သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့နျူကလီးယားစိုးရိမ်ချက် ဆွေးနွေးဖို့ ကလင်တန်ကို အမတ် Lugar တိုက်တွန်း


A woman prepares for the 41st Coming of Age Day ceremony, known traditionally in South Korea as Gwan-Rye, in Seoul, May 20, 2013. The ceremony was held to recognize boys and girls at the age of 20, who have been living under the protection of their families, as independent individuals.

မြောက်ကိုရီးယား အကူအညီနဲ့ မြန်မာနိုင်ငံက နျူကလီယား လက်နက်ထုတ်ဖို့ ကြိုးစားနေတဲ့ကိစ္စကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ကို (Hillary Clinton) မြန်မာနိုင်ငံကို သွားတဲ့အခါမှာ သေသေချာချာ ဆွေးနွေးဖို့ အမေရိကန်အထက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီက ထိပ်တန်းအမတ် တစ်ဦးဖြစ်တဲ့ အင်ဒီယားနားပြည်နယ် အထက်လွှတ်တော်အမတ် ရစ်ချက်လူဂါ (Richard Luger) က တောင်းဆိုလိုက်ပါတယ်။

မြောက်ကိုရီးယား အကူအညီနဲ့ မြန်မာအစိုးရက နျူကလီယား လက်နက်ထုတ်ဖို့ ရည်ရွယ်တယ်ဆိုတဲ့ သတင်းကို အမေရိကန် အထက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီက လွန်ခဲ့တဲ့ ၅ နှစ်လောက်ကတည်းက ရခဲ့ပြီး အမေရိကန်အစိုးရ တာဝန်ရှိသူတွေကို အသေးစိပ် တင်ပြခဲ့တယ်လို့ နိုင်ငံခြားရေးရာကော်မတီက ၀န်ထမ်း ကိသ်လု(စ်) (Keith Luse) ရဲ့ ပြောကြားချက်ကို ၀ါရှင်တန်ပိုစ့် သတင်းမှာ ဖော်ပြထားပါတယ်။ သီးခြားရပ်တည်ခဲတဲ့ အာဏာရှင်စနစ်ကျင့်သုံးခဲ့တဲ့ မြန်မာနိုင်ငံကို နှစ်ပေါင်း ၅၀ ကျော်အတွင်း နိုင်ငံခြားရေး ၀န်ကြီး အဆင့်နဲ့ ပထမဆုံး သွားရောက်မယ့် ၀န်ကြီး ကလင်တန်ရဲ့ မြန်မာနိုင်ငံခရီး မစတင်ခင်မှာ အထက်လွှတ်တော်အမတ် မစ္စတာလူဂါက ကြေညာချက် ထုတ်ပြန်တာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း (John McCain) မြန်မာနိုင်ငံကို သွားရောက်စဉ်က မြန်မာနိုင်ငံက နျူကလီယား လက်နက်ကိစ္စ လုပ်နိုင်လောက်အောင် မချမ်းသာပါဘူးလို့ မြန်မာအစိုးရဘက်က ငြင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ ကမ္ဘာပေါ်မှာ လူ့အခွင့်အရေး အချိုးဖောက်ဆုံး၊ ပိတ်ဆို့ အရေးယူဒဏ်ခတ်မှု အခံရဆုံး မြန်မာနဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံရဲ့ ဆက်ဆံရေးကို အမေရိကန်နိုင်ငံက အနီးကပ် စောင့်ကြည့်နေတာ ကြာပြီဖြစ်ပါတယ်။ မကြာသေးခင် နှစ်ထဲမှာပဲ မြန်မာနိုင်ငံကို မသင်္ကာစရာ လက်နက်တွေ သယ်လာတယ်လို့ သံသယရှိခဲ့တဲ့ မြောက်ကိုရီးယား သင်္ဘောတွေကို အမေရိကန်ရေတပ်က လမ်းခုလတ်ကနေ ပြန်လှည့်ခိုင်းခဲ့ပါတယ်။

ပြုပြင်ပြောင်းလဲရေးတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်မယ်လို့ ကတိပေးထားတာကို မြန်မာအစိုးရအနေနဲ့ တကယ်လက်တွေ့ လုပ်ပြနိုင်မနိုင် ဆိုတဲ့ အချက်ကိုကြည့်ပြီး မြန်မာဘက်က ဖြောင့်မှန်မှုကို တိုင်းတာ နိုင်တယ်လို့လည်း ရစ်ချက်လူဂါရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။ ဒါ့ပြင် အမေရိကန်က မြန်မာအစိုးရနဲ့ ထိတွေ့ဆက်ဆံလာမှုကို တုံ့ပြန်တဲ့ အနေနဲ့ မြန်မာဘက်က ဒီနျူကလီယား လက်နက်အစီအစဉ်၊ အတိုင်းအတာနဲ့ ရည်ရွယ်ချက်ကို မချွင်းမချန်ပြောဆိုသင့်တယ်လို့လည်း ဆိုပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကလင်တန်ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်ကို ကြိုဆိုကြောင်းနဲ့ မြန်မာ-အမေရိကန် နှစ်နိုင်ငံ ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်လာဖို့ လိုလားကြောင်း သောကြာနေ့မှာပဲ သတင်းထောက်တွေနဲ့ တွေ့ဆုံခဲ့တဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောခဲ့ပါတယ်။ ဒါ့အပြင် ဒါဟာ တရုတ်နဲ့ ဆက်ဆံရေးကို ထိခိုက်စေမှာ မဟုတ်ဘူးလို့ ယုံကြည်ကြောင်းလည်း ပြောပါတယ်။

XS
SM
MD
LG