ပြီးခဲ့တဲ့ ငြိမ်းချမ်းရေးညီလာခံအတွင်း “ပြည်ထောင်စုကခွဲမထွက်ရဆိုတဲ့ “ အသုံးအနှုန်း အပေါ်မှာ တတ်ရောက်လာတဲ့ ကိုယ်စားလှယ်တွေအကြား အတော်လေးကို အချေအတင်ဆွေးနွေးခဲ့ရပြီး၊ အဆုံးမှာ သဘောတူညီမှုမရပဲ ညီလာခံကို အဆုံးသတ်ခဲ့ ရပြန်ပါတယ်။
ဖွံဖြိုးပြီး ဒီမိုကရေစီရှင်သန်မယ့် ပြည်ထောင်စုတရပ် သဘောတူဖွဲ့စည်းဖို့ကြဖို့ရာ၊ ခွဲထွက်ခွင့်ရှိရမယ်ဆိုတဲ့ သဘောထားသင့်သလား၊ ခွဲမထွက်ရဆိုတဲ့ အာမခံချက် ထားသင့်သလား၊ ဒီအသုံးအနှုန်းကို အလေးပေးဆွေးနွေးနေခြင်းအားဖြင့် ငြိမ်းချမ်းရေးရှေ့ဆက် ဖို့ တကယ်ပဲ ထိရောက်အသုံးတည့်ပါသလား။ ရခိုင်အမျိုးသားပါတီ ဥက္ကဌ ဒေါက်တာအေးမောင်၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးအောင်မိုးဇော်နဲ့ NHK သတင်းဌာနက ကိုသီဟသွေးတို့က ပင်တိုင်ပါဝင်ဆွေးနွေး ထားပါတယ်။