လာမယ့်နိုဝင်ဘာလ (၈) ရက်ရွေးကောက်ပွဲ လွတ်လပ်ပြီး၊ တရားမျှတဖို့ဆိုရင် သမာသမတ်ရှိရှိ ကြားနေရပ်တည်ရမယ့် အဖွဲ့အစည်းတွေကလည်း သမာသမတ်ရှိဖို့အရေးကြီးပါတယ်။ ရွေးကောက်ပွဲကို ကမကထလုပ်ပေးမယ့် ရွေးကောက်ပွဲကော်မရှင်လိုအဖွဲ့အစည်း၊ နိုင်ငံကာကွယ်ရေးအတွက် လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့တပ်မတော်လို အဖွဲ့အစည်းတွေအနေနဲ့ လာမယ့်ရွေးကောက်ပွဲမှာ သမာသမတ်ကျကျရပ်တည်နိုင်မယ်လို့ ယူဆပါသလား။ ဒီအဖွဲ့အစည်း (၂)ခုရဲ့ ရွေးကောက်ပွဲအပေါ် လက်ရှိရပ်တည်ချက်နဲ့ သူတို့အပေါ်အကဲဖြတ်ချက်တွေကို ဆွေးနွေးတင်ပြထားပါတယ်။