(Zawgyi / Unicode)
လူေတြမွာ COVID-19 ေရာဂါ ရွိမရွိ ဆုိတာကို အလြယ္တကူ သိႏုိင္ဖို႔အတြက္ ေခြးေတြနဲ႔ အနံ႔ခံၿပီး စမ္းသပ္ဖို႔ ၿဗိတိန္သုေတသီေတြ စမ္းသပ္ၾကေတာ့မွာ ျဖစ္ပါတယ္။
ဒီသုေတသနလုပ္ဖို႔အတြက္ ေဒၚလာ ၆ သိန္းေက်ာ္ အသုံးျပဳမယ္လုိ႔ ၿဗိတိန္အစိုးရက စေနေန႔မွာ ေျပာပါတယ္။
ဒီစမ္းသပ္မႈကိုေတာ့ လန္ဒန္က တကိုယ္ေရသန္႔ရွင္းေရးနဲ႔ အပူပိုင္းေဆးပညာဆိုင္ရာ Durham တကၠသိုလ္နဲ႔ ၿဗိတိန္ ပရဟိတအဖြဲ႔တခုျဖစ္တဲ့ Medical Detection Dogs အဖဲြ႔တုိ႔ ေပါင္းၿပီးေတာ့ လုပ္ၾကမွာပါ။
လူေတြကို အနံ႔ခံၿပီး ေရာဂါရွာေဖြေဖာ္ထုတ္တဲ့ ေခြးေတြဟာ တခ်ိဳ႕ကင္ဆာေရာဂါေတြ၊ Parkinson's Disease လို႔ေခၚတဲ့ အာ႐ံုေၾကာ အားနည္းတဲ့ ေရာဂါသည္ေတြနဲ႔ ငွက္ဖ်ားေရာဂါသည္ေတြကို ရွာေဖြေဖာ္ထုတ္ႏုိင္ခဲ့ၿပီး ဒီစမ္းသပ္မႈက ေရာဂါရွာေဖြ စမ္းသပ္တာေတြကို ျမန္ျမန္လုပ္လာနုိင္ေစမွာ ျဖစ္တယ္လို႔ ၿဗိတိန္ တီထြင္ဆန္းသစ္မႈဆုိင္ရာ၀န္ႀကီး James Bethel က ေျပာပါတယ္။
Labradors နဲ႔ Cocker Spaniels ေခြး ၆ ေကာင္ကို လန္ဒန္ေဆး႐ုံက COVID ေရာဂါေ၀ဒနာရွင္ ၁၉ ေယာက္ရဲ႕ အနံ႔ေတြကို နမူနာေပးၿပီး အဲဒီလူေတြရဲ႕ အနံ႔နဲ႔ ေနာက္ ေရာဂါမရွိတဲ့လူေတြရဲ႕ အနံ႔ေတြကို ခဲြျခားႏုိင္ဖို႔ သင္ေပးသြားမွာျဖစ္တယ္လို႔ ေျပာပါတယ္။
တကယ္လို႔ ေအာင္ျမင္ခဲ့မယ္ဆုိရင္ေတာ့ ေခြးတေကာင္ဟာ တနာရီမွာ လူ ၂၅၀ ကို အနံ႔ခံ စမ္းသပ္သြားႏုိင္မွာျဖစ္ၿပီး ေလယာဥ္ကြင္းေတြနဲ႔ အမ်ားျပည္သူနဲ႔ သက္ဆုိင္တဲ့ ေနရာေတြမွာ အသုံးျပဳသြားမွာ ျဖစ္ပါတယ္။
ဒါ့အျပင္ အေမရိကန္နဲ႔ ျပင္သစ္ႏုိင္ငံက သုေတသီေတြကလည္း ဗုိင္းရပ္စ္ပိုးရွိမရွိ ဆုိတာကို သိႏုိင္ဖို႔အတြက္ ေခြးေတြကို အနံ႔ခံခိုင္းၿပီး ေလ့က်င့္ေပးဖို႔ ႀကိဳးပမ္းေနၾကပါတယ္။
------------------------------
(Unicode)
COVID-19 ရှိမရှိ ခွေးတွေနဲ့ အနံ့ခံစစ်ဆေးနိုင်ဖို့ ဗြိတိန်သုတေသီတွေ စမ်းသပ်မယ်
လူတွေမှာ COVID-19 ရောဂါ ရှိမရှိ ဆိုတာကို အလွယ်တကူ သိနိုင်ဖို့အတွက် ခွေးတွေနဲ့ အနံ့ခံပြီး စမ်းသပ်ဖို့ ဗြိတိန်သုတေသီတွေ စမ်းသပ်ကြတော့မှာ ဖြစ်ပါတယ်။
ဒီသုတေသနလုပ်ဖို့အတွက် ဒေါ်လာ ၆ သိန်းကျော် အသုံးပြုမယ်လို့ ဗြိတိန်အစိုးရက စနေနေ့မှာ ပြောပါတယ်။
ဒီစမ်းသပ်မှုကိုတော့ လန်ဒန်က တကိုယ်ရေသန့်ရှင်းရေးနဲ့ အပူပိုင်းဆေးပညာဆိုင်ရာ Durham တက္ကသိုလ်နဲ့ ဗြိတိန် ပရဟိတအဖွဲ့တခုဖြစ်တဲ့ Medical Detection Dogs အဖွဲ့တို့ ပေါင်းပြီးတော့ လုပ်ကြမှာပါ။
လူတွေကို အနံ့ခံပြီး ရောဂါရှာဖွေဖော်ထုတ်တဲ့ ခွေးတွေဟာ တချို့ကင်ဆာရောဂါတွေ၊ Parkinson's Disease လို့ခေါ်တဲ့အာရုံကြော အားနည်းတဲ့ ရောဂါသည်တွေနဲ့ ငှက်ဖျားရောဂါသည်တွေကို ရှာဖွေဖော်ထုတ်နိုင်ခဲ့ပြီး ဒီစမ်းသပ်မှုက ရောဂါရှာဖွေ စမ်းသပ်တာတွေကို မြန်မြန်လုပ်လာနိုင်စေမှာ ဖြစ်တယ်လို့ ဗြိတိန် တီထွင်ဆန်းသစ်မှုဆိုင်ရာဝန်ကြီး James Bethel က ပြောပါတယ်။
Labradors နဲ့ Cocker Spaniels ခွေး ၆ ကောင်ကို လန်ဒန်ဆေးရုံက COVID ရောဂါဝေဒနာရှင် ၁၉ ယောက်ရဲ့ အနံ့တွေကို နမူနာပေးပြီး အဲဒီလူတွေရဲ့ အနံ့နဲ့ နောက် ရောဂါမရှိတဲ့လူတွေရဲ့ အနံ့တွေကို ခွဲခြားနိုင်ဖို့ သင်ပေးသွားမှာဖြစ်တယ်လို့ ပြောပါတယ်။
တကယ်လို့ အောင်မြင်ခဲ့မယ်ဆိုရင်တော့ ခွေးတကောင်ဟာ တနာရီမှာ လူ ၂၅၀ ကို အနံ့ခံ စမ်းသပ်သွားနိုင်မှာဖြစ်ပြီး လေယာဉ်ကွင်းတွေနဲ့ အများပြည်သူနဲ့ သက်ဆိုင်တဲ့ နေရာတွေမှာ အသုံးပြုသွားမှာ ဖြစ်ပါတယ်။
ဒါ့အပြင် အမေရိကန်နဲ့ ပြင်သစ်နိုင်ငံက သုတေသီတွေကလည်း ဗိုင်းရပ်စ်ပိုးရှိမရှိ ဆိုတာကို သိနိုင်ဖို့အတွက် ခွေးတွေကို အနံ့ခံခိုင်းပြီး လေ့ကျင့်ပေးဖို့ ကြိုးပမ်းနေကြပါတယ်။