သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကုိဗစ္ကပ္ေရာဂါနဲ႔ စိတ္က်န္းမာေရး


(Zawgyi/Unicode)

COVID-19 ကပ္ေရာဂါနဲ႔ဆက္စပ္ၿပီး စိတ္က်န္းမာေရးအတြက္ စိတ္ေရာဂါအထူးကုဆရာဝန္ႀကီးနဲ႔ ေမးျမန္းထားတာကို မစုျမတ္မြန္က တင္ျပပါမယ္။

COVID-19 ေရာဂါေၾကာင့္ စုိးရိမ္ေၾကာင့္ၾကမႈျဖစ္တာဟာ သာမန္ျဖစ္ေလ့႐ွိတဲ့အတြက္ လူတိုင္းမွာ႐ွိတဲ့ ခံႏိုင္ရည္စြမ္းအားကို ပိုေကာင္းေအာင္လုပ္ၿပီး စုိးရိမ္မႈေတြကို ေက်ာ္လႊားႏိုင္တယ္လို႔ ရန္ကုန္ေဆးတကၠသိုလ္ (၁) နဲ႔ (၂) က ဂုဏ္ထူးေဆာင္ပါေမာကၡျဖစ္တဲ့ Australia ႏိုင္ငံ Sydney ၿမိဳ႕က စိတ္ေရာဂါဆိုင္ရာ အထူးကုဆရာဝန္ႀကီး ေဒါက္တာ Raymond တင့္ေဝက ေျပာပါတယ္။ ကပ္ေရာဂါေၾကာင့္ စိုးရိမ္စိတ္နဲ႔ သူ႔ဆီမွာ လာျပတဲ့လူနာေတြ ႐ွိေနတယ္လို႔ ေဒါက္တာ Raymond တင့္ေဝက ခုလို စေျပာျပပါတယ္။

ေဒါက္တာ Raymond တင့္ေဝ။ ။ အၾကမ္းျဖင္းအားျဖင့္ ေျပာမယ္ဆိုရင္ေတာ့ လူေတြက စိုးရိမ္တာတို႔ ေၾကာင့္ၾကမႈတို႔ ရွိတယ္ေပါ့ေနာ္။ ဒါေပမယ့္ စိတ္ေရာဂါဆိုင္ရာ အထူးကုဆရာဝန္နဲ႔ ေသာ္လည္းေကာင္း ၊ ဒီလို ေဘးဥပဒ္က်ေရာက္တဲ့ လူေတြမွာ ျဖစ္တဲ့ စိတ္ေရာဂါဆိုင္ရာ အထူးစိတ္၀င္စားတဲ့ သူတေယာက္ psychiatrist တေယာက္အေနနဲ႔ ေျပာရမယ္ဆိုရင္ ဒီလို စိတ္ပူပန္ေၾကာင့္ၾကမႈရွိတာဟာ အမ်ားအားျဖင့္ေတာ့ သာမန္လို႔ ယူဆတယ္ေပါ့ေနာ္။ ဘာျဖစ္လို႔လဲဆိုေတာ့ က်ေနာ့္လူနာေတြကိုလည္း ေျပာပါတယ္ ဒါတေယာက္တည္းျဖစ္တာမဟုတ္ဘူး အမ်ားနဲ႔ ျဖစ္ေနတာေပါ့ေနာ္။ fear response လို႔ေခၚတာေပါ့ ေၾကာင့္ၾကတာ စိုးရိမ္တာ ။

အဲလို ေၾကာင့္ၾကတာေလးရွိမွ စိုးရိမ္တာရွိမွ စည္းကမ္းလိုက္နာမွာတို႔ ၊ ဒီေရာဂါအေၾကာင္းပိုသိခ်င္တာတို႔၊ ဒီေရာဂါ ဘယ္လိုကာကြယ္ရမလဲ ၊ ဘယ္လို ေစာင့္ေရွာက္ရမလဲ ဆိုတာ သိၿပီးေတာ့ လူက မိမိကိုယ္လည္း ကာကြယ္မယ္၊ မိသားစုနဲ႔ တျခားလူေတြကိုပါ ကာကြယ္ေပးႏိုင္တဲ့ အေနအထားရွိတာေပါ့။ အဲလိုတာ မေၾကာင့္ၾကဘူးဆိုရင္ တဇြတ္ထိုးလုပ္တဲ့ လူေတြ အမ်ားႀကီးရွိတယ္ေပါ့ေနာ္။ သာမန္အားျဖင့္ေျပာမယ္ဆိုရင္ ဒီလိုဟာမွာ တံု႔ျပန္တာက သာမန္ reaction ျဖစ္တဲ့အတြက္ေၾကာင့္ pathologize မလုပ္ခ်င္ဘူးေပါ့ေနာ္ ။ ေရာဂါႀကီးကို မေျပာခ်င္ဘူး လူမွာ ခံႏိုင္ရည္စြမ္းအား resilient ရွိပါတယ္။ အဲဒါေၾကာင့္ ကိုယ့္မွာရွိတဲ့ resilient ကို ပ်ိဳးေထာင္ျခင္းအားျဖင့္ ကိုယ့္မွာရွိတဲ့ Strength ကို တိုးတက္ေအာင္လုပ္ခ်င္းအားျဖင့္ ကိုယ့္မွာရွိတဲ့ coping strategies ေတြကို ပိုၿပီးေတာ့ ေကာင္းေအာင္လုပ္ျခင္းအားျဖင့္ အဲဒီအေျခအေန အခက္အခဲကေန ေက်ာ္လႊားႏိုင္မွာပါ။

ဒါေပမယ့္ အဲလိုျဖစ္တဲ့အေျခအေနမွာပဲ နဂိုကတည္းက အခံရွိတဲ့လူတို႔ ၊ စိတ္က်န္းမာေရး ခ်ိဳ႕တဲ့တဲ့လူတို႔ ၊ အသက္အရြယ္ႀကီးရင့္တဲ့လူတို႔ အဲဒီမွာ သူ႔စိုးရိမ္စိတ္က ပိုၿပီးေတာ့ လြန္ကဲတာမ်ိဳးေတြ ျဖစ္တတ္တယ္။ အဲလိုမ်ိဳးဆိုရင္ စိတ္က်ေရာဂါေတြလည္း ျဖစ္ႏိုင္တယ္။ ေနာက္တခါက်ေတာ့ Anxiety ဆိုတာ စိုးရိမ္ပူပန္တဲ့ ေရာဂါ ေနာက္ၿပီးေတာ့ Panic Disorder ဆိုတာက စိုးရိမ္ပူပန္မႈလြန္ကဲတဲ့ ေရာဂါ အဲဒါမ်ိဳးေတြ ျဖစ္ႏိုင္တယ္ လူက မအိပ္ႏိုင္ မစားႏိုင္တို႔ ျဖစ္ႏိုင္တယ္။ တခါ စိတ္ဓါတ္အားျဖင့္ က်ဆင္းသြားတာေတြလည္း ျဖစ္ႏိုင္တယ္။

မစုျမတ္မြန္။ ။ အခုလို ကာလမ်ိဳးမွာ အိမ္ထဲက အိမ္ျပင္ မထြက္ရ ကန္႔သတ္ခ်က္ေတြေၾကာင့္ အိမ္တြင္း အၾကမ္းဖက္မႈေတြ ပိုမ်ားလာတယ္ဆိုၿပီးေတာ ့ ကုလသမဂၢ ကလည္း သတိေပးထားတာေတြ ရွိပါတယ္။ အဲဒီေတာ့ အၾကမ္းဖက္မူ လုပ္တတ္တဲ့ သူမ်ိဳးနဲ႔ အတူရွိေနတဲ့သူေတြကို ဆရာတို႔အေနနဲ႔ ဘယ္လို အၾကံေပးခ်င္ပါသလဲရွင့္။

ေဒါက္တာ Raymond တင့္ေဝ။ ။အၾကမ္းဖက္တဲ့ သူေတြကေတာ့ နဂိုကတည္းက အၾကမ္းဖက္တတ္တဲ့ သူျဖစ္ခ်င္ရင္လည္း ျဖစ္မယ္။ ဒါမွ မဟုတ္ သူကိုယ္တိုင္လည္း စိတ္ဖိစီးလို႔ ေပါက္ကြဲလာလို႔ သူဟာသူ မထိန္းႏိုင္လို႔ ဒီအခ်ိန္မွာ အၾကမ္းဖက္တာျဖစ္ရင္လည္း ျဖစ္မယ္။ ဒါမွ မဟုတ္ သူ႔မွာ ေရာဂါအခံရွိလို႔လည္း ျဖစ္မယ္။ စိတ္နဲ႔ ပတ္သက္တဲ့ ေရာဂါရွိတယ္၊ စိတ္ဖိစီးမႈ တိုင္းေၾကာင့္ ေပါက္ကြဲတဲ့အေနနဲ႔ သူ႔မွာ ေရာဂါရွိတယ္ေပါ့ေလ။ ဘယ္လိုပဲ ဘာအေၾကာင္းေၾကာင့္ပဲျဖစ္ျဖစ္ အၾကမ္းဖက္မႈကို ခံစားရသူကေတာ့ trauma စိတ္ဒဏ္ရာရသြားတာေပါ့ေလ။ စိတ္ဒဏ္ရာရတဲ့သူအေနနဲ႔ကေတာ့ သူ႕ကို က်ေနာ္တို႔က ေဖးမ ေစာင့္ေရွာက္ေပးဖို႔ လိုတယ္။ ဥပမာ-ခင္ပြန္းျဖစ္ရင္လညး္ ျဖစ္မယ္၊ သူ႔အေနနဲ႔ကေတာ့ နားလည္မႈရွိရမယ္ ဒီအၾကမ္းဖက္မႈက ဘယ္ကလာသလဲေပါ့ေနာ္။

အဲဒီေတာ့ နံပတ္ ၁ ကေတာ့ က်ေနာ္တို႔ အေနနဲ႔ အၾကံေပးခ်င္တာကေတာ့ အၾကမ္းဖက္မႈခံရတဲ့ သူကေတာ့ Report လုပ္ရပါလိမ့္မယ္ ၊ ေရာဂါေၾကာင့္ျဖစ္တာပဲ ျဖစ္ျဖစ္၊ တျခား ေပါက္ကဲြမႈ ျဖစ္တာေၾကာင့္ပဲျဖစ္ျဖစ္ လံုၿခံဳေရးအတြက္ ဆရာ၀န္ ၊ ဆရာမေတြ ေသာ္လည္းေကာင္း ၊ သက္ဆိုင္ရာ အာဏာပိုင္ေတြေသာ္လည္းေကာင္း ၊ ရဲ ေသာ္လည္းေကာင္း အေၾကာင္းၾကားရပါလိမ့္မယ္။ တခါတေလေတာ့ ဒါမ်ိဳးေတြက ကိုယ္တိုင္ လုပ္လို႔မရတဲ့ အေနအထားမ်ိဳးေတြလည္းရွိတယ္။ ကိုယ့္ Safety အတြက္ကေတာ့ နံပတ္ ၁ အေၾကာင္းၾကားရမယ္။ အဲလိုအေၾကာင္းၾကားျခင္းအားျဖင့္ အၾကမ္းဖက္တဲ့ သူအတြက္လည္း အကူအညီ ရရွိႏိုင္ပါတယ္။ တကယ္လို႔ သူက ေရာဂါအရ ျဖစ္ေနတယ္ဆိုရင္ သူ႔ကို ခ်က္ခ်င္း access လုပ္လို႔ရတယ္။ ေဆးရံု ေခၚသြားလို႔ရတယ္၊ သူ႔ကို ထိန္းသိမ္းထားၿပီးေတာ့မွ ေနေကာင္းတဲ့အထိ ကုသေပးလို႔ ရတယ္။ အဲလိုမ်ိဳးမလုပ္ရင္ လက္လြန္မႈေတြ ျဖစ္သြားၿပီးေတာ့ ေနာင္တခ်ိန္မွာ ဘယ္လိုမွ ျပင္လို႔မရတဲ့ ပ်က္စီးမႈေတြ ျဖစ္ႏိုင္ပါတယ္။

မစုျမတ္မြန္။ ။ ဟုတ္ကဲ့ပါဆရာ၊ ေနာက္တခုကေတာ့ Australia အပါအ၀င္ ႏိုင္ငံတခ်ိဳ႕မွာ အရင္တုန္းကေတာ့ COVID ေၾကာင့္ ကန္႔သတ္ထားတဲ့ ကန္႔သတ္ခ်က္ေတြရွိတယ္။ အခုကေတာ့ ျပန္ေလွ်ာ့ေပးေနပါၿပီ။ ဆိုေတာ့ အဲလိုမ်ိဳး ေလွ်ာ့ေပးေနတဲ့အခ်ိန္မွာလဲ အျပင္ထြက္ရမွာကို စိုးရိမ္ေနသူေတြလည္း ရွိပါတယ္။ ထြက္သြားရင္ ေရာဂါ ကူးလာမလား ၊ အဲဒီထဲမွာ တခ်ိိဳ႕ကလည္း မျဖစ္မေန အလုပ္သြားေနရတဲ့အခါက်ေတာ့ အလုပ္ကေန ေရာဂါကူးလာမလားဆိုၿပီး စိတ္ဒုကၡေရာက္ေနသူေတြလည္း ရွိတယ္။ အဲလိုလူမ်ိဳးေတြကိုေရာ စိတ္သက္သာရာရေအာင္ ဆရာ့အေနနဲ႔ ဘယ္လို အၾကံေပးခ်င္ပါသလဲ။

ေဒါက္တာ Raymond တင့္ေဝ။ ။ သာမန္အေနနဲ႔ကေတာ့ လူက စိုးရိမ္ပါတယ္။ တခ်ိဳ႕က်ေတာ့ က်ေနာ္ေစာေစာက ေျပာသလို အခံရွိၿပီးေတာ့ နဂိုကတည္းက Anxiety ေရာဂါရွိတဲ့လူေတြရွိတယ္။ တခ်ိဳ႕က်ေတာ့ OCD ဆိုတာ ပိုးေတြ ကပ္လာၿပီးေတာ့ ကိုယ့္မွာ ေရာဂါ ဖိစီးလာမယ္လို႔ နဂိုကတည္းက ေၾကာင့္ၾကတဲ့လူေတြရွိတယ္၊ ေရာဂါအရရွိတယ္။ COVID ေရာဂါဆိုရင္ ပိုဆိုးၿပီးေတာ့ အဲဒီလူေတြက မထြက္ရဲ၊ မသြားရဲ မထိရဲ မကိုင္ရဲ ဆိုတဲ့အထိ ျဖစ္သြားႏိုင္တဲ့အေနအထားရွိတယ္။ အဲဒီလူေတြက ဘယ္လိုမွ အျပင္သြားတာကို ေၾကာင့္ၾကၿပီးေတာ့ ပိုၿပီးေတာ့ ေရာဂါ ဖိစီးတဲ့ လကၡဏာေတြ ျပေနတာက်ေနာ္တို႔ ေတြ႔ရပါတယ္။

ဒါေၾကာင့္ ဒီလူေတြကို ျပန္ၿပီးေတာ့ က်ေနာ္တို႔ ပညာေပးရမွာေပါ့ေလ။ တိက်တဲ့ မွန္ကန္တဲ့ information ေပါ့ေလ သူတို႔ကိုေပးရမွာ။ မ်ားေသာအားျဖင့္ ကပ္ေရာဂါျဖစ္တဲ့ ကာလမွာ Social media ကိုၾကည့္ျခင္းအားျဖင့္ ပိုၿပီးေတာ့ ေၾကာက္တဲ့လူေတြရွိတယ္။ အဲဒီအေတြးေတြ မွားတဲ့အတြက္ေၾကာင့္ ကိုယ့္မွာ ပိုၿပီးေတာ့ ဖိစီးမႈခံရတယ္။ အဲဒါေၾကာင့္ အၾကံေပးခ်င္တာကေတာ့ ဒီလိုေနရာမွာ တိက်တဲ့ information ရေအာင္ ယူပါ။ က်န္းမာေရး ဌာနတို႔ WHO က ေပးပို႔တဲ့ message တို႔ ၊ ႏိုင္ငံေတာ္အစိုးရကေန ထုတ္ျပန္တဲ့ ေၾကညာခ်က္တို႔ အဲဒါေလးေတြကိုပဲ တိတိက်က် မွန္ကန္တဲ့ information ကိုယူရင္ ကိုယ့္ရဲ႕ စိတ္ဖိစီးမႈက နည္းနည္း ေလွ်ာ့နည္းမယ္လို႔ က်ေနာ္တို႔ အၾကံျပဳခ်င္ပါတယ္။”

Australia ႏိုင္ငံ Sydney ၿမိဳ႕က စိတ္ေရာဂါဆိုင္ရာ အထူးကုဆရာဝန္ႀကီး ေဒါက္တာ Raymond တင့္ေဝကို မစုျမတ္မြန္ ေမးျမန္းထားတာပါ။

ကုိဗစ္ကပ္ေရာဂါနဲ႔ စိတ္က်န္းမာေရး
please wait

No media source currently available

0:00 0:06:38 0:00
တိုက္႐ိုက္ လင့္ခ္


..............

ကိုဗစ်ကပ်ရောဂါနဲ့ စိတ်ကျန်းမာရေး

(Unicode)

COVID-19 ကပ်ရောဂါနဲ့ဆက်စပ်ပြီး စိတ်ကျန်းမာရေးအတွက် စိတ်ရောဂါအထူးကုဆရာဝန်ကြီးနဲ့ မေးမြန်းထားတာကို မစုမြတ်မွန်က တင်ပြပါမယ်။

COVID-19 ရောဂါကြောင့် စိုးရိမ်ကြောင့်ကြမှုဖြစ်တာဟာ သာမန်ဖြစ်လေ့ရှိတဲ့အတွက် လူတိုင်းမှာရှိတဲ့ ခံနိုင်ရည်စွမ်းအားကို ပိုကောင်းအောင်လုပ်ပြီး စိုးရိမ်မှုတွေကို ကျော်လွှားနိုင်တယ်လို့ ရန်ကုန်ဆေးတက္ကသိုလ် (၁) နဲ့ (၂) က ဂုဏ်ထူးဆောင်ပါမောက္ခဖြစ်တဲ့ Australia နိုင်ငံ Sydney မြို့က စိတ်ရောဂါဆိုင်ရာ အထူးကုဆရာဝန်ကြီး ဒေါက်တာ Raymond တင့်ဝေက ပြောပါတယ်။ ကပ်ရောဂါကြောင့် စိုးရိမ်စိတ်နဲ့ သူ့ဆီမှာ လာပြတဲ့လူနာတွေ ရှိနေတယ်လို့ ဒေါက်တာ Raymond တင့်ဝေက ခုလို စပြောပြပါတယ်။

ဒေါက်တာ Raymond တင့်ဝေ။ ။ အကြမ်းဖြင်းအားဖြင့် ပြောမယ်ဆိုရင်တော့ လူတွေက စိုးရိမ်တာတို့ ကြောင့်ကြမှုတို့ ရှိတယ်ပေါ့နော်။ ဒါပေမယ့် စိတ်ရောဂါဆိုင်ရာ အထူးကုဆရာဝန်နဲ့ သော်လည်းကောင်း ၊ ဒီလို ဘေးဥပဒ်ကျရောက်တဲ့ လူတွေမှာ ဖြစ်တဲ့ စိတ်ရောဂါဆိုင်ရာ အထူးစိတ်ဝင်စားတဲ့ သူတယောက် psychiatrist တယောက်အနေနဲ့ ပြောရမယ်ဆိုရင် ဒီလို စိတ်ပူပန်ကြောင့်ကြမှုရှိတာဟာ အများအားဖြင့်တော့ သာမန်လို့ ယူဆတယ်ပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော့်လူနာတွေကိုလည်း ပြောပါတယ် ဒါတယောက်တည်းဖြစ်တာမဟုတ်ဘူး အများနဲ့ ဖြစ်နေတာပေါ့နော်။ fear response လို့ခေါ်တာပေါ့ ကြောင့်ကြတာ စိုးရိမ်တာ ။

အဲလို ကြောင့်ကြတာလေးရှိမှ စိုးရိမ်တာရှိမှ စည်းကမ်းလိုက်နာမှာတို့ ၊ ဒီရောဂါအကြောင်းပိုသိချင်တာတို့၊ ဒီရောဂါ ဘယ်လိုကာကွယ်ရမလဲ ၊ ဘယ်လို စောင့်ရှောက်ရမလဲ ဆိုတာ သိပြီးတော့ လူက မိမိကိုယ်လည်း ကာကွယ်မယ်၊ မိသားစုနဲ့ တခြားလူတွေကိုပါ ကာကွယ်ပေးနိုင်တဲ့ အနေအထားရှိတာပေါ့။ အဲလိုတာ မကြောင့်ကြဘူးဆိုရင် တဇွတ်ထိုးလုပ်တဲ့ လူတွေ အများကြီးရှိတယ်ပေါ့နော်။ သာမန်အားဖြင့်ပြောမယ်ဆိုရင် ဒီလိုဟာမှာ တုံ့ပြန်တာက သာမန် reaction ဖြစ်တဲ့အတွက်ကြောင့် pathologize မလုပ်ချင်ဘူးပေါ့နော် ။ ရောဂါကြီးကို မပြောချင်ဘူး လူမှာ ခံနိုင်ရည်စွမ်းအား resilient ရှိပါတယ်။ အဲဒါကြောင့် ကိုယ့်မှာရှိတဲ့ resilient ကို ပျိုးထောင်ခြင်းအားဖြင့် ကိုယ့်မှာရှိတဲ့ Strength ကို တိုးတက်အောင်လုပ်ချင်းအားဖြင့် ကိုယ့်မှာရှိတဲ့ coping strategies တွေကို ပိုပြီးတော့ ကောင်းအောင်လုပ်ခြင်းအားဖြင့် အဲဒီအခြေအနေ အခက်အခဲကနေ ကျော်လွှားနိုင်မှာပါ။

ဒါပေမယ့် အဲလိုဖြစ်တဲ့အခြေအနေမှာပဲ နဂိုကတည်းက အခံရှိတဲ့လူတို့ ၊ စိတ်ကျန်းမာရေး ချို့တဲ့တဲ့လူတို့ ၊ အသက်အရွယ်ကြီးရင့်တဲ့လူတို့ အဲဒီမှာ သူ့စိုးရိမ်စိတ်က ပိုပြီးတော့ လွန်ကဲတာမျိုးတွေ ဖြစ်တတ်တယ်။ အဲလိုမျိုးဆိုရင် စိတ်ကျရောဂါတွေလည်း ဖြစ်နိုင်တယ်။ နောက်တခါကျတော့ Anxiety ဆိုတာ စိုးရိမ်ပူပန်တဲ့ ရောဂါ နောက်ပြီးတော့ Panic Disorder ဆိုတာက စိုးရိမ်ပူပန်မှုလွန်ကဲတဲ့ ရောဂါ အဲဒါမျိုးတွေ ဖြစ်နိုင်တယ် လူက မအိပ်နိုင် မစားနိုင်တို့ ဖြစ်နိုင်တယ်။ တခါ စိတ်ဓါတ်အားဖြင့် ကျဆင်းသွားတာတွေလည်း ဖြစ်နိုင်တယ်။

မစုမြတ်မွန်။ ။ အခုလို ကာလမျိုးမှာ အိမ်ထဲက အိမ်ပြင် မထွက်ရ ကန့်သတ်ချက်တွေကြောင့် အိမ်တွင်း အကြမ်းဖက်မှုတွေ ပိုများလာတယ်ဆိုပြီးတော့ ကုလသမဂ္ဂ ကလည်း သတိပေးထားတာတွေ ရှိပါတယ်။ အဲဒီတော့ အကြမ်းဖက်မူ လုပ်တတ်တဲ့ သူမျိုးနဲ့ အတူရှိနေတဲ့သူတွေကို ဆရာတို့အနေနဲ့ ဘယ်လို အကြံပေးချင်ပါသလဲရှင့်။

ဒေါက်တာ Raymond တင့်ဝေ။ ။အကြမ်းဖက်တဲ့ သူတွေကတော့ နဂိုကတည်းက အကြမ်းဖက်တတ်တဲ့ သူဖြစ်ချင်ရင်လည်း ဖြစ်မယ်။ ဒါမှ မဟုတ် သူကိုယ်တိုင်လည်း စိတ်ဖိစီးလို့ ပေါက်ကွဲလာလို့ သူဟာသူ မထိန်းနိုင်လို့ ဒီအချိန်မှာ အကြမ်းဖက်တာဖြစ်ရင်လည်း ဖြစ်မယ်။ ဒါမှ မဟုတ် သူ့မှာ ရောဂါအခံရှိလို့လည်း ဖြစ်မယ်။ စိတ်နဲ့ ပတ်သက်တဲ့ ရောဂါရှိတယ်၊ စိတ်ဖိစီးမှု တိုင်းကြောင့် ပေါက်ကွဲတဲ့အနေနဲ့ သူ့မှာ ရောဂါရှိတယ်ပေါ့လေ။ ဘယ်လိုပဲ ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် အကြမ်းဖက်မှုကို ခံစားရသူကတော့ trauma စိတ်ဒဏ်ရာရသွားတာပေါ့လေ။ စိတ်ဒဏ်ရာရတဲ့သူအနေနဲ့ကတော့ သူ့ကို ကျနော်တို့က ဖေးမ စောင့်ရှောက်ပေးဖို့ လိုတယ်။ ဥပမာ-ခင်ပွန်းဖြစ်ရင်လည်း ဖြစ်မယ်၊ သူ့အနေနဲ့ကတော့ နားလည်မှုရှိရမယ် ဒီအကြမ်းဖက်မှုက ဘယ်ကလာသလဲပေါ့နော်။

အဲဒီတော့ နံပတ် ၁ ကတော့ ကျနော်တို့ အနေနဲ့ အကြံပေးချင်တာကတော့ အကြမ်းဖက်မှုခံရတဲ့ သူကတော့ Report လုပ်ရပါလိမ့်မယ် ၊ ရောဂါကြောင့်ဖြစ်တာပဲ ဖြစ်ဖြစ်၊ တခြား ပေါက်ကွဲမှု ဖြစ်တာကြောင့်ပဲဖြစ်ဖြစ် လုံခြုံရေးအတွက် ဆရာဝန် ၊ ဆရာမတွေ သော်လည်းကောင်း ၊ သက်ဆိုင်ရာ အာဏာပိုင်တွေသော်လည်းကောင်း ၊ ရဲ သော်လည်းကောင်း အကြောင်းကြားရပါလိမ့်မယ်။ တခါတလေတော့ ဒါမျိုးတွေက ကိုယ်တိုင် လုပ်လို့မရတဲ့ အနေအထားမျိုးတွေလည်းရှိတယ်။ ကိုယ့် Safety အတွက်ကတော့ နံပတ် ၁ အကြောင်းကြားရမယ်။ အဲလိုအကြောင်းကြားခြင်းအားဖြင့် အကြမ်းဖက်တဲ့ သူအတွက်လည်း အကူအညီ ရရှိနိုင်ပါတယ်။ တကယ်လို့ သူက ရောဂါအရ ဖြစ်နေတယ်ဆိုရင် သူ့ကို ချက်ချင်း access လုပ်လို့ရတယ်။ ဆေးရုံ ခေါ်သွားလို့ရတယ်၊ သူ့ကို ထိန်းသိမ်းထားပြီးတော့မှ နေကောင်းတဲ့အထိ ကုသပေးလို့ ရတယ်။ အဲလိုမျိုးမလုပ်ရင် လက်လွန်မှုတွေ ဖြစ်သွားပြီးတော့ နောင်တချိန်မှာ ဘယ်လိုမှ ပြင်လို့မရတဲ့ ပျက်စီးမှုတွေ ဖြစ်နိုင်ပါတယ်။

မစုမြတ်မွန်။ ။ ဟုတ်ကဲ့ပါဆရာ၊ နောက်တခုကတော့ Australia အပါအဝင် နိုင်ငံတချို့မှာ အရင်တုန်းကတော့ COVID ကြောင့် ကန့်သတ်ထားတဲ့ ကန့်သတ်ချက်တွေရှိတယ်။ အခုကတော့ ပြန်လျှော့ပေးနေပါပြီ။ ဆိုတော့ အဲလိုမျိုး လျှော့ပေးနေတဲ့အချိန်မှာလဲ အပြင်ထွက်ရမှာကို စိုးရိမ်နေသူတွေလည်း ရှိပါတယ်။ ထွက်သွားရင် ရောဂါ ကူးလာမလား ၊ အဲဒီထဲမှာ တချို့ကလည်း မဖြစ်မနေ အလုပ်သွားနေရတဲ့အခါကျတော့ အလုပ်ကနေ ရောဂါကူးလာမလားဆိုပြီး စိတ်ဒုက္ခရောက်နေသူတွေလည်း ရှိတယ်။ အဲလိုလူမျိုးတွေကိုရော စိတ်သက်သာရာရအောင် ဆရာ့အနေနဲ့ ဘယ်လို အကြံပေးချင်ပါသလဲ။

ဒေါက်တာ Raymond တင့်ဝေ။ ။ သာမန်အနေနဲ့ကတော့ လူက စိုးရိမ်ပါတယ်။ တချို့ကျတော့ ကျနော်စောစောက ပြောသလို အခံရှိပြီးတော့ နဂိုကတည်းက Anxiety ရောဂါရှိတဲ့လူတွေရှိတယ်။ တချို့ကျတော့ OCD ဆိုတာ ပိုးတွေ ကပ်လာပြီးတော့ ကိုယ့်မှာ ရောဂါ ဖိစီးလာမယ်လို့ နဂိုကတည်းက ကြောင့်ကြတဲ့လူတွေရှိတယ်၊ ရောဂါအရရှိတယ်။ COVID ရောဂါဆိုရင် ပိုဆိုးပြီးတော့ အဲဒီလူတွေက မထွက်ရဲ၊ မသွားရဲ မထိရဲ မကိုင်ရဲ ဆိုတဲ့အထိ ဖြစ်သွားနိုင်တဲ့အနေအထားရှိတယ်။ အဲဒီလူတွေက ဘယ်လိုမှ အပြင်သွားတာကို ကြောင့်ကြပြီးတော့ ပိုပြီးတော့ ရောဂါ ဖိစီးတဲ့ လက္ခဏာတွေ ပြနေတာကျနော်တို့ တွေ့ရပါတယ်။

ဒါကြောင့် ဒီလူတွေကို ပြန်ပြီးတော့ ကျနော်တို့ ပညာပေးရမှာပေါ့လေ။ တိကျတဲ့ မှန်ကန်တဲ့ information ပေါ့လေ သူတို့ကိုပေးရမှာ။ များသောအားဖြင့် ကပ်ရောဂါဖြစ်တဲ့ ကာလမှာ Social media ကိုကြည့်ခြင်းအားဖြင့် ပိုပြီးတော့ ကြောက်တဲ့လူတွေရှိတယ်။ အဲဒီအတွေးတွေ မှားတဲ့အတွက်ကြောင့် ကိုယ့်မှာ ပိုပြီးတော့ ဖိစီးမှုခံရတယ်။ အဲဒါကြောင့် အကြံပေးချင်တာကတော့ ဒီလိုနေရာမှာ တိကျတဲ့ information ရအောင် ယူပါ။ ကျန်းမာရေး ဌာနတို့ WHO က ပေးပို့တဲ့ message တို့ ၊ နိုင်ငံတော်အစိုးရကနေ ထုတ်ပြန်တဲ့ ကြေညာချက်တို့ အဲဒါလေးတွေကိုပဲ တိတိကျကျ မှန်ကန်တဲ့ information ကိုယူရင် ကိုယ့်ရဲ့ စိတ်ဖိစီးမှုက နည်းနည်း လျှော့နည်းမယ်လို့ ကျနော်တို့ အကြံပြုချင်ပါတယ်။”

Australia နိုင်ငံ Sydney မြို့က စိတ်ရောဂါဆိုင်ရာ အထူးကုဆရာဝန်ကြီး ဒေါက်တာ Raymond တင့်ဝေကို မစုမြတ်မွန် မေးမြန်းထားတာပါ။

XS
SM
MD
LG