တာလီဘန္ေတြရဲ႕ ၿခိမ္းေျခာက္မႈကိုခံေနရတဲ့ အာဖဂန္နစၥတန္ႏိုင္ငံက သတင္း မီဒီယာသမားေတြကို အထူးဗီဇာေတြေပးၿပီး ျပည္ဝင္ခြင့္ျပဳဖို႔ အေမရိကန္ သမၼတ ဂ်ဳိးဘိုင္ဒန္ နဲ႔ ကြန္ကရက္ကို အေမရိကန္ ျပည္ေထာင္စု ရွိ သတင္း မီဒီယာၫြန္႔ေပါင္းအဖြဲ႔ႀကီး တခုက မေန႔က ေတာင္းဆိုလိုက္ပါတယ္။ အဲဒီ မီဒီယာသမားေတြဟာ အေမရိကန္ အပါအဝင္ ႏိုင္ငံတကာသတင္းဌာနေတြနဲ႔ ခ်ိတ္ဆက္ အလုပ္လုပ္ေနၾကတဲ့အတြက္ေၾကာင့္ တာလီဘန္ေတြရဲ႕ ၿခိမ္းေျခာက္မႈကိုခံေနၾကရတယ္လို႔ဆိုပါတယ္။
အာဖဂန္နစၥတန္ႏိုင္ငံက အေမရိကန္တပ္ဖြဲ႔ေတြကို ကူညီခဲ့သူေတြကို အျပန္အလွန္အားျဖင့္ အေမရိကန္ပိုင္နယ္ေျမေတြကို ေခၚယူခဲ့တဲ့ပုံစံမ်ဳိး အခုလည္းပဲ အာဖဂန္မီဒီယာသမား ၁ ေထာင္ဝန္က်င္နဲ႔ သူတို႔ရဲ႕မီသားစုေတြကို အကူအညီေပးဖို႔ တိုက္တြန္းခ်က္ထဲမွာ ေရးထားပါတယ္။
ၿပီးခဲ့တဲ့ ၂ဝဝ၈ ခုႏွစ္ကလည္း အီရတ္မွာ အေမရိကန္အစိုးရနဲ႔ အလုပ္တြဲလုပ္ခဲ့ၾကတဲ့ မီဒီယာသမားေတြကို အေမရိကန္ပိုင္နယ္ေျမထဲ ေခၚယူအကာအကြယ္ေပးခဲ့တဲ့အေၾကာင္းလည္း အကိုးအကားအေနနဲ႔ ေတာင္းဆိုခ်က္မွာ ေရးထားပါတယ္။
ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲေတြ စတင္ခဲ့ကတည္းက အနည္းဆုံး အာဖဂန္သတင္းသမား ၁ဝ ဦးေလာက္ဟာ သတ္ျဖတ္ခံခဲ့ရပါတယ္။ ဒါအျပင္ တာလီဘန္ေတြ သိမ္းပိုက္ခဲ့တဲ့ ႏိုင္ငံေျမာက္ပိုင္းေဒသေတြက ဒါဇင္ေပါင္းမ်ားစြာရွိၾကတဲ့ သတင္းသမားေတြလည္း ထြက္ေျပးကုန္ၾကရပါတယ္။
တာလီဘန္ေတြကေတာ့ လြတ္လပ္တဲ့ သတင္းသမားေတြကို ပစ္မွတ္ထားတိုက္ခိုက္တာမ်ဳိးမလုပ္ဘူး လို႔ ျငင္းဆိုၿပီး အာဖဂန္အစိုးရပိုင္ မီဒီယာေတြကိုသာ တိုက္ခိုက္ခဲ့တာလို႔ ေျပာပါတယ္။ အဲဒီအတြက္ သတင္းသမားေတြအေနနဲ႔ ပုံမွန္အတိုင္း အလုပ္လုပ္ၾကဖို႔ေျပာပါတယ္။
-----------------------------
တာလီဘန်တွေရဲ့ ခြိမ်းခြောက်မှုကိုခံနေရတဲ့ အာဖဂန်နစ္စတန်နိုင်ငံက သတင်း မီဒီယာသမားတွေကို အထူးဗီဇာတွေပေးပြီး ပြည်ဝင်ခွင့်ပြုဖို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန် နဲ့ ကွန်ကရက်ကို အမေရိကန် ပြည်ထောင်စု ရှိ သတင်း မီဒီယာညွန့်ပေါင်းအဖွဲ့ကြီး တခုက မနေ့က တောင်းဆိုလိုက်ပါတယ်။ အဲဒီ မီဒီယာသမားတွေဟာ အမေရိကန် အပါအဝင် နိုင်ငံတကာသတင်းဌာနတွေနဲ့ ချိတ်ဆက် အလုပ်လုပ်နေကြတဲ့အတွက်ကြောင့် တာလီဘန်တွေရဲ့ ခြိမ်းခြောက်မှုကိုခံနေကြရတယ်လို့ဆိုပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံက အမေရိကန်တပ်ဖွဲ့တွေကို ကူညီခဲ့သူတွေကို အပြန်အလှန်အားဖြင့် အမေရိကန်ပိုင်နယ်မြေတွေကို ခေါ်ယူခဲ့တဲ့ပုံစံမျိုး အခုလည်းပဲ အာဖဂန်မီဒီယာသမား ၁ ထောင်ဝန်ကျင်နဲ့ သူတို့ရဲ့မီသားစုတွေကို အကူအညီပေးဖို့ တိုက်တွန်းချက်ထဲမှာ ရေးထားပါတယ်။
ပြီးခဲ့တဲ့ ၂ဝဝ၈ ခုနှစ်ကလည်း အီရတ်မှာ အမေရိကန်အစိုးရနဲ့ အလုပ်တွဲလုပ်ခဲ့ကြတဲ့ မီဒီယာသမားတွေကို အမေရိကန်ပိုင်နယ်မြေထဲ ခေါ်ယူအကာအကွယ်ပေးခဲ့တဲ့အကြောင်းလည်း အကိုးအကားအနေနဲ့ တောင်းဆိုချက်မှာ ရေးထားပါတယ်။
ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ စတင်ခဲ့ကတည်းက အနည်းဆုံး အာဖဂန်သတင်းသမား ၁ဝ ဦးလောက်ဟာ သတ်ဖြတ်ခံခဲ့ရပါတယ်။ ဒါအပြင် တာလီဘန်တွေ သိမ်းပိုက်ခဲ့တဲ့ နိုင်ငံမြောက်ပိုင်းဒေသတွေက ဒါဇင်ပေါင်းများစွာရှိကြတဲ့ သတင်းသမားတွေလည်း ထွက်ပြေးကုန်ကြရပါတယ်။
တာလီဘန်တွေကတော့ လွတ်လပ်တဲ့ သတင်းသမားတွေကို ပစ်မှတ်ထားတိုက်ခိုက်တာမျိုးမလုပ်ဘူး လို့ ငြင်းဆိုပြီး အာဖဂန်အစိုးရပိုင် မီဒီယာတွေကိုသာ တိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။ အဲဒီအတွက် သတင်းသမားတွေအနေနဲ့ ပုံမှန်အတိုင်း အလုပ်လုပ်ကြဖို့ပြောပါတယ်။