သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖွံ့ဖြိုးရေးနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဘယ်လမ်းရွေးမလဲ


သြဂုတ်လ ၁၁၊ ၂၀၁၈ - မြန်မာနိုင်ငံရဲ့ စီးပွားရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေမှာ အများကြိုက်ဝါဒတွေကြောင့် အဟန့်အတားတွေ ဖြစ်နေရတယ်လို့ တရုတ်အစိုးရအာဘော် Global Times သတင်းစာရဲ့ ဆောင်းပါးတစောင်က မကြာသေးခင်တုန်းကပဲ ထောက်ပြထားပါတယ်။

အစိုးရမဟုတ်တဲ့ NGOs အဖွဲ့အစည်းတွေ များလွန်းတာ၊ အများပြည်သူ သဘောထားကို ဦးစားပေးလွန်းတာတွေကြောင့် အစိုးရအနေနဲ့ မူဝါဒချမှတ်ရာမှာ အားနည်းချက်တွေ ရှိနေပြီး၊ အရေးကြီးတဲ့ စီမံကိန်းတွေကို အကောင်အထည် မဖော်နိုင်ပဲ ဖြစ်နေရတယ်လို့လည်း ထောက်ပြထားတာပါ။

မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေမှာ၊ ဒီမိုကရေစီ လွတ်လပ်ခွင့်တွေ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လိုအပ်ချက်တွေကို ဦးစားပေးသင့်သလား၊ စီးပွားရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေက ပိုပြီးအရေးကြီးသလား ဆိုတာကိုတော့ ဗွီအိုအေရဲ့ စနေနေ့ည တိုက်ရိုက်လေလှိုင်း အစီအစဉ်မှာ ကိုအောင်လွင်ဦး ကဆွေးနွေး တင်ဆက်ထားပါတယ်။

ဖွံ့ဖြိုးရေးနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဘယ်လမ်းရွေးမလဲ
please wait

No media source currently available

0:00 0:25:03 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG