိုက္စမ္းသပ္တဲ့နည္းကို သိရပါမယ္။

ေမး ။ ။ ေဒါက္တာျဖဴျမတ္ေသြး အခု ဘယ္မွာအလုပ္လုပ္ေနပါလဲ။

ေျဖ ။ ။ အခုကေတာ့ Galveston ၿမိဳ ႔မွာရိွတဲ့ University of Texas Medical Branch ေဆးတကၠသိုလ္မွာ Clinical fellowship လုပ္ေနတာပါ။

ေမး ။ ။ ဒီမွာ COVID-19 လူနာေတြကို စမ္းသပ္မႈေတြ (testing) လုပ္ေနရတယ္လို႔ ၾကားသိရပါတယ္။ ဆိုေတာ့ အဲဒီလိုလုပ္ေနတာ ဘယ္ေလာက္ၾကာပါၿပီလဲ။ လူနာေတြကို စတင္စမ္းသပ္ေနတာေတြ။

ေျဖ ။ ။ အခုဆိုရင္ တစ္လေလာက္ ရိွပါၿပီ။

ေမး ။ ။ တစ္လေလာက္အတြင္းမွာ လူနာေပါင္း ဘယ္ေလာက္ေလာက္ကို စမ္းသပ္ၿပီးပါၿပီလဲ။

ေျဖ ။ ။ တစ္လအတြင္းမွာ (၁၃) ရက္ကေန စတင္ Live စမ္းသပ္ခ်ိန္ကေန ဒီေန႔အထိက UMTB သမီးတို႔ တကၠသိုလ္ေဆးရံုမွာ စုစုေပါင္း (၄) ခုလံုးအပါအဝင္ လူနာေပါင္း (၂၀၀၀) ေက်ာ္ စမ္းသပ္ၿပီးသြားၿပီ။ Out-patients and In-patients အားလံုးပါပါတယ္။

ေမး ။ ။ လူနာ (၂၀၀၀) ေက်ာ္ စမ္းသပ္တဲ့အခါမွာ ဘယ္ေလာက္မွာ Positive (ေရာဂါရိွသူ) Negative (ေရာဂါမရိွသူ) ေတြ႔ပါသလဲ။

ေျဖ ။ ။ (၂၀၀၀) ေက်ာ္မွာ ဒီေန႔အထိက (၇) ရာခိုင္ႏႈန္း ေရာဂါရိွတယ္။

ေမး ။ ။ ပထမဦးဆံုး လူနာေတြနဲ႔ ေတြ႔တဲ့အခါမွာ ကိုယ့္အတြက္ ကိုယ့္ကိုယ္မကူးႏုိင္ေအာင္ ဘယ္လိုအကာအကြယ္ေတြလုပ္လဲ။ ေျပာျပေပးပါ။

ေျဖ ။ ။ သမီးတို႔က Laboratory စမ္းသပ္ဓါတ္ခြဲခန္းပိုင္းကျဖစ္ေတာ့ လူနာနဲ႔ တုိက္ရိုက္မေတြ႔ဘူး။ ဒါေပမဲ့ လူနာရဲ ႔ ဓာတ္ခြဲစစ္ေဆးရန္နမူနာ (sample specimen) နဲ႔ ထိေတြ႔ရတယ္။ ေျပာရမယ္ဆိုရင္ Frontline မွာ specimen နဲ႔ ေတြ႔တယ္။ COVID-19 ဗိုင္းရပ္စ္ ပါႏုိင္တဲ့ specimen ေတြကို ထိေတြ႔ရတယ္။ ဆိုေတာ့ Laboratory Guideline လိုက္နာရမယ့္ ဓါတ္ခြဲခန္းလမ္းညႊန္အတိုင္း လုပ္ကိုင္ၾကတယ္။ ဓါတ္ခြဲခန္းမွာဆိုရင္ Standard Protocols လုပ္ရမယ့္နည္းလမ္းအတိုင္း လက္အိတ္ဝတ္ရတယ္။ ေနာက္ Biosafety Cabinet ေတြဆိုတာရိွတယ္။ အဲဒါေတြက Biosafety Level (2) Laboratory ဓါတ္ခြဲခန္းအဆင့္ႏွစ္မွာ ထားရိွတဲ့ Biosafety Cabinet ထဲမွာ နမူနာေတြကို စမ္းသပ္ရတယ္။ ကိုင္တြယ္ရတယ္။ ၾကည့္ရႈရတယ္။

ေမး ။ ။ Testing စမ္းသပ္မႈလုပ္တဲ့ နည္းေတြ ဘယ္ႏွစ္ခုေလာက္ရိွလဲ။ အရင္ေျပာျပေပးပါ။

ေျဖ ။ ။ နည္းလမ္းကေတာ့ တစ္ခုပဲ ရိွပါတယ္။ တစ္ခုက ဗိုင္းရပ္စ္ရဲ ႔ သက္ရွိကလာပ္စည္းအက္စစ္ (virus nucleic acid) ကို မ်ိဳး႐ိုးဗီဇႏွင့္ဆိုင္ရာ (genetic material) ကို သုံးၿပီးေတာ့ စမ္းသပ္ရတဲ့နည္း။ ဒီတနည္းပဲရိွတယ္။ ဒါေပမဲ့ ဒီနည္းကိုသံုးၿပီးေတာ့ ဓါတ္ခြဲခန္းေတြက ကိုယ္ကိုယ္တိုင္ စမ္းသပ္ထုတ္ေဖာ္ၾကတယ္။ အဓိကေတာ့ ဒီနည္းကိုပဲ သံုးၿပီးေတာ့ - နည္းကေတာ့ တနည္းပဲ - ဒါေပမဲ့ ပံုစံ (form) က အမ်ဳိးမ်ဳိးရိွတယ္။ နည္းကိုသံုးရတဲ့ပံုစံေတြကေတာ့ အမ်ဳိးမ်ဳိးရိွပါတယ္။

ေမး ။ ။ အခုေလာေလာဆယ္ ဒီလိုမ်ဳိး တကယ့္ COVID-19 ျဖစ္ေစတဲ့ ေရာဂါပိုး ရိွမရိွဘဲ၊ တိုက္ရိုက္စမ္းေနတာေပါ့။

ေျဖ ။ ။ ပထမဦးဆံုး စမ္းသပ္တာကေတာ့ တစ္လလံုးလံုးနီးပါးက symptomatic ေရာဂါလကၡဏာရိွတဲ့ လူနာေတြကိုပဲ စမ္းခဲ့ၾကတယ္။ ေဆးရံုတင္ထားတဲ့ လူနာပဲျဖစ္ျဖစ္၊ ဒါမွမဟုတ္ Out-patient ျပင္ပလူနာ ေဆးခန္းေတြကိုလာၾကတဲ့ လူနာေတြျဖစ္ျဖစ္၊ အေရးေပၚ (Emergency Room) ကို ေရာက္လာတဲ့ လူနာေတြျဖစ္ျဖစ္ ေရာဂါလကၡဏာရိွတဲ့ လူနာေတြဆိုရင္ - သမီးတို႔ ၿပီးခဲ့တဲ့ ၾကာသပေတး၊ ေသာၾကာေန႔ကမွ စၿပီးေတာ့ တကၠဆက္ျပည္နယ္မွာ - ေနရာတိုင္းေတာ့ မဟုတ္ေသးဘူး၊ ၿမိဳ ႔တခ်ဳိ ႔နဲ႔ ဒီၿမိဳ ႔အပါအဝင္ ေရာဂါလကၡဏာရိွတဲ့ လူနာနဲ႔ မရိွတဲ့လူေတြကို စမ္းသပ္ဖို႔ ဖြင့္ေပးလိုက္ၿပီ။

ေမး ။ ။ အဲဒါက ဘယ္လိုနမူနာေတြ ယူသလဲ။ တံေတြးနမူနာတို႔ ။ နမူနာ ဘယ္ႏွစ္မ်ဳိးယူလဲ။ ဘယ္ေနရာေတြကယူလဲ။ ေျပာျပေပးပါ။

ေျဖ ။ ။ နမူနာေတြကေတာ့ nasopharyngeal ေခၚတဲ့ ႏွာေခါင္းကေန အတြင္းပိုင္းအထိ ဝါဂြမ္းတံ (swab) နဲ႔ (၃) ႀကိမ္ထိုးရတယ္။ အဲဒါက အဓိကယူရတယ္။ အဲဒါကိုပဲ FDA ကေန အတည္ျပဳေထာက္ခံထားတဲ့ ခြင့္ျပဳထားတဲ့ နမူနာ။ ဒါေပမဲ့ တခ်ဳိ ႔ၾကေတာ့ အာေခါင္းကေနၿပီးေတာ့လည္း ယူၾကတယ္။ ဒါကိုလဲ FDA ကေန ခၽြင္းခ်က္အေနနဲ႔ ေပးထားတယ္။ အဲဒီႏွစ္ခု အဓိကက ဒီဟာက အဆုပ္လမ္းေၾကာင္းရဲ ႔ အေပၚပိုင္းလကၡဏာ နမူနာကိုပဲ ယူလို႔ရတယ္။ ေအာက္ပိုင္းအတြက္ကိုေတာ့ FDA နဲ႔ CDC တို႔က ခြင့္မျပဳထားေသးဘူး။ ဆုိေတာ့ အဲဒီအတြက္က Data အခ်က္အလက္ေတြလည္း မရိွေသးဘူး။ ဒါေပမဲ့ တခ်ဳိ ႔ေတြ autopsy လူေသကို ခြဲၿပီးေတာ့ စစ္ၾကတာေတြမွာ Data အနည္းအမ်ား ရိွၾကေပမယ့္ ဓါတ္ခြဲခန္းေတြမွာေတာ့ စမ္းသပ္ဖို႔အတြက္ကို ဥပေဒနဲ႔အညီ အသက္ရွဳလမ္းေၾကာင္း အေပၚပိုင္းကိုပဲ ယူၾကတယ္။ ႏွာေခါင္း၊ ပါးစပ္တို႔ အတြင္းပိုင္းအာေခါင္းနဲ႔ မ်ားေသာအားျဖင့္ ႏွာေခါင္းအတြင္းပိုင္းကပဲ ယူၾကတယ္။

ေမး ။ ။ ဒီနမူနာေတြကိုယူၿပီးေတာ့ စမ္းသပ္တယ္။ စမ္းသပ္တဲ့အခါမွာ ကိုယ္စမ္းသပ္တဲ့ဟာက test-kit လို႔ အမ်ားသိေနၾကတဲ့ စမ္းသပ္တဲ့ကရိယာက ဘယ္လိုဟာမ်ဳိးေတြမွာ သံုးပါလဲ။ အဲဒါေလးကို နည္းနည္းရွင္းျပေပးပါ။ ဘယ္လိုပံုစံနဲ႔ စမ္းသပ္သလဲဆိုတာကို နည္းနည္းရွင္းျပေပးပါ။

ေျဖ ။ ။ Test-kit ဆိုတာက တကယ္တမ္းၾကေတာ့ CDC ကေန ထုတ္ေပးလိုက္တာပါ။ ဗိုင္းရပ္စ္က nucleic acid ကို အဲဒီမွာအပိုင္းေတြ အမ်ဳိးမ်ဳိးရိွတယ္ - ေခါင္းပိုင္း၊ ကိုယ္ပိုင္း - အဲဒီေခါင္း၊ ကိုယ္ပိုင္းေတြကို ကိုဗစ္အတြက္ကို - ဥပမာ အန္တီအတြက္ဆိုရင္ မ်က္လံုးက ဘာအမွတ္အသားရိွလဲ။ လက္မွာ အမွတ္အသားရိွတယ္ဆိုရင္ အဲဒါနဲ႔ကိုက္တဲ့ အမွတ္အသားအတြက္ကို လံုးဝထြင္ထားတဲ့ Test-kit ကို CDC က ထုတ္ေပးတာ။ အဲဒါ Lab တိုင္းက အဲဒီ Test-kit ကို ဝယ္ခ်င္ဝယ္၊ မဝယ္လို႔ရိွရင္ ထုတ္ေပးထားတဲ့ စံနမူနာ genetic sequence ကိုလည္း ထုတ္ေပးတယ္။ အကယ္၍ Test-kit မဝယ္လို႔ရိွရင္ CDD က ထုတ္ေပးတဲ့ genetic sequence ကို ကိုယ့္ဟာကိုယ္ မွာလို႔ရတယ္။ ကုမၸဏီေတြက nucleic acid ေတြ ေရာင္းတယ္။ genetic sequence ေတြ ေရာင္းတယ္။ အဲဒီလိုလုပ္ခ်င္လုပ္။ အဲဒီလိုမ်ဳိးနဲ႔ စစ္ၾကတယ္။

ေမး ။ ။ ဆိုေတာ့ ျမန္မာႏုိင္ငံမွာ COVID-19 ေရာဂါပိုး ရိွမရိွ Test-kit ေတြ အေစာပိုင္းက မရၾကဘူး။ ေနာက္ပိုင္းေတာ့ အေမရိကန္ႏုိင္ငံက အကူအညီေပးတယ္ ေျပာတယ္။ ဆိုေတာ့ ဓါတ္ခြဲစမ္းသပ္ခန္းထဲမွာ အစပိုင္းမွာ ျမန္မာႏုိင္ငံမွာ မစမ္းသပ္ႏုိင္လို႔ ထိုင္းကိုပို႔ရတယ္။ တကယ္ က်န္းမာေရးဌာနေတြရဲ ႔ အတည္ျပဳခ်က္ရယူထားတဲ့ ဓါတ္ခြဲခန္းေတြကို သြားစစ္ရတယ္။ အခု ျမန္မာျပည္မွာ စမ္းသပ္ႏုိင္ၿပီဆိုေတာ့ ဘယ္လိုပံုစံမ်ဳိးေတြနဲ႔ စမ္းသပ္တာေတြ လုပ္ရလဲ။ နည္းနည္းရွင္းျပေပးပါ။ လူေတြက ဒီေရာဂါရိွမရိွ စမ္းသပ္ခ်င္တယ္ဆိုရင္ ဘယ္လိုပံုစံမ်ဳိးေတြနဲ႔ စမ္းသပ္တယ္။ ဘာညာဆုိတာ သိရေအာင္ နည္းနည္းရွင္းျပေပးပါ။

ေျဖ ။ ။ သမီးအျမင္နဲ႔ ေျပာရမယ္ဆိုရင္ ျမန္မာျပည္ကို ေရာက္ေနတဲ့ Test-kit က အေမရိကက ပို႔ေပးတယ္ဆိုရင္ ကိုဗစ္ဗိုင္းရပ္စ္ရဲ ႔ genetic material - nucleic acid ကို ႏွာေခါင္းနမူနာကေန ထုတ္ယူတယ္။ ထုတ္ၿပီးေတာ့မွ genetic ဗိုင္းရပ္စ္ကို ရတယ္။ ရတယ္ဆိုရင္ ေစာေစာတုန္းက ေျပာထားတဲ့ Template လို႔ေခၚတဲ့ ဗိုင္းရပ္အမွတ္အသားစာရင္းနဲ႔ နမူနာကထြက္လာတဲ့ ဗိုင္းရပ္စ္အပိုင္းေတြနဲ႔ ကိုဗစ္ဗိုင္းရပ္စ္ ဟုတ္မဟုတ္ကို စစ္ရတယ္။ ဟုတ္တယ္ဆိုရင္ အဲဒီမွာ ပူးသြားတယ္။ အဲဒီအခါ စက္ထဲမွာထည့္ၿပီးေတာ့ စက္ကတစ္ခါ ဖတ္အံုးမယ္။ တစ္နာရီ၊ ႏွစ္နာရီဖတ္ၿပီးေတာ့ ထြက္လာတဲ့အေျဖကိုၾကည့္ၿပီးေတာ့ အဲဒီမွာ ေခါင္းပိုင္းကလည္းတူတယ္၊ မ်က္လံုးပိုင္းကလည္းတူတယ္။ အမွတ္အသား ဗိုက္ပိုင္းကလည္း တူတယ္ဆိုၿပီးေတာ့ သံုးမ်ဳိး၊ ႏွစ္မ်ဳိး စက္ကဖတ္ၿပီး ထြက္လာတဲ့ဟာကို ဒါက Positive ျဖစ္သြားၿပီဆုိၿပီး သတ္မွတ္ၾကတယ္။ ဒါက ေနာက္ခံ ေယဘုယ်သေဘာ။ စမ္းသပ္တဲ့ဟာကို တဆင့္ခ်င္းတဆင့္ခ်င္းဆီကို automation အျမန္လုပ္လို႔ရတဲ့ဟာမွာလည္း သံုးတာလည္း ျဖစ္ႏုိင္တယ္။ အေမရိကန္က လွဳတယ္ဆိုေတာ့။ ဒါမွမဟုတ္ရင္ အေမရိကန္မွာလည္း ကုမၸဏီေတြက တစ္ခုၿပီးတစ္ခု FDA ခြင့္ျပဳခ်က္ေတြကို ရၾကၿပီ။ ရၾကေတာ့ အဲဒီမွာ ကုမၸဏီ (၂) ခု ရိွတယ္။ တစ္ခုက မိနစ္ (၄၀) နဲ႔ အေျဖထြက္တယ္။ ဒီနည္းကိုပဲ သံုးၾကတယ္။ ဗိုင္းရပ္စ္ပိုးထုတ္တယ္။ ၿပီးေနာက္ Template ေပၚမွာ ဗိုင္းရပ္စ္ပိုးလကၡဏာနဲ႔ ထိမထိဆိုတာကို စက္ေသးေသးေလးထဲ ထည့္လိုက္ၿပီး အဆင့္ဆင့္စစ္ေဆးၿပီးမွ အေျဖကိုထုတ္ေပးတယ္။ အဲဒါကို သံုးတာ ျဖစ္ဖို႔မ်ားတယ္။ ဒါေပမဲ့ Principle နည္းလမ္းကိုပဲ အေျခခံၿပီး လုပ္ၾကတယ္။

ေမး ။ ။ ဒီလုိမ်ဳိး စမ္းသပ္တဲ့အခါမွာ မွားယြင္းတာ ရာခိုင္ႏႈန္း ဘယ္ေလာက္ေလာက္ ရိွႏုိင္ပါလဲ။

ေျဖ ။ ။ မွားယြင္းတဲ့ ရာခိုင္ႏႈန္းဆိုတာကေတာ့ ရာခိုင္ႏႈန္းအရ ေျပာရလို႔ရိွရင္ ေတာ္ေတာ္မ်ားမ်ားက test ေတြ အကုန္လံုးက validation တရားဝင္ျဖစ္ေအာင္ FDA တို႔ ခြင့္ျပဳခ်က္ရေအာင္ လံုးဝရေအာင္ လုပ္ရတဲ့အတြက္ေၾကာင့္မို႔ တစ္ရာရာခိုင္ႏႈန္း မွန္တယ္လို႔လဲ ေျပာလို႔မရဘူးဆိုေတာ့ (၉၈) ရာခိုင္ႏႈန္းေလာက္ေတာ့ မွန္တယ္။ ႏွစ္ဆယ္၊ သံုးဆယ္ေလာက္ကို ရိွသမွ်စက္ေတြ၊ သံုးတဲ့နည္းေတြနဲ႔ စမ္းၾကည့္တယ္။ အဲဒီမွာ (၉၈) (၉၉) ရာခုိင္ႏႈန္းေလာက္က အေျဖအတူတူထြက္တယ္ဆိုေတာ့ က်န္တဲ့ဟာကေတာ့ စက္က ဗိုင္းရပ္စ္ရဲ ႔ နမူနာက နည္းေနတယ္ဆိုရင္ - ဥပမာ လူတစ္ေယာက္က အရမ္းဖ်ားေနတဲ့လူနဲ႔ နည္းနည္းဖ်ားေနတဲ့လူနဲ႔ - နည္းနည္းဖ်ားတဲ့လူဆိုရင္ သူ႔ဆီမွာ ဗိုင္းရပ္စ္အေရအတြက္ကနည္းမယ္။ အရမ္းဖ်ားတယ္လူကေတာ့ ဗိုင္းရပ္စ္အေရအတြက္ မ်ားမယ္။ ဆိုေတာ့ ဗိုင္းရပ္စ္အေရအတြက္ နည္းေနတဲ့လူဆီကေန တိုင္းလို႔ရိွရင္ အရမ္းကို sensitive ျဖစ္တဲ့ Test နည္းက Positive ထြက္ၿပီးေတာ့၊ နည္းနည္းေလးၾကာသြားတဲ့ နည္းပညာကေတာ့ Negative လို႔ ထြက္ရင္ထြက္ႏိုင္တယ္။ ဒါကေတာ့ လူနာရဲ ႔ အေျခအေနေပၚမွာလည္း မူတည္ပါတယ္။

ေမး ။ ။ အေၾကာင္းအခ်က္ေတြက အမ်ားႀကီးေပါ့။ လူနာေပၚမွာလည္း မူတည္တယ္၊ ေကာက္ယူတဲ့ နမူနာရဲ ႔ မွန္ကန္မႈေတြ၊ တိက်မႈေတြေပၚမွာလည္း မူတည္တယ္ေပါ့။

==Unicode==

ဒီတပတ် မြန်မာ့အရေး ဆွေးနွေးခန်း အစီအစဉ်မှာ လက်ရှိတကမ္ဘာလုံး ရင်ဆိုင်နေရတဲ့ Covid 19 ရောဂါပိုး အကူးစက်ခံရမှု ရှိမရှိ ဘယ်လို စမ်းသပ်စစ်ဆေးမှုတွေ လုပ်ရတယ် ဆိုတာနဲ့ ပတ်သက်ပြီး ဆွေးနွေးထားပါတယ်။ အမေရိကန်နိုင်ငံ UTMB တက်ဆက်စ် ဆေးတက္ကသိုလ် Galveston မှာရှိတဲ့ အဏုဇီဝဗေဒ ဓါတ်ခွဲခန်းက ဒေါက်တာဖြူမြတ်သွေးကို အွန်လိုင်းကနေ မေးမြန်းထားတဲ့ ပထမပိုင်းမှာ ရောဂါပိုးကူးစက်မှုရှိမရှိ တိုက်ရိုက်စမ်းသပ်တဲ့နည်းကို သိရပါမယ်။
မေး ။ ။ ဒေါက်တာဖြူမြတ်သွေး အခု ဘယ်မှာအလုပ်လုပ်နေပါလဲ။

ဖြေ ။ ။ အခုကတော့ Galveston မြို့မှာရှိတဲ့ University of Texas Medical Branch ဆေးတက္ကသိုလ်မှာ Clinical fellowship လုပ်နေတာပါ။

မေး ။ ။ ဒီမှာ COVID-19 လူနာတွေကို စမ်းသပ်မှုတွေ (testing) လုပ်နေရတယ်လို့ ကြားသိရပါတယ်။ ဆိုတော့ အဲဒီလိုလုပ်နေတာ ဘယ်လောက်ကြာပါပြီလဲ။ လူနာတွေကို စတင်စမ်းသပ်နေတာတွေ။

ဖြေ ။ ။ အခုဆိုရင် တစ်လလောက် ရှိပါပြီ။

မေး ။ ။ တစ်လလောက်အတွင်းမှာ လူနာပေါင်း ဘယ်လောက်လောက်ကို စမ်းသပ်ပြီးပါပြီလဲ။

ဖြေ ။ ။ တစ်လအတွင်းမှာ (၁၃) ရက်ကနေ စတင် Live စမ်းသပ်ချိန်ကနေ ဒီနေ့အထိက UMTB သမီးတို့ တက္ကသိုလ်ဆေးရုံမှာ စုစုပေါင်း (၄) ခုလုံးအပါအဝင် လူနာပေါင်း (၂၀၀၀) ကျော် စမ်းသပ်ပြီးသွားပြီ။ Out-patients and In-patients အားလုံးပါပါတယ်။

မေး ။ ။ လူနာ (၂၀၀၀) ကျော် စမ်းသပ်တဲ့အခါမှာ ဘယ်လောက်မှာ Positive (ရောဂါရှိသူ) Negative (ရောဂါမရှိသူ) တွေ့ပါသလဲ။

ဖြေ ။ ။ (၂၀၀၀) ကျော်မှာ ဒီနေ့အထိက (၇) ရာခိုင်နှုန်း ရောဂါရှိတယ်။

မေး ။ ။ ပထမဦးဆုံး လူနာတွေနဲ့ တွေ့တဲ့အခါမှာ ကိုယ့်အတွက် ကိုယ့်ကိုယ်မကူးနိုင်အောင် ဘယ်လိုအကာအကွယ်တွေလုပ်လဲ။ ပြောပြပေးပါ။

ဖြေ ။ ။ သမီးတို့က Laboratory စမ်းသပ်ဓါတ်ခွဲခန်းပိုင်းကဖြစ်တော့ လူနာနဲ့ တိုက်ရိုက်မတွေ့ဘူး။ ဒါပေမဲ့ လူနာရဲ့ ဓာတ်ခွဲစစ်ဆေးရန်နမူနာ (sample specimen) နဲ့ ထိတွေ့ရတယ်။ ပြောရမယ်ဆိုရင် Frontline မှာ specimen နဲ့ တွေ့တယ်။ COVID-19 ဗိုင်းရပ်စ် ပါနိုင်တဲ့ specimen တွေကို ထိတွေ့ရတယ်။ ဆိုတော့ Laboratory Guideline လိုက်နာရမယ့် ဓါတ်ခွဲခန်းလမ်းညွှန်အတိုင်း လုပ်ကိုင်ကြတယ်။ ဓါတ်ခွဲခန်းမှာဆိုရင် Standard Protocols လုပ်ရမယ့်နည်းလမ်းအတိုင်း လက်အိတ်ဝတ်ရတယ်။ နောက် Biosafety Cabinet တွေဆိုတာရှိတယ်။ အဲဒါတွေက Biosafety Level (2) Laboratory ဓါတ်ခွဲခန်းအဆင့်နှစ်မှာ ထားရှိတဲ့ Biosafety Cabinet ထဲမှာ နမူနာတွေကို စမ်းသပ်ရတယ်။ ကိုင်တွယ်ရတယ်။ ကြည့်ရှုရတယ်။

မေး ။ ။ Testing စမ်းသပ်မှုလုပ်တဲ့ နည်းတွေ ဘယ်နှစ်ခုလောက်ရှိလဲ။ အရင်ပြောပြပေးပါ။

ဖြေ ။ ။ နည်းလမ်းကတော့ တစ်ခုပဲ ရှိပါတယ်။ တစ်ခုက ဗိုင်းရပ်စ်ရဲ့ သက်ရှိကလာပ်စည်းအက်စစ် (virus nucleic acid) ကို မျိုးရိုးဗီဇနှင့်ဆိုင်ရာ (genetic material) ကို သုံးပြီးတော့ စမ်းသပ်ရတဲ့နည်း။ ဒီတနည်းပဲရှိတယ်။ ဒါပေမဲ့ ဒီနည်းကိုသုံးပြီးတော့ ဓါတ်ခွဲခန်းတွေက ကိုယ်ကိုယ်တိုင် စမ်းသပ်ထုတ်ဖော်ကြတယ်။ အဓိကတော့ ဒီနည်းကိုပဲ သုံးပြီးတော့ - နည်းကတော့ တနည်းပဲ - ဒါပေမဲ့ ပုံစံ (form) က အမျိုးမျိုးရှိတယ်။ နည်းကိုသုံးရတဲ့ပုံစံတွေကတော့ အမျိုးမျိုးရှိပါတယ်။

မေး ။ ။ အခုလောလောဆယ် ဒီလိုမျိုး တကယ့် COVID-19 ဖြစ်စေတဲ့ ရောဂါပိုး ရှိမရှိဘဲ၊ တိုက်ရိုက်စမ်းနေတာပေါ့။

ဖြေ ။ ။ ပထမဦးဆုံး စမ်းသပ်တာကတော့ တစ်လလုံးလုံးနီးပါးက symptomatic ရောဂါလက္ခဏာရှိတဲ့ လူနာတွေကိုပဲ စမ်းခဲ့ကြတယ်။ ဆေးရုံတင်ထားတဲ့ လူနာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် Out-patient ပြင်ပလူနာ ဆေးခန်းတွေကိုလာကြတဲ့ လူနာတွေဖြစ်ဖြစ်၊ အရေးပေါ် (Emergency Room) ကို ရောက်လာတဲ့ လူနာတွေဖြစ်ဖြစ် ရောဂါလက္ခဏာရှိတဲ့ လူနာတွေဆိုရင် - သမီးတို့ ပြီးခဲ့တဲ့ ကြာသပတေး၊ သောကြာနေ့ကမှ စပြီးတော့ တက္ကဆက်ပြည်နယ်မှာ - နေရာတိုင်းတော့ မဟုတ်သေးဘူး၊ မြို့တချို့နဲ့ ဒီမြို့အပါအဝင် ရောဂါလက္ခဏာရှိတဲ့ လူနာနဲ့ မရှိတဲ့လူတွေကို စမ်းသပ်ဖို့ ဖွင့်ပေးလိုက်ပြီ။

မေး ။ ။ အဲဒါက ဘယ်လိုနမူနာတွေ ယူသလဲ။ တံတွေးနမူနာတို့ ။ နမူနာ ဘယ်နှစ်မျိုးယူလဲ။ ဘယ်နေရာတွေကယူလဲ။ ပြောပြပေးပါ။

ဖြေ ။ ။ နမူနာတွေကတော့ nasopharyngeal ခေါ်တဲ့ နှာခေါင်းကနေ အတွင်းပိုင်းအထိ ဝါဂွမ်းတံ (swab) နဲ့ (၃) ကြိမ်ထိုးရတယ်။ အဲဒါက အဓိကယူရတယ်။ အဲဒါကိုပဲ FDA ကနေ အတည်ပြုထောက်ခံထားတဲ့ ခွင့်ပြုထားတဲ့ နမူနာ။ ဒါပေမဲ့ တချို့ကြတော့ အာခေါင်းကနေပြီးတော့လည်း ယူကြတယ်။ ဒါကိုလဲ FDA ကနေ ချွင်းချက်အနေနဲ့ ပေးထားတယ်။ အဲဒီနှစ်ခု အဓိကက ဒီဟာက အဆုပ်လမ်းကြောင်းရဲ့ အပေါ်ပိုင်းလက္ခဏာ နမူနာကိုပဲ ယူလို့ရတယ်။ အောက်ပိုင်းအတွက်ကိုတော့ FDA နဲ့ CDC တို့က ခွင့်မပြုထားသေးဘူး။ ဆိုတော့ အဲဒီအတွက်က Data အချက်အလက်တွေလည်း မရှိသေးဘူး။ ဒါပေမဲ့ တချို့တွေ autopsy လူသေကို ခွဲပြီးတော့ စစ်ကြတာတွေမှာ Data အနည်းအများ ရှိကြပေမယ့် ဓါတ်ခွဲခန်းတွေမှာတော့ စမ်းသပ်ဖို့အတွက်ကို ဥပဒေနဲ့အညီ အသက်ရှုလမ်းကြောင်း အပေါ်ပိုင်းကိုပဲ ယူကြတယ်။ နှာခေါင်း၊ ပါးစပ်တို့ အတွင်းပိုင်းအာခေါင်းနဲ့ များသောအားဖြင့် နှာခေါင်းအတွင်းပိုင်းကပဲ ယူကြတယ်။

မေး ။ ။ ဒီနမူနာတွေကိုယူပြီးတော့ စမ်းသပ်တယ်။ စမ်းသပ်တဲ့အခါမှာ ကိုယ်စမ်းသပ်တဲ့ဟာက test-kit လို့ အများသိနေကြတဲ့ စမ်းသပ်တဲ့ကရိယာက ဘယ်လိုဟာမျိုးတွေမှာ သုံးပါလဲ။ အဲဒါလေးကို နည်းနည်းရှင်းပြပေးပါ။ ဘယ်လိုပုံစံနဲ့ စမ်းသပ်သလဲဆိုတာကို နည်းနည်းရှင်းပြပေးပါ။

ဖြေ ။ ။ Test-kit ဆိုတာက တကယ်တမ်းကြတော့ CDC ကနေ ထုတ်ပေးလိုက်တာပါ။ ဗိုင်းရပ်စ်က nucleic acid ကို အဲဒီမှာအပိုင်းတွေ အမျိုးမျိုးရှိတယ် - ခေါင်းပိုင်း၊ ကိုယ်ပိုင်း - အဲဒီခေါင်း၊ ကိုယ်ပိုင်းတွေကို ကိုဗစ်အတွက်ကို - ဥပမာ အန်တီအတွက်ဆိုရင် မျက်လုံးက ဘာအမှတ်အသားရှိလဲ။ လက်မှာ အမှတ်အသားရှိတယ်ဆိုရင် အဲဒါနဲ့ကိုက်တဲ့ အမှတ်အသားအတွက်ကို လုံးဝထွင်ထားတဲ့ Test-kit ကို CDC က ထုတ်ပေးတာ။ အဲဒါ Lab တိုင်းက အဲဒီ Test-kit ကို ဝယ်ချင်ဝယ်၊ မဝယ်လို့ရှိရင် ထုတ်ပေးထားတဲ့ စံနမူနာ genetic sequence ကိုလည်း ထုတ်ပေးတယ်။ အကယ်၍ Test-kit မဝယ်လို့ရှိရင် CDD က ထုတ်ပေးတဲ့ genetic sequence ကို ကိုယ့်ဟာကိုယ် မှာလို့ရတယ်။ ကုမ္ပဏီတွေက nucleic acid တွေ ရောင်းတယ်။ genetic sequence တွေ ရောင်းတယ်။ အဲဒီလိုလုပ်ချင်လုပ်။ အဲဒီလိုမျိုးနဲ့ စစ်ကြတယ်။

မေး ။ ။ ဆိုတော့ မြန်မာနိုင်ငံမှာ COVID-19 ရောဂါပိုး ရှိမရှိ Test-kit တွေ အစောပိုင်းက မရကြဘူး။ နောက်ပိုင်းတော့ အမေရိကန်နိုင်ငံက အကူအညီပေးတယ် ပြောတယ်။ ဆိုတော့ ဓါတ်ခွဲစမ်းသပ်ခန်းထဲမှာ အစပိုင်းမှာ မြန်မာနိုင်ငံမှာ မစမ်းသပ်နိုင်လို့ ထိုင်းကိုပို့ရတယ်။ တကယ် ကျန်းမာရေးဌာနတွေရဲ့ အတည်ပြုချက်ရယူထားတဲ့ ဓါတ်ခွဲခန်းတွေကို သွားစစ်ရတယ်။ အခု မြန်မာပြည်မှာ စမ်းသပ်နိုင်ပြီဆိုတော့ ဘယ်လိုပုံစံမျိုးတွေနဲ့ စမ်းသပ်တာတွေ လုပ်ရလဲ။ နည်းနည်းရှင်းပြပေးပါ။ လူတွေက ဒီရောဂါရှိမရှိ စမ်းသပ်ချင်တယ်ဆိုရင် ဘယ်လိုပုံစံမျိုးတွေနဲ့ စမ်းသပ်တယ်။ ဘာညာဆိုတာ သိရအောင် နည်းနည်းရှင်းပြပေးပါ။

ဖြေ ။ ။ သမီးအမြင်နဲ့ ပြောရမယ်ဆိုရင် မြန်မာပြည်ကို ရောက်နေတဲ့ Test-kit က အမေရိကက ပို့ပေးတယ်ဆိုရင် ကိုဗစ်ဗိုင်းရပ်စ်ရဲ့ genetic material - nucleic acid ကို နှာခေါင်းနမူနာကနေ ထုတ်ယူတယ်။ ထုတ်ပြီးတော့မှ genetic ဗိုင်းရပ်စ်ကို ရတယ်။ ရတယ်ဆိုရင် စောစောတုန်းက ပြောထားတဲ့ Template လို့ခေါ်တဲ့ ဗိုင်းရပ်အမှတ်အသားစာရင်းနဲ့ နမူနာကထွက်လာတဲ့ ဗိုင်းရပ်စ်အပိုင်းတွေနဲ့ ကိုဗစ်ဗိုင်းရပ်စ် ဟုတ်မဟုတ်ကို စစ်ရတယ်။ ဟုတ်တယ်ဆိုရင် အဲဒီမှာ ပူးသွားတယ်။ အဲဒီအခါ စက်ထဲမှာထည့်ပြီးတော့ စက်ကတစ်ခါ ဖတ်အုံးမယ်။ တစ်နာရီ၊ နှစ်နာရီဖတ်ပြီးတော့ ထွက်လာတဲ့အဖြေကိုကြည့်ပြီးတော့ အဲဒီမှာ ခေါင်းပိုင်းကလည်းတူတယ်၊ မျက်လုံးပိုင်းကလည်းတူတယ်။ အမှတ်အသား ဗိုက်ပိုင်းကလည်း တူတယ်ဆိုပြီးတော့ သုံးမျိုး၊ နှစ်မျိုး စက်ကဖတ်ပြီး ထွက်လာတဲ့ဟာကို ဒါက Positive ဖြစ်သွားပြီဆိုပြီး သတ်မှတ်ကြတယ်။ ဒါက နောက်ခံ ယေဘုယျသဘော။ စမ်းသပ်တဲ့ဟာကို တဆင့်ချင်းတဆင့်ချင်းဆီကို automation အမြန်လုပ်လို့ရတဲ့ဟာမှာလည်း သုံးတာလည်း ဖြစ်နိုင်တယ်။ အမေရိကန်က လှုတယ်ဆိုတော့။ ဒါမှမဟုတ်ရင် အမေရိကန်မှာလည်း ကုမ္ပဏီတွေက တစ်ခုပြီးတစ်ခု FDA ခွင့်ပြုချက်တွေကို ရကြပြီ။ ရကြတော့ အဲဒီမှာ ကုမ္ပဏီ (၂) ခု ရှိတယ်။ တစ်ခုက မိနစ် (၄၀) နဲ့ အဖြေထွက်တယ်။ ဒီနည်းကိုပဲ သုံးကြတယ်။ ဗိုင်းရပ်စ်ပိုးထုတ်တယ်။ ပြီးနောက် Template ပေါ်မှာ ဗိုင်းရပ်စ်ပိုးလက္ခဏာနဲ့ ထိမထိဆိုတာကို စက်သေးသေးလေးထဲ ထည့်လိုက်ပြီး အဆင့်ဆင့်စစ်ဆေးပြီးမှ အဖြေကိုထုတ်ပေးတယ်။ အဲဒါကို သုံးတာ ဖြစ်ဖို့များတယ်။ ဒါပေမဲ့ Principle နည်းလမ်းကိုပဲ အခြေခံပြီး လုပ်ကြတယ်။

မေး ။ ။ ဒီလိုမျိုး စမ်းသပ်တဲ့အခါမှာ မှားယွင်းတာ ရာခိုင်နှုန်း ဘယ်လောက်လောက် ရှိနိုင်ပါလဲ။

ဖြေ ။ ။ မှားယွင်းတဲ့ ရာခိုင်နှုန်းဆိုတာကတော့ ရာခိုင်နှုန်းအရ ပြောရလို့ရှိရင် တော်တော်များများက test တွေ အကုန်လုံးက validation တရားဝင်ဖြစ်အောင် FDA တို့ ခွင့်ပြုချက်ရအောင် လုံးဝရအောင် လုပ်ရတဲ့အတွက်ကြောင့်မို့ တစ်ရာရာခိုင်နှုန်း မှန်တယ်လို့လဲ ပြောလို့မရဘူးဆိုတော့ (၉၈) ရာခိုင်နှုန်းလောက်တော့ မှန်တယ်။ နှစ်ဆယ်၊ သုံးဆယ်လောက်ကို ရှိသမျှစက်တွေ၊ သုံးတဲ့နည်းတွေနဲ့ စမ်းကြည့်တယ်။ အဲဒီမှာ (၉၈) (၉၉) ရာခိုင်နှုန်းလောက်က အဖြေအတူတူထွက်တယ်ဆိုတော့ ကျန်တဲ့ဟာကတော့ စက်က ဗိုင်းရပ်စ်ရဲ့ နမူနာက နည်းနေတယ်ဆိုရင် - ဥပမာ လူတစ်ယောက်က အရမ်းဖျားနေတဲ့လူနဲ့ နည်းနည်းဖျားနေတဲ့လူနဲ့ - နည်းနည်းဖျားတဲ့လူဆိုရင် သူ့ဆီမှာ ဗိုင်းရပ်စ်အရေအတွက်ကနည်းမယ်။ အရမ်းဖျားတယ်လူကတော့ ဗိုင်းရပ်စ်အရေအတွက် များမယ်။ ဆိုတော့ ဗိုင်းရပ်စ်အရေအတွက် နည်းနေတဲ့လူဆီကနေ တိုင်းလို့ရှိရင် အရမ်းကို sensitive ဖြစ်တဲ့ Test နည်းက Positive ထွက်ပြီးတော့၊ နည်းနည်းလေးကြာသွားတဲ့ နည်းပညာကတော့ Negative လို့ ထွက်ရင်ထွက်နိုင်တယ်။ ဒါကတော့ လူနာရဲ့ အခြေအနေပေါ်မှာလည်း မူတည်ပါတယ်။

မေး ။ ။ အကြောင်းအချက်တွေက အများကြီးပေါ့။ လူနာပေါ်မှာလည်း မူတည်တယ်၊ ကောက်ယူတဲ့ နမူနာရဲ့ မှန်ကန်မှုတွေ၊ တိကျမှုတွေပေါ်မှာလည်း မူတည်တယ်ပေါ့။

မွတ္ခ်က္မ်ားဖတ္ရန္

XS
SM
MD
LG