သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

COVID-19 အတည်ပြုလူနာ မရှိတော့ကြောင်း ကမ္ဘောဒီးယားပြော


ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တွင်း သွားလာနေကြသူများ။ (မေ ၁၊ ၂၀၂၀)
ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တွင်း သွားလာနေကြသူများ။ (မေ ၁၊ ၂၀၂၀)

(Zawgyi / Unicode)

ကမ္ဘောဒီးယားနိုင်ငံမှာ COVID-19 ရောဂါနဲ့ ဆေးကုသမှု ခံယူနေတဲ့ နောက်ဆုံးလူနာကို ဆေးရုံက ဆင်းခွင့်ပြုလိုက်ပြီဖြစ်ပြီး နောက်ထပ် အတည်ပြုလူနာသစ် မရှိတဲ့အကြောင်း ကမ္ဘောဒီးယား ကျန်းမာရေးဝန်ကြီးဌာနက စနေနေ့က ပြောပါတယ်။

ဒါပေမယ့် ကျောင်းတွေနဲ့ နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုတွေကိုလည်း ဆက်ပြီး ပိတ်ထားမှာဖြစ်သလို ရောဂါကူးစက်မှု ကာကွယ်ရေးအတွက် ကန့်သတ်ချက်တွေကို ဖြေလျှော့ပေးဦးမှာ မဟုတ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ထားပါတယ်။

ကမ္ဘောဒီးယားမှာ COVID-19 ရောဂါ ကူးစက်ခံရသူ ၁၂၂ ဦးရှိကြောင်း အတည်ပြုပြောကြားထားပြီး သေဆုံးသူ မရှိပါဘူး။

ပြီးခဲ့တဲ့ ဇန်နဝါရီကစလို့ စုစုပေါင်း လူ ၁၄၆၈၄ ယောက်ကို ရောဂါရှိမရှိ စစ်ဆေးမှုပြုလုပ်ခဲ့ပြီး ဧပြီ ၁၂ ရက်နေ့ နောက်ပိုင်း အတည်ပြုလူနာသစ် မရှိဘူးလို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

ပြည်သူတွေအနေနဲ့ ဆက်ပြီး သတိရှိကြဖို့နဲ့ လူစုလူဝေးတွေကို ရှောင်ကြဖို့၊ လမ်းညွှန်သတိပေးချက်တွေကို လိုက်နာကြဖို့ ကျန်းမာရေးဝန်ကြီး Mam Bunheng က တိုက်တွန်းထားပါတယ်။

ပုံမှန်အားဖြင့် ကူးစက်မှု အတော်များများဟာ ပြင်ပက ကူးစက်တာ ဖြစ်တဲ့အတွက် နယ်စပ်ဖြတ်ကျော် စစ်ဆေးရေးဂိတ်တွေ၊ လေဆိပ်တွေနဲ့ ကုန်းလမ်းဖြတ်ကျော် စစ်ဆေးရေးဂိတ်တွေမှာ အထူးသတိထား စစ်ဆေးဖို့ လိုအပ်တယ်လို့လည်း သူကပြောပါတယ်။

ပြည်ပက ဝင်ရောက်လာသူတွေ အနေနဲ့ COVID-19 ကင်းရှင်းကြောင်း ထောက်ခံချက်လက်မှတ် ပါရှိမှသာ ကမ္ဘောဒီးယားနိုင်ငံတွင်း ဝင်ရောက်ခွင့်ပြုမှာဖြစ်ပြီး ဝင်ရောက်တာနဲ့ တပြိုင်နက် ၁၄ ရက် စောင့်ကြည့်ခံရမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

------------------------------

(Unicode)









XS
SM
MD
LG