သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Burma Act ကြောင့် ဘင်္ဂလားဒေ့ရှ်ကို ထိခိုက်မည်မဟုတ် (ကန်အတိုင်ပင်ခံ) 


MYANMAR-ROHINGYA/BANGLADESH
MYANMAR-ROHINGYA/BANGLADESH

[[Zawgyi/Unicode]]

အမေရိကန်ကပြဌာန်းလိုက်တဲ့ Burma Act ကြောင့် ဘင်္ဂလားဒေ့ရှ်ကို သက်ရောက်စေမယ့် ဒေသတွင်းအကြမ်းဖက်မှုတွေ မဖြစ်စေရဘူးဆိုတာကို အမေရိကန် အဆင့်မြင့်ကိုယ်စားလှယ်က ဗုဒ္ဓဟူးနေ့မှာ ဘင်္ဂလားဒေ့ရှ်ကို အခိုင်အမာ ပြောဆိုလိုက်သလိုပဲ ရိုဟင်ဂျာပြဿနာရဲ့အရင်းအမြစ်ကို ကိုင်တွယ်ဖြေရှင်းနေကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

ဒေသတွင်းမှာ မလိုလားအပ်တဲ့အကြမ်းဖက်မှုတွေ ဖြစ်မယ့်ကိစ္စတွေကို အမေရိကန်ဘက်က ဆောင်ရွက်မှာမဟုတ်ကြောင်း၊ အမေရိကန်ရဲ့ဆောင်ရွက်ချက်ဟာ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်ရောက်ရေး ထောက်ပံ့ကူညီရေးသာဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်ကိုရောက်နေတဲ့ အမေရိကန်နိုင်ငံခြားရေးအတိုင်ပင်ခံ Derek Chollet က ပြောဆိုကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဌာနအတွင်းဝန် Masud Bin Momen ရဲ့ ပြောဆိုချက်ကို ဘင်္ဂလားဒေ့ရှ် အမျိုးသား သတင်းအေဂျင်စီ BSS က သတင်းဖော်ပြပါတယ်။

အမေရိကန်ဘက်က အတည်ပြုခဲ့တဲ့ Burma Act အရေးကိစ္စအပေါ်မှာ ဘင်္ဂလားဒေ့ရှ်အစိုးရဘက်က စိုးရိမ်ကြောင်းပြောခဲ့ပြီးနောက်မှာ အမေရိကန်ဘက်က အခုလို တုံ့ပြန်တာဖြစ်ကြောင်းလည်း သူက ပြောပါတယ်။ ဒါ့ပြင် ရိုဟင်ဂျာပြဿနာရဲ့ဇစ်မြစ်ကို အမေရိကန်က ကိုင်တွယ်ဖြေရှင်းနေသလိုပဲ မြန်မာဘက်က လူနည်းစုတသန်းကျော်ကိုလက်ခံထားရတဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရကို ထပ်တိုးကူညီမယ့်အကြောင်းလည်း အမေရိကန်နိုင်ငံခြားရေးဌာန အတိုင်ပင်ခံ Derek Chollet က ပြောဆိုကြောင်းလည်း BSS သတင်းက ဖော်ပြပါတယ်။

ရိုဟင်ဂျာဒုက္ခသည်တွေကို အမေရိကန်ကို ပိုပြီးခေါ်ယူဖို့နဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ပြောင်းရွှေ့ထားတဲ့ Bhashanchar မှာ စာနာမှု အကူအညီတွေ တိုးမြှင့်ပေးဖို့လည်း ဘင်္ဂလားဒေ့ရှ်ဘက်က တိုက်တွန်းခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး အတွင်းဝန်က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

============

[[Unicode]]






XS
SM
MD
LG