နိုဝင်ဘာလမှာကျင်းပမယ့် ပါတီစုံရွေးကောက်ပွဲဟာ နှစ် ၂၀ ကြာခဲ့တဲ့ စစ်အုပ်ချုပ်ရေးကို တစုံတရာ ပြောင်းလဲပစ်နိုင်တယ်လို့ ပါဝင်ယှဉ်ပြိုင်တဲ့
နိုင်ငံရေးပါတီအများစုက ယုံကြည်နေကြပါတယ်။ ရွေးကောက်ပွဲနောက်ပိုင်း မြန်မာ့ နိုင်ငံရေးဇာတ်ခုံမှာ ဇာတ်ကောင် အသစ်တွေ အာဏာဖွဲ့စည်းမှု အသစ်တွေ ပေါ်လာပြီး၊ စစ်တပ်က နိုင်ငံတော် အာဏာ အရပ်ရပ်ကို ချုပ်ကိုင် လွှမ်းမိုးထားမှုတွေ တကယ်ပဲ လျော့သွားနိုင်မယ်လို့ ယူဆနိုင်သလားဆိုတာကို ဆွေးနွေးဖို့ NDF အမျိုးသားဒီမိုကရေစီ အင်အားစုက ခေါင်းဆောင် ဦးခင်မောင်ဆွေ၊
ထိုင်းအခြေစိုက် မြန်မာ့အရေးဆောင်ရွက်နေတဲ့ NDD မြန်မာနိုင်ငံ ဒီမိုကရက်တစ်အင်အားစုက အတွင်းရေးမှူးချုပ် ဒေါက်တာနိုင်အောင်တို့နဲ့ ကိုသားညွန့်ဦးက သောတရှင်တွေကို တွေ့ဆုံပေးထားပါတယ်။