သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပြည် လူ့အခွင့်အရေး အခြေအနေ စိုးရိမ်နေရဆဲ


မြန်မာပြည် လူ့အခွင့်အရေး အခြေအနေ စိုးရိမ်နေရဆဲ
မြန်မာပြည် လူ့အခွင့်အရေး အခြေအနေ စိုးရိမ်နေရဆဲ

ဒီကနေ့ တနင်္ဂနွေနေ့မှာ နယူးယောက်အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေး (Human Rights Watch) အဖွဲ့ရဲ့ ကမ္ဘာလုံးဆိုင်ရာ နှစ်ပတ်လည် အစီရင်ခံစာ ထွက်ရှိလာတာမှာ အာရှနိုင်ငံတွေရဲ့ လူ့အခွင့်အရေး အခြေအနေတွေကို အသးစိတ် ဖော်ပြထားပါတယ်။

မနှစ်က ၂၀၁၁ ခုနှစ်မှာ စစ်အစိုးရကနေ အရပ်သားအစိုးရကို ကူးပြောင်းလာခဲ့တဲ့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အခြေအနေတွေဟာ အလွန်တရာ ဆိုးရွားနေတုန်းပဲလို့ ဒီအစီရင်ခံစာက ဆိုပြီးတော့ တိုင်းရင်းသား ဒေသတွေနဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ နယ်မြေတွေမှာ မြန်မာစစ်တပ်ရဲ့ အရပ်သား တိုင်းရင်းသားတွေ အပေါ် လူသတ်၊ မုဒိန်းကျင့်၊ နှိပ်စက်ညှဉ်းပန်းသတ်ဖြတ်မှုတွေ ကျူးလွန်နေတာက မြန်မာအစိုးရရဲ့ မကြာသေးခင်က နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှုတွေကို မှေးမှိန် သေးသိမ် စေတယ်လို့ ဒီအစီရင်ခံစာမှာ ရေးသားထားပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံမှာ လွတ်လပ်စွာ ဆန္ဒထုတ်ဖေါ်ခွင့်၊ အသင်းအဖွဲ့ ဖွဲ့စည်းခွင့်၊ ဘာသာရေး လွတ်လပ်ခွင့်၊ မီဒီယာလွတ်လပ်ခွင့်၊ လွတ်လပ်စွာ တရားစီရင်ခွင့်ကို ပယ်ချခြင်းတွေ ရှိနေဆဲပဲလို့လည်း လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေး (Human Rights Watch) အဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ မြောက်ကိုးရီးယားနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အာဏာပိုင်တွေက စနစ်တကျ ကျူးလွန်နေတာနဲ့ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ မလေးရှားနဲ့ ဗီယက်နမ် နိုင်ငံတွေက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကိုလည်း ဒီအစီရင်ခံစာမှာ အသေးစိတ် ထုတ်ဖော် ရေးသားထားပါတယ်။

XS
SM
MD
LG