သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံရေးသမားတချို့ အမေရိကန်မှာလေ့လာ


အမေရိကန်နိုင်ငံရဲ့ ပြည်ထောင်စုစနစ် အုပ်ချုပ်ပုံကို မြန်မာပြည်ရဲ့ ပြည်ထောင်စု ဖွဲ့စည်းပုံ အုပ်ချုပ်ရေးနဲ့ယှဉ်ပြီး ပြန်အသုံးချနိုင်တဲ့ နိုင်ငံရေး ဗဟုသုတတွေ ရခဲ့တယ်လို့ အမေရိကန်နိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံရေး ပါတီကိုယ်စားလှယ်တွေက ပြောပါတယ်။
အမေရိကန်နိုင်ငံရဲ့ ပြည်ထောင်စုစနစ် အုပ်ချုပ်ပုံကို မြန်မာပြည်ရဲ့ ပြည်ထောင်စု ဖွဲ့စည်းပုံ အုပ်ချုပ်ရေးနဲ့ယှဉ်ပြီး ပြန်အသုံးချနိုင်တဲ့ နိုင်ငံရေး ဗဟုသုတတွေ ရခဲ့တယ်လို့ အမေရိကန်နိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံရေး ပါတီကိုယ်စားလှယ်တွေက ပြောပါတယ်။
အမေရိကန်နိုင်ငံရဲ့ ပြည်ထောင်စုစနစ် အုပ်ချုပ်ပုံကို မြန်မာပြည်ရဲ့ ပြည်ထောင်စု ဖွဲ့စည်းပုံ အုပ်ချုပ်ရေးနဲ့ယှဉ်ပြီး ပြန်အသုံးချနိုင်တဲ့ နိုင်ငံရေး ဗဟုသုတတွေ ရခဲ့တယ်လို့ အမေရိကန်နိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံရေး ပါတီကိုယ်စားလှယ်တွေက ပြောပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ စီစဉ်မူနဲ့ အမေရိကန်သမ္မတလောင်း ရွေးချယ်ပွဲတွေ စည်းရုံးလူံ့ဆော်ပွဲတွေကို အမေရိကန်တဝှမ်း လိုက်ပြီးလေ့လာနေတဲ့ အခုဆိုရင် Iowa ပြည်နယ်ကို ရောက်ရှိနေကြပါတယ်။ Iowa ကို ရောက်နေတဲ့ မြန်မာနိုင်ငံက နိုင်ငံရေးပါတီ ကိုယ်စားလှယ်တွေကို ဆက်သွယ်မေးမြန်းပြီးတော့ မဆုမွန်က တင်ဆက်ပေးထားပါတယ်။

အမေရိကန်နိုင်ငံရဲ့ အမေရိကန်နိုင်ငံရေးကို လေ့လာနိုင်ဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဖိတ်ကြားထားတဲ့ မြန်မာနိုင်ငံက နိုင်ငံရေးပါတီ ၈ပါတီရဲ့ ကိုယ်စားလှယ်တွေဟာ သြဂုတ်လ ၂၆ရက်နေ့က ဝါရှင်တန်ဒီစီ နိုင်ငံခြားရေးဝန်ကြီးဌာနကို စတင် ရောက်ရှိခဲ့ကြပါတယ်။
အဲ့ဒီ့အဖွဲ့က အမေရိကန်ဝါရှင်တန်ဒီစီမြို့တော်က ပါလီမန်လွှတ်တော်တွင်းကို လေ့လာခွင့်ရသလို ပြည်ထောင်စုအစိုးရရဲ့ ဖက်ဒရယ်မူနဲ့ အုပ်ချုပ်ရေးကို အသေးစိတ် လေ့လာခွင့်ရခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ ဗဟိုအုပ်ချုပ်ပုံစနစ်နဲ့ ပတ်သက်ပြီး ဗဟုသုတ အတွေ့အကြုံ အတုယူစရာတွေ အများကြီး ရခဲ့တယ်လို့ ချင်းတိုးတက်ရေးပါတီက အထွေထွေအတွင်းရေးမူး ကိုရှိန်းထွန်းက ဗွီအိုအေ မြန်မာပိုင်းကိုပြောပါတယ်။

“ ဒီအမေရိကန်ပြည်ထောင်စုကို လာပြီး လေ့လာတဲ့အချိန်မှာ ပေါ့နော်။ ပြည်ထောင်စုစနစ်ပေါ့။ Federalism ဆိုတဲ့စနစ်ပေါ့နော်။ တော်တော်များများ လေ့လာဖြစ်တယ်။ နောက်ပြီးတော့ ဖက်ဒရယ်အစိုးရနဲ့ ကျနော်တို့ အစည်းအဝေးထိုင်တယ်။ ဆွေးနွေးပွဲ သဘောမျိုး လုပ်တဲ့ အချိန်မှာ အထူးသဖြင့် ဘာကို သွားလေ့လာမိလည်းဆိုတော့ သူတို့ ဒီပြည်နယ်တွေရဲ့ အစိုးရမှာ ပြည်နယ်ရဲ့ ပြည်သူ့လွှတ်တော်ရှိတယ်။ ပြည်နယ်ရဲ့ အမျိုးသားလွှတ်တော် ရှိတယ်။ ပြည်နယ်ရဲ့ ပြည်နယ်လွှတ်တော် ရှိတယ်။ ပြည်နယ် အစိုးရ ရှိတယ်ပေါ့နော်။ အဲ့တာလေးတော့ ထူးထူးခြားခြား သွားတွေ့မိတယ်။

မြန်မာပြည်မှာကျတော့ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်က ပြည်ထောင်စုအစိုးရမှာပဲ ရှိတယ်။ ဒီမှာကျတော့ ဗဟိုအစိုးရကနေ လုံး၀ ဝင်ရောက်စွက်ဖက်မှုမရှိဘူး။ ဝင်ရောက် စွက်ဖက်မှုရှိတာက ဗဟိုအစိုးရက ကိုင်တာက ဘာသွားကိုင်လည်း ဆိုတော့ သူက Foreign Policy ကိုင်တယ်။ နိုင်ငံခြားရေးမူဝါဒနဲ့ ပတ်သက်တာ ကိုင်တယ်။ ပြီးရင် သူက ကာကွယ်ရေးနဲ့ ပတ်သက်တာကို ဖက်ဒရယ် Government က ပြည်ထောင်စုအစိုးရက ကိုင်တယ်။ ကျန်တာတွေကို ပြည်နယ်ကိုတော့ အကုန်လုံး လုံးလုံးလျားလျား လွှဲထားတာကို သွားတွေ့ရတယ်။”

အမေရိကန်နိုင်ငံရဲ့ မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံကြား ချမှတ်ထားတဲ့ နိုင်ငံခြားရေးမူဝါဒတွေနဲ့ ပတ်သက်ပြီးလည်း လေ့လာခဲ့တဲ့ ချင်းတိုးတက်ရေးပါတီက ကိုရှိန်းထွန်းက သူ့ရဲ့အမြင်ကို ဆက်ပြောပါတယ်။

“ နိုင်ငံခြားရေးနဲ့ပတ်သက်တဲ့ မူဝါဒတွေ ကျနော်တို့ဆွေးနွေးဖြစ်တယ်ပေါ့နော်။ အဲ့ဒီ့ ဆွေးနွေးဖြစ်တဲ့အထဲမှာ ပိုပြီး ထူးခြားမှုရှိတာက အမေရိကန်နိုင်ငံရယ်၊ မြန်မာနိုင်ငံရယ်၊ ဒီတရုတ်နိုင်ငံရယ်ပေါ့။ သူတို့ တရုတ်နိုင်ငံနဲ့ နိုင်ငံခြားဆက်ဆံရေး Foreign Policy ပေါ့နော် နိုင်ငံခြားဆက်ဆံရေး ကို အဓိကထားဆွေးနွေးဖြစ်တယ်။ မြန်မာပြည်မှာ ဖြစ်ပျက်နေတဲ့အရာ မြန်မာပြည်တခုလုံးမှာ ရင်းနှီးမြုတ်နှံမှု အများဆုံးဟာ တရုတ်ဆိုတာ ကျနော်တို့ သွားမြင်ရတယ်။

တရုတ်တွေအတွက်က မြန်မာပြည်ရဲ့ စနစ်အတွက် မြန်မာပြည်ရဲ့ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး ဝါးမြိုဖို့အတွက် ကနေ့ထက်ထိ အသက်ရှင်နေဆဲ ပါပဲ။ အဲ့တာကို ကျနော်တို့ အဓိက ထားပြီး ဆွေးနွေးဖြစ်ကြတယ်။ ဒါကြောင့်လည်း အမေရိကန်နိုင်ငံရဲ့ ဝင်ရောက်ပြီး စီးပွားရေး ဝင်ရောက်ပြီး ရင်းနှီးမြုတ်နှံမှုကို မြန်မာတွေက ပိုပြီးတော့ လိုလားတယ် အဲ့ဒီ့အကြောင်းကို ကျနော်တို့ဆွေးနွေးဖြစ်ကြတယ်။”

အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီက ဗဟိုအလုပ်အမူဆောင်အဖွဲ့ဝင် ကိုကျော်သူရက အမေရိကန်နိုင်ငံရဲ့ နိုင်ငံရေးဖွဲ့စည်းပုံနဲ့ ပတ်သက်ပြီး သူလေ့လာတွေ့ရှိခဲ့တဲ့ အမြင်ကို အခုလိုပြောပါတယ်။

“အမေရိကန်ဟာဆိုရင် သူတို့ရဲ့ Political Culture ဆိုရင် သူတို့မှာ ဆိုလို့ရှိရင် ရွေးကောက်ပွဲစနစ်တွေ၊ နိုင်ငံရေးစနစ်တွေ ဟာ အခြေတကျ ခိုင်မာပြီးတော့ နိုင်ငံရေး Institution လို ပြောရမယ့်ဟာတွေက အားကောင်းတာပေါ့ဗျာ။ ကျနော်တို့နိုင်ငံမှာကျတော့ အခုမှ စတင် အခြေချပြီးတော့ အခုမှစပြီး ရွေးကောက်ပွဲတို့ ဒီမိုကရေစီတို့ ဆိုတာ စ-တဲ့ အတွက် စနစ်တကျ ခိုင်မာ အားကောင်းတဲ့ နိုင်ငံနဲ့ ကိုယ့်နိုင်ငံနဲ့ ကွာခြားချက်တွေကတော့ အများကြီး ရှိပါတယ်ဗျ။

ရွေးကောက်ပွဲ Process မှာပဲ ကြည့်ကြည့်၊ ပါလီမန် Process မှာပဲ ကြည့်ကြည့်၊ သူတို့ရဲ့ Congress ရဲ့ သူတို့ပြည်နယ်အစိုးရတွေရဲ့ အလုပ်လုပ်ပုံ ကျနော်တို့ဆီက ပြည်နယ်အစိုးရတွေရဲ့ အလုပ်လုပ်ပုံတွေဟာ ဆိုလို့ရှိရင် အရမ်းကို ကွာခြားလွန်းပါတယ်။ ဒါဟာလည်း တနိုင်ငံနဲ့ တနိုင်ငံ အခြေအနေခြင်းမတူသလို နိုင်ငံရေး Institution တွေ အဖွဲ့အစည်း အသင်းအပင်းတွေရဲ့ ဖွဲ့စည်းတည်ဆောက်ပုံတွေဟာလည်း တနိုင်ငံနဲ့ တနိုင်ငံတော့ ကွာခြားတာလေးတွေ ရှိပါတယ်။”

တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီက ရန်ကင်း မြို့နယ်ပါတီ အတွင်းရေးမှူး ကိုဇင်မောင်မောင်ဌေးကတော့ အမေရိကန်နိုင်ငံရဲ့ နိုင်ငံရေးအသိပညာပေးမူတွေမှာ စာသင်ကျောင်းတွေကနေအစ နိုင်ငံရေးအသိနိုးကြားအောင် သင်ကြားလုပ်ဆောင်ပေးနေတာကို အတုယူစရာတွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

“ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ရှိရင် ကျောင်းတွေမှာတောင်မှ ရွေးကောက်ပွဲနမူနာပုံစံမျိုးလေးတွေ သင်ကြားပေးနေတာ တွေ့ခဲ့ရတယ်။ မြန်မာပြည်မှာလည်း ကျောင်းတွေမှာ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး အလေ့အကျင့်လေးတွေ ရအောင် အဲ့လိုမျိုး ပါတီစုံ စနစ်နဲ့ပတ်သက်ပြီး အလေ့အကျင့်လေးတွေရအောင် သင်ကြားပေးမယ်ဆိုရင် ကောင်းမယ်လို့ ယူဆမိပါတယ်။”

သြဂုတ်လ ၂၆ ရက်ကနေ စက်တင်ဘာ ၁၅ ရက်နေ့အထိ အမေရိကန်နိုင်ငံမှာ လေ့လာနေတဲ့ ဒီအဖွဲ့ဟာ အခုဆိုရင် ရွေးကောက်ပွဲ မဲဆွယ်လှုပ်ရှားမှုတွေ လေ့လာဖို့အတွက် ဝါရှင်တန်ဒီစီမြို့တော်ကနေ ဖလော်ရီဒါ ပြည်နယ်ကို ရောက်ခဲ့ပါတယ်။ ဖလော်ရီဒါပြည်နယ်ကနေ အိုင်အိုဝါပြည်နယ်ကို ရောက်ရှိနေပါတယ်။ အဲ့ဒီ့ကနေ ကယ်လီဖိုးနီးယားပြည်နယ် San Diego မြို့ကို ရောက်ရှိပြီး သူတို့ရဲ့ခရီးစဉ်အဆုံးသတ်မှာဖြစ်ပါတယ်။
XS
SM
MD
LG