သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ ပူတင်ရဲ့တိုက်ရိုက် လေလှိုင်း


သမ္မတ ပူတင်ရဲ့တိုက်ရိုက် လေလှိုင်း (ဧပြီ ၁၄၊ ၂၀၁၆)
သမ္မတ ပူတင်ရဲ့တိုက်ရိုက် လေလှိုင်း (ဧပြီ ၁၄၊ ၂၀၁၆)

အမေရိကန် ပြည်ထောင်စုဟာ နယ်ချဲ့ဝါဒ ရည်မှန်းချက်တွေ ရှိနေတယ်လို့ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်က စွပ်စွဲ ပြောဆိုလိုက်ပါတယ်။

ကြာသပတေးနေ့က ပူတင်ဟာ နှစ်စဉ် လုပ်နေကျ ရုပ်သံကနေ တိုက်ရိုက်မေးခွန်းဖြေကြားတဲ့ အစီအစဉ်မှာ အမေရိကန် သမ္မတ ကိုယ်စားလှယ်လောင်း တွေဖြစ်ကြတဲ့ ဒီမိုကရက် ပါတီ ကိုယ်စားပြု ဟီလာရီ ကလင်တန်နဲ့ ရီပတ်ဘလစ်ကန် ပါတီ ကိုယ်စားပြု ဒေါ်နယ်ထရမ့်တို့အနက် ဘယ်သူက ရုရှားနိုင်ငံအတွက် ပိုဆိုးမလဲ ဆိုတဲ့ မေးခွန်းကို သူက ပြန်လည် ဖြေကြားခဲ့တာပါ။

ဒါဟာ လူတစ်ဦးတစ်ယောက်ချင်းနဲဆိုင်တဲ့ ကိစ္စမဟုတ်ပဲ၊ အမေရိကန်ပြည်ထောင်စု အနေနဲ့ အထူး အဆင့်အတန်းနဲ့ အထူး အခွင့်အရေး တွေရဖို့အတွက် မှားယွင်းတဲ့ ရည်မှန်းချက်နောက်ကို ဆက်လိုက်မလား ဆိုတာနဲ့ပဲ ဆိုင်တယ်လို့ ရုရှားသမ္မတက ဖြေကြားခဲ့ပါတယ်။

ဆီးရီးယား ပဋိပက္ခနဲ့ ပက်သက်ပြီး မှတ်ချက်ပြု ပြောကြားရာမှာတော့၊ ဆီးရီးယားရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်ကို ပြဒါန်းနိုင်ဖို့ ဆွေးနွေးရာမှာ ဆီးရီးယား ပြည်သူတွေ ပါဝင်သင့်ပြီး၊ ဆီးရီးယားရဲ့ ပြဿနာတွေကို စစ်ရေးနည်းလမ်းနဲ့ ဖြေရှင်းနိုင်မှာ မဟုတ်ဘူးလို့ သူက ပြောသွားပါတယ်။

XS
SM
MD
LG