သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းရောက် အလုပ်သမားအရေး ဒေါ်စု ဆွေးနွေး


ဂျွန်လ ၂၅ရက်က မြန်မာ ရွေ့ပြောင်း လုပ်သားမာျးနှင့် တွေ့ဆုံနေသော ဒေါ်အောင်ဆန်းစုကြည်။ ဓါတ်ပုံ - (Zin Latt/VOA)
ဂျွန်လ ၂၅ရက်က မြန်မာ ရွေ့ပြောင်း လုပ်သားမာျးနှင့် တွေ့ဆုံနေသော ဒေါ်အောင်ဆန်းစုကြည်။ ဓါတ်ပုံ - (Zin Latt/VOA)

မြန်မာအစိုးရရဲ့ အဆင့်မြင့် ခေါင်းဆောင်တဦး အဖြစ် ထိုင်းနိုင်ငံ ကို ရောက်လာတဲ့ နိုင်ငံခြားရေး ဝန်ကြီး လည်းဖြစ် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်လည်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ ခရီးစဉ် နောက်ဆုံးနေ့မှာ မြန်မာသံရုံး ထဲမှာပဲ အလုပ်သမား အရေး လုပ်ဆောင်နေတဲ့ အဖွဲ့အစည်း ၁၃ဖွဲ့ကို တွေဆုံပြီး၊ သန်းနဲ့ချီ ရှိတဲ့ ရွှေပြောင်း အလုပ်သမားတွေအတွက် လုပ်ဆောင်နိုင်မယ့် အချက်အလက်တွေကို ရယူသွားခဲ့ပါတယ်။ မအေးမာက သတင်းပေးပို့ ထားပါတယ် ။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ် ပထမနေ့ ကတည်းက ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေဆုံခွင့် ရဖို့ ကြိုစားကြတဲ့ ရွေ့ပြောင်း အလုပ်သမားအရေး ဆောင်ရွက်နေတဲ့ အဖွဲတွေကို ဘန်ကောက်မြို့ မြန်မာသံရုံး ထဲမှာပဲ ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံ ဆွေးနွေးခဲ့တာပါ။

အလုပ်သမားအရေး ဆောင်ရွက်နေတဲ့ အဖွဲ့တွေက ထိုင်းနိုင်ငံ ရောက် မြန်မာ နိုင်ငံသား အဖွဲ့ဟာ ၁၀နှစ်ကျော် ကာလအတွင်း လူကုန်ကူးခံရသူပေါင်း ၈ထောင်လောက်ကို ကယ်ဆယ်နိုင်ခဲ့တဲ့ အဖွဲ့ဖြစ်ပါတယ်။ ဒီအဖွဲ့ ကတော့ မနေ့က ထိုင်းနဲ့ မြန်မာ အစိုးရတွေ MOU နှစ်နိုင်ငံ သဘောတူစာချုပ် လက်မှတ်ရေးထိုး ခဲ့တာနဲ့ ပတ်သက်လို့လက်တွေလုပ်ဆောင်တဲ့အခါမှာ အလုပ်သမားတွေ အတွက် အကျိုးရှိနိုင်မယ့် အချက်တွေကို တင်ပြနိုင်ခဲ့တယ်လို့ အမူဆောင်ဒါရိုက်တာ ဦးကျော်သောင်းကပြောပါတယ်။

“G-to-G လို့ခေါ်တဲ့ MOU ကို အဲဒါကို တင်ပြပါရစေလို့။ ပွဲစားတွေ လုံးဝမလိုပဲ ရပ်ကျေး အုပ်ချုပ်မှု စနစ်ကနေပြီးတော့ ဘဏ်တစ်ခုခုနဲ့ ချိတ်ပါ။ ရပ်ရွာက အလုပ်လုပ်ဖို့ သွားတဲ့ သူတွေမှာ ရပ်ကျေးက လာတာမို့ အချက်အလက်တွေလဲ ရှိပြီးသား ဖြစ်တယ်။ အဲဒီ ဘဏ်ကနေပြီးတော့ အဲဒီ အလုပ်သမားတွေ လိုအပ်တဲ့ ငွေကြေးကို စိုက်ထုတ်မယ်။ အဲဒီ ဘဏ်ကနေပြီးတော့ လိုအပ်တဲ့ အတိုးကို ယူမယ်။ အဲဒီ အလုပ်သမားသည် အစိုးရက တဆင့် သွားတာမို့လို့ မြန်မာ သံရုံးကို ပိုက်ဆံ ပြန်ပို့ရမယ်။ မြန်မာနိုင်ငံ နေရပ်မှာ ရှိတဲ့ မိဘတွေကို ပြန်ပို့ချင်ရင်လဲ ဘဏ်ကတဆင့် ပြန်ပို့ရမှာ ဖြစ်တဲ့အတွက် ငွေလဲ လုံခြုံတယ်။ ငွေလဲ လုံခြုံတယ်။ ပွဲစား လောကကြီးလဲ မရှိတော့ဘူး ဖြစ်မယ်။ ခင်ဗျားတို့ သိပ်သေချာတယ် ဆိုရင် အမှန်ဆုံးဆိုတဲ့ demand တစ်စောင်ကို ကျွန်တော်နဲ့ မီဒီယာတွေ ရှေ့မှာ စစ်ဆေးခံပြပါလို့ ပြောတာကို ဒီနေ့အထိ စစ်ဆေးမခံနိုင်သေးဘူး။ ဒေါ်စုက ပြောတယ်။ ပွဲစားတွေ တော်တော်ကို ရှုပ်နေပုံပဲတဲ့။ ဒီပွဲစားတွေနဲ့ လုပ်နေတဲ့ အလုပ် မရဘူးတဲ့ ။ အဲဒါကို ကျွန်တော် ပြောနိုင်လိုက်တယ်။ အလုပ်သမားတွေဆီက အခွန်ကောက်ခြင်း မကောက်ခြင်းက တစ်ပိုင်း။ အခွန်မကောက် သည့်တိုင် နိုင်ငံတော်ကို ဝင်တဲ့ ပြည်ပက အလုပ်လုပ်တဲ့ အလုပ်သမားတွေရဲ့ ဝင်ငွေ ဘယ်လောက် ဝင်တယ်ဆိုတာကို သိနိုင်တယ်။ ဒါကြောင့် ဒီအလုပ်ကို လုပ်ဖို့အတွက် ဘဏ်များသည် အဆင်သင့် ဖြစ်ပါလိမ့်မယ်လို့။ အရင် ဝန်ကြီးတွေ လက်ထက်က ဂျပန် နိုင်ငံက ကုမ္ပဏီ သုံးခုဟာ သာမန် မဟုတ်ဘူး။ အဲဒီ ကုမ္ပဏီသုံးခုဟာ ကမ္ဘာ့ နိုင်ငံပေါင်း ၄၆ နိုင်ငံမှာ မြန်မာနိုင်ငံသားတွေ အဖိနှိပ် ခံနေရတာကို အကောင်အထည်ဖော်ဖို့အတွက် သံရုံးနဲ့အတူ ထိုင်းနိုင်ငံ အနှံ့အပြားမှာ ရုံးတွေ ဖွင့်ပြီးတော့မှာ လူမှု ဝန်ထမ်း attache နဲ့၊ လူကုန်ကူးမှု attache နဲ့ အလုပ်သမား သံအရာရှိတွေ ရွေးထားဖို့ လိုတယ်။ အလုပ်သမားအရေးကို အမှန်တကယ် စိတ်ဝင်စားတဲ့ ဝန်ထမ်းတွေနဲ့ အစားထိုးပေးပါလို့ ကျွန်တော် ပြောလိုက်တယ်။ ”

ပညာရေးနဲ့ ဖွံဖြိုးရေး ဖောင်ဒေးရှင်းရဲ့ အမူဆောင် ဒါရိုက်တာ ဦးထူးချစ် ကတော့ ရွေ့ပြောင်း အလုပ်သမား တွေကို အကာအကွယ် ပေးရေး ပေါ်လစီတွေနဲ့ ရွေပြောင်းလုပ်သားတွေ မဲပေးခွင့် ရရှိဖို့အတွက် တင်ပြဆွေးနွေးခဲ့တယ် လို့ဆိုပါတယ်။

“အဓိကကတော့ ကျွန်တော်တို့ အကြံပေးပြီးတော့ ပြောခဲ့တာ အားလုံး ခြုံပြောမယ် ဆိုရင်တော့ အလုပ်သမား အခွင့်အရေးကို စနစ်တကျ ကာကွယ်ဖို့၊ အလုပ်သမားတွေရဲ့ ကျန်းမာရေး ပညာရေး လုပ်ငန်းကို စနစ်တကျ ကာကွယ်ဖို့၊ ကျွန်တော်တို့ စာတမ်းထဲမှာ ဆိုရင်တော့ ရွေ့ပြောင်း အလုပ်သမားတွေအနေနဲ့ မဲဆန္ဒပေးပိုင်ခွင့် ရအောင်ထိ စီစဉ် ဆောင်ရွက်ထားဖို့ အတွက် အစိုးရကို အကြံပေး ထားပါတယ်။ သူ့အနေနဲ့ ထိုင်းအစိုးရနဲ့ သံအမတ်ကြီးကို တိုက်ရိုက် ညွှန်ကြားချက် ရှိသလို အလုပ်သမား ဝန်ကြီးကို တိုက်ရိုက် ပါတယ်။

ရွေ့ပြောင်း အလုပ်သမားတွေ အနေနဲ့ ထိုင်းနိုင်ငံထဲမှာ တရားဥပဒေအရ ချိုးဖောက်သည် ဖြစ်စေ မချိုးဖောက်သည် ဖြစ်စေ မြန်မာ အစိုးရရဲ့ အကူအညီကို ရယူသင့်တယ်။ ရယူပေးရမယ်ဆိုတဲ့ ဟာမျိုးတော့ ပြောခဲ့ပါတယ်။ ”

ဒီကနေ့ ဆွေးနွေးချက်အပေါ်မှာတော့ အလုပ်သမား အဖွဲ့အစည်းတွေက တနာရီကျော်ကြာ အပြန်အလှန် ဆွေးနွေးနိုင်ခဲ့ပြီး လိုအပ်တဲ့ စာတမ်းများ ကိုလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရအဖွဲ့ကို ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ထိုင်းနိုင်ငံ ၃ရက်တာ ခရီးစဉ် အတွင်းမှာ မဟာချိုင်မှာ ရှိတဲ့အလုပ်သမား တွေနဲ့ တွေဆုံခဲ့ပြိး သောင်းနဲ့ ချီရှိတဲ့ အလုပ်သမားတွေ က တွေ့ခွင့် မရတာကြောင့် ခရီးစဉ် ပထမနေ့မှာ လုံခြုံရေးစည်းတွေ ကျော်တဲ့အထိ အလုပ်သမားတွေနဲ့ အာဏာပိုင်တွေကြား တင်းမာမှုတွေ ဖြစ်ခဲ့ပါတယ်။

ဒီအခြေအနေတွေ ကြောင့် ဒေသဆိုင်ရာ အာဏာပိုင် ၂၀ကျော်ကို ထိုင်းအစိုးရက အရေးယူ ဆောင်ရွက်မူတွေကို မနေကပဲ စာတွေ ထုတ်ပြန်ပြိး ချက်ချင်းလုပ်ဆောင် ခဲ့ပါတယ်။ ခရီးစဉ် အတွင်းမှတော့ ထိုင်း ဝန်ကြီးချုပ်နဲ့မနေ့က တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ သဘောတူစာချုပ်တွေ လက်မှတ်ရေးထိုးခဲ့ပါတယ်။

ပထမ သွားဖိုအတွက် စီစဉ်ထားတဲ့ ထန်ဟင်ဒုက္ခသည် စခန်းကတော့ ရာသီဥတု အခြေအနေအရ သွားရောက်နိုင်ခြင်း မရှိတဲ့အတွက် ဒီကနေ အလုပ်သမားအရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်း တွေနဲ့ တွေဆုံ့အပြီးမှာတော့ သူမရဲ့ ၃ရက်တာ ထိုင်းနိုင်ငံ ခရီးစဉ်ကို အဆုံးသတ်ပြီး မြန်မာနိုင်ငံကို ပြန်လည် ထွက်ခွာသွားပြီ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG