အခုနိုဝင်ဘာလမှာကျင်းပမယ့် ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ရလာမယ့် ရလာဒ်အပေါ်မှာ လေးစားလက်ခံမယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်က ပြောဆိုခဲ့ဘူးပါတယ်။ ဒါပေမဲ့လည်း တပ်မတော်သားတွေဆန္ဒမဲပေးမယ်ဆိုရင် ကာကွယ်ရေးအမြင်ရှိသူတွေ၊ တပ်မတော်အပေါ်နားလည်မှုရှိသူတွေအခြေခံထားပြီး စဉ်းစားကြဖို့ ကယားပြည်နယ်ခရီးစဉ်အတွင်းမှာပြောဆိုသွားပါတယ်။
အခုလိုပြောဆိုချက်ဟာ လွတ်လပ်၊ မျှတတဲ့ရွေးကောက်ပွဲအပေါ်မှာ ဘယ်လောက်အထိသက်ရောက်မှုရှိလာနိုင်ပါသလဲ။ စစ်တပ်အနေနဲ့လက်ရှိရွေးကောက်ပွဲမှာ မှန်မှန်ကန်ကန်ရပ်တည်ပြီး ကြားနေမယ်လို့ ယူဆဖွယ်ရှိသလား။
သောတရှင်တွေကိုယ်တိုင်ပါဝင်ဆွေးနွေးထားပါတယ်။