အောက်တိုဘာ ၂၀၊ ၂၀၁၈ - မကြာသေးခင်ကပဲ ပြီးဆုံးသွားတဲ့ ငြိမ်းချမ်းရေး ထိပ်သီးညီလာခံမှာ အစိုးရ၊ တပ်မတော်နဲ့ အပစ်အခတ် ရပ်စဲထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကြား သဘောတူညီချက်တချို့ ရရှိခဲ့ကြပါတယ်။
ထိပ်တန်းခေါင်းဆောင်တွေ တက်ရောက်ခဲ့တဲ့ ညီလာခံမှာ အရင်က ညှိနှိုင်းလို့ မရခဲ့တဲ့ အချက်တချို့ကိုပါ ဆွေးနွေးဖို့ လက်ခံခဲ့ကြတာဟာ အောင်မြင်မှု တခုလို့ ဆိုနိုင်ပါသလား၊ ပြည်တွင်း ငြိမ်းချမ်းရေး တခုလုံးအတွက် ရှေ့ဆက်နိုင်ရေး ဘာတွေလိုနေသေးသလဲ ဆိုတာတွေကို ဗွီအိုအေရဲ့ စနေနေ့ည တိုက်ရိုက်လေလှိုင်း အစီအစဉ်မှာ ကိုအောင်လွင်ဦး ကဆွေးနွေးတင်ဆက် ထားပါတယ်။