အိပ်ရေးပျက်ခြင်ဆိုးကျိုးတွေ ဖြစ်လာရပုံက ကိုယ်တွင်းအင်္ဂါအဖွဲ့အစည်းစနစ် အသီးသီး လွဲချော်သွားတာကြာင့်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေးပြောဆိုကြပါတယ်။
အိပ်ရေးပျက်တာကြောင့် ခန္ဓာကိုယ်မှာ အဓိကအကျဆုံးဖြစ်တဲ့ ဗဟိုအာရုံကြောအဖွဲ့ရှိ ဦးနှောက် ကောင်းကောင်း အလုပ်မလုပ်တော့ပါဘူး။ ခန္ဓာကိုယ်ကို ထိန်းချုပ်၊ အလုပ်လည်ပတ်စေတဲ့ ဦးနှောက်နဲ့အာရုံကြောအဖွဲ့ဟာ အိပ်ရေးပျက်တာများလာတာကြောင့် ပင်ပန်းနွမ်းနယ်ပြီး၊ ကိုယ်တွင်း သတင်းအချက်အလက် ဆက်စပ်တာနဲ့ ကိုယ်တွင်းပုံမှန်လှုပ်ရှားမူရှိအောင် လုပ်ဆောင်ပေးတာတွေ ပျက်စီးလာပါတယ်။ ဒါကြောင့် အာရုံစိုက်ရခက်လာပြီး၊ အသစ်တွေကို မလေ့လာနိုင်တာ မမှတ်မိနိုင်တာတွေဖြစ်လာပါတယ်။ ဒါ့အပြင် ကိုယ်တွင်းတနေရာရာမှာ တစ်ခုခုဖြစ်လျှင် အာရုံကြောကနေ ဆက်သွယ်ချိတ်ဆက်မူတွေ နှောင့်နှေးသွားပြီး၊ တလွဲတချော်တွေ ဖြစ်ကုန်ပါတယ်။
အခုလို အိပ်ရေးပျက်တာ များလာတာကြောင့် စိတ်ပိုင်းဆိုင်ရာပြဿနာတွေလည်း ဖြစ်ပေါ်လာရာမှာ စိတ်ပိုင်းဆိုင်ရာ စွမ်းရည်ကျလာပြီး၊ စိတ်ခံစားချက် ပုံမမှန်တာတွေ ဖြစ်လာပါတယ်။ ဒါကြောင့် Mood Swing (ခေါ်) ရုတ်တရက် စိတ်ဓာတ်ထိုးကျသွားတာနဲ့ ချက်ချင်း စိတ်တက်ကြွလွန်သွားတာတွေ ဖြစ်လာတတ်သလို၊ ဆုံးဖြတ်ချက်ချရာမှာလည်း တလွဲတချော်တွေ ဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် တီထွင်ဆန်းသစ်နိုင်စွမ်းလည်း မရှိတော့ပါဘူး။ အိပ်ရေးပျက်တာ ပိုကြာလွန်းလာလျှင်တော့ တခြားသူတွေ မမြင်၊ မကြားတာတွေကို မြင်ယောင်၊ ကြားယောင်လာတတ်ပါတယ်။ ဒါ့အပြင် စိတ်ကျ၊ စိတ်ကြွရောဂါ (Bipolar Disorder) အပါအဝင် စိတ်ရောဂါအခံ ရှိထားသူတွေမှာလည်း ရောဂါအခြေအနေ ပိုဆိုးလာတတ်ပါတယ်။ ပိုအန္တရာယ်ရှိတာကတော့ စိတ်လိုက်မာန်ပါ အပြုအမူတွေ ပိုလုပ်လာတာ၊ စိုးရိမ်စိတ်များလာတာ၊ စိတ်ကျဝေဒနာ ခံစားလာရတာနဲ့ သံသယလွန်စိတ်တွေများလာတာ၊ ယုံမှားလွန်စိတ်တွေ ဖြစ်လာတာတွေပါ။ ပိုကြောက်စရာကောင်းတာကတော့ မိမိကိုယ်ကို သတ်သေဖို့ အတွေးတွေဝင်လာတဲ့အထိ ဖြစ်လာတာပါ။
အိပ်ရေးပျက်တာကြောင့် မတော်တဆထိခိုက်မူတွေနဲ့ ဟန်ချက်ထိန်းမူ ထိခိုက်လာရတာက နေ့ခင်းနေ့လည်မှာ အနည်းငယ် (စက္ကန့်ပိုင်း မိနစ်ပိုင်း) တရေးမှေး ငိုက်ကျသွားတာကြောင့်ပါ။ အခုလို ရုတ်တရက် ငိုက်ကျသွားတာကို မသိလိုက်တာကြောင့်၊ နေ့လည်ဘက်မှာ ကားတိုက်တာနဲ့ ချော်လဲတာတွေ ဖြစ်တတ်တာပါ။
ဒါ့အပြင် အိပ်ရေးပျက်တာကြောင့် ရောဂါပြီးစနစ် (Immune System) ထိခိုက်ရတာကလည်း အိပ်ရေးဝမှသာထွက်တဲ့ Cytokines ဓာတ်ပစ္စည်း မထွက်တော့တာကြောင့်ပါ။ ဒီ Cytokines ဓာတ်ထွက်ခြင်းကြောင့်လည်း ပိုမိုအိပ်စက်ခြင်းကို ဖြစ်စေပါတယ်။ ဒီဓာတ်မထွက်တာကြောင့် ရောဂါပြီးစနစ်ထိခိုက်ပြီး၊ ပြင်ပက ပိုးမွှားတွေဝင်တာကို ပြန်မတိုက်ထုတ်နိုင်တော့ပါဘူး။
အိပ်ရေးပျက်တာများလာတာကြောင့် ဆီးချိုသွေးချိုကို ဖြစ်စေတာကတော့ ကော်တီစော (Cortisol) ဟော်မုန်းအထွက်များလာပြီး၊ သွေးထဲရှိသကြားဓာတ်ကို ထိန်းပေးတဲ့ အင်ဆူလင် (Insulin) ဟော်မုန်းကို ထိခိုက်စေကာ၊ သွေးထဲသကြားဓာတ်များလာတာကြောင့်ပါ။ ဒါ့အပြင် အိပ်ရေးပျက်တာကြောင့် နှလုံးနဲ့သွေးကြောအဖွဲ့ကို ထိခိုက်ပုံကလည်း၊ ဒီသကြားအချိုဓာတ်နဲ့ သွေးပေါင်ချိန် ကမောက်ကမ ဖြစ်လာကာ၊ သွေးကြောတွင်း ရောင်ရမ်းမူတွေကို ပြန်ပြုပြင် မထိန်းသိမ်းနိုင်တော့ဘဲ၊ နှလုံးသွေးကြောရောဂါမျိုးစုံ ဖြစ်လာတာပါ။ အသက်အန္တရာယ်ကြီးတဲ့ နှလုံးဖောက်တာ (Heart Attack) နဲ့ လေဖြတ်တာ (Stroke) အထိ ဖြစ်နိုင်ပါတယ်။
ဒါ့အပြင် အိပ်ရေးပျက်တာကြောင့် အစာကြေအင်္ဂါစနစ် (Digestive System) ကို ထိခိုက်စေရာမှာလည်း ဗိုက်ဆာစေတဲ့ဟော်မုန်းတွေ အထွက်များလာပြီး၊ ညဘက်မှာပါ အိပ်ယာထပြီး ပိုစားလာကာ ပိုဝလာကြတာပါ။ အိပ်ရေးပျက်တာကြောင့် အားကစားလေ့ကျင့်ခန်း လုပ်ချင်စိတ်မရှိတော့ဘဲ၊ ကိုယ်ခန္ဓာလှုပ်ရှားမူလည်း နည်းလာကာ၊ ကိုယ်အလေးချိန် ပိုတိုးစေနိုင်တာအပြင်၊ ကြွက်သားဖွံ့ဖြိုးမူကိုလည်း လျော့နည်းစေနိုင်ပါတယ်။
အိပ်ရေးပျက်တာကနေ လိင်စိတ်ထိခိုက်လာရတာကတော့ အနည်းဆုံး (၃) နာရီ ဆက်တိုက် အပြည့်အဝအိပ်မှ ထွက်လာတတ်တဲ့ အမျိုးသားဟော်မုန်း (Testosterone) ကောင်းကောင်း မထွက်တော့တာကြောင့်ပါ။ ဒီဟော်မုန်းက အိပ်စက်ခြင်းဖြစ်စဉ်ရဲ့ နောက်ပိုင်းမှဖြစ်တဲ့ မျက်လုံးအမြန်လှုပ်တဲ့ (REM) ပထမဆုံးအဆင့် ရောက်မှသာ ထွက်လာတတ်တာပါ။ ဒါ့အပြင် အိပ်စက်ခြင်းကြောင့် ဟော်မုန်းထုတ်စနစ် (Endocrine System) ကို ထိခိုက်စေရာမှာ ကြီးထွားမူဟော်မုန်း (Growth Hormone) ထွက်တာလည်း နည်းသွားပြီး၊ အထူးသဖြင့် ကလေးတွေနဲ့ လူပျိုပေါက်၊ အပျိုပေါက်အရွယ်တွေမှာ ကြီးထွားသင့်သလောက် မကြီးထွားတာ ဖြစ်လာနိုင်ပါတယ်။ ဒီကြီးထွားမူဟော်မုန်း ပုံမှန်ထွက်နိုင်ဖို့ အိပ်စက်ခြင်းနဲ့ အားကစားလေ့ကျင်ခန်းတွေ ပုံမှန် လိုအပ်ပါတယ်။
ဒါ့အပြင် အသက်ရူလမ်းကြောင်းစနစ်ကလည်း အိပ်စက်ခြင်းနဲ့ဆက်စပ်နေပြီး၊ ညဘက်မှာ အသက်ရူရပ်သွားတဲ့ရောဂါရှိသူတွေမှာ အိပ်ရေးမဝတာကြောင့် အဆုပ်ထဲရောဂါပိုး ဝင်လွယ်ကာ၊ အအေးမိတာနဲ့ တုတ်ကွေးတွေ ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် ကြာလာပါက နာတာရှည် အဆုပ်ရောဂါမျိုးစုံလည်း ခံစားရနိုင်ပါတယ်။
ဒီရောဂါအကြောင်း ပိုမိုသိရှိနိုင်ဖို့ ကိုဝင်းမင်း က စိတ်ကျန်းမာရေး အထူးကုဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာဉာဏ်ဝင်းကျော် ကို ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။
အိပ္ေရးပ်က္ျခင္ဆိုးက်ိဳးေတြ ျဖစ္လာရပုံက ကိုယ္တြင္းအဂၤါအဖြဲ႕အစည္းစနစ္ အသီးသီး လြဲေခ်ာ္သြားတာၾကာင့္လို႔ က်န္းမာေရးပညာရွင္ေတြက သတိေပးေျပာဆိုၾကပါတယ္။
အိပ္ေရးပ်က္တာေၾကာင့္ ခႏၶာကိုယ္မွာ အဓိကအက်ဆုံးျဖစ္တဲ့ ဗဟိုအာ႐ုံေၾကာအဖြဲ႕ရွိ ဦးေႏွာက္ ေကာင္းေကာင္း အလုပ္မလုပ္ေတာ့ပါဘူး။ ခႏၶာကိုယ္ကို ထိန္းခ်ဳပ္၊ အလုပ္လည္ပတ္ေစတဲ့ ဦးေႏွာက္နဲ႔အာ႐ုံေၾကာအဖြဲ႔ဟာ အိပ္ေရးပ်က္တာမ်ားလာတာေၾကာင့္ ပင္ပန္းႏြမ္းနယ္ၿပီး၊ ကိုယ္တြင္း သတင္းအခ်က္အလက္ ဆက္စပ္တာနဲ႔ ကိုယ္တြင္းပုံမွန္လႈပ္ရွားမူရွိေအာင္ လုပ္ေဆာင္ေပးတာေတြ ပ်က္စီးလာပါတယ္။ ဒါေၾကာင့္ အာ႐ုံစိုက္ရခက္လာၿပီး၊ အသစ္ေတြကို မေလ့လာႏိုင္တာ မမွတ္မိႏိုင္တာေတြျဖစ္လာပါတယ္။ ဒါ့အျပင္ ကိုယ္တြင္းတေနရာရာမွာ တစ္ခုခုျဖစ္လွ်င္ အာ႐ုံေၾကာကေန ဆက္သြယ္ခ်ိတ္ဆက္မူေတြ ေႏွာင့္ေႏွးသြားၿပီး၊ တလြဲတေခ်ာ္ေတြ ျဖစ္ကုန္ပါတယ္။
အခုလို အိပ္ေရးပ်က္တာ မ်ားလာတာေၾကာင့္ စိတ္ပိုင္းဆိုင္ရာျပႆနာေတြလည္း ျဖစ္ေပၚလာရာမွာ စိတ္ပိုင္းဆိုင္ရာ စြမ္းရည္က်လာၿပီး၊ စိတ္ခံစားခ်က္ ပုံမမွန္တာေတြ ျဖစ္လာပါတယ္။ ဒါေၾကာင့္ Mood Swing (ေခၚ) ႐ုတ္တရက္ စိတ္ဓာတ္ထိုးက်သြားတာနဲ႔ ခ်က္ခ်င္း စိတ္တက္ႂကြလြန္သြားတာေတြ ျဖစ္လာတတ္သလို၊ ဆုံးျဖတ္ခ်က္ခ်ရာမွာလည္း တလြဲတေခ်ာ္ေတြ ျဖစ္လာႏိုင္ပါတယ္။ ဒါ့အျပင္ တီထြင္ဆန္းသစ္ႏိုင္စြမ္းလည္း မရွိေတာ့ပါဘူး။ အိပ္ေရးပ်က္တာ ပိုၾကာလြန္းလာလွ်င္ေတာ့ တျခားသူေတြ မျမင္၊ မၾကားတာေတြကို ျမင္ေယာင္၊ ၾကားေယာင္လာတတ္ပါတယ္။ ဒါ့အျပင္ စိတ္က်၊ စိတ္ႂကြေရာဂါ (Bipolar Disorder) အပါအဝင္ စိတ္ေရာဂါအခံ ရွိထားသူေတြမွာလည္း ေရာဂါအေျခအေန ပိုဆိုးလာတတ္ပါတယ္။ ပိုအႏၲရာယ္ရွိတာကေတာ့ စိတ္လိုက္မာန္ပါ အျပဳအမူေတြ ပိုလုပ္လာတာ၊ စိုးရိမ္စိတ္မ်ားလာတာ၊ စိတ္က်ေဝဒနာ ခံစားလာရတာနဲ႔ သံသယလြန္စိတ္ေတြမ်ားလာတာ၊ ယုံမွားလြန္စိတ္ေတြ ျဖစ္လာတာေတြပါ။ ပိုေၾကာက္စရာေကာင္းတာကေတာ့ မိမိကိုယ္ကို သတ္ေသဖို႔ အေတြးေတြဝင္လာတဲ့အထိ ျဖစ္လာတာပါ။
အိပ္ေရးပ်က္တာေၾကာင့္ မေတာ္တဆထိခိုက္မူေတြနဲ႔ ဟန္ခ်က္ထိန္းမူ ထိခိုက္လာရတာက ေန႔ခင္းေန႔လည္မွာ အနည္းငယ္ (စကၠန႔္ပိုင္း မိနစ္ပိုင္း) တေရးေမွး ငိုက္က်သြားတာေၾကာင့္ပါ။ အခုလို ႐ုတ္တရက္ ငိုက္က်သြားတာကို မသိလိုက္တာေၾကာင့္၊ ေန႔လည္ဘက္မွာ ကားတိုက္တာနဲ႔ ေခ်ာ္လဲတာေတြ ျဖစ္တတ္တာပါ။
ဒါ့အျပင္ အိပ္ေရးပ်က္တာေၾကာင့္ ေရာဂါၿပီးစနစ္ (Immune System) ထိခိုက္ရတာကလည္း အိပ္ေရးဝမွသာထြက္တဲ့ Cytokines ဓာတ္ပစၥည္း မထြက္ေတာ့တာေၾကာင့္ပါ။ ဒီ Cytokines ဓာတ္ထြက္ျခင္းေၾကာင့္လည္း ပိုမိုအိပ္စက္ျခင္းကို ျဖစ္ေစပါတယ္။ ဒီဓာတ္မထြက္တာေၾကာင့္ ေရာဂါၿပီးစနစ္ထိခိုက္ၿပီး၊ ျပင္ပက ပိုးမႊားေတြဝင္တာကို ျပန္မတိုက္ထုတ္ႏိုင္ေတာ့ပါဘူး။
အိပ္ေရးပ်က္တာမ်ားလာတာေၾကာင့္ ဆီးခ်ိဳေသြးခ်ိဳကို ျဖစ္ေစတာကေတာ့ ေကာ္တီေစာ (Cortisol) ေဟာ္မုန္းအထြက္မ်ားလာၿပီး၊ ေသြးထဲရွိသၾကားဓာတ္ကို ထိန္းေပးတဲ့ အင္ဆူလင္ (Insulin) ေဟာ္မုန္းကို ထိခိုက္ေစကာ၊ ေသြးထဲသၾကားဓာတ္မ်ားလာတာေၾကာင့္ပါ။ ဒါ့အျပင္ အိပ္ေရးပ်က္တာေၾကာင့္ ႏွလုံးနဲ႔ေသြးေၾကာအဖြဲ႔ကို ထိခိုက္ပုံကလည္း၊ ဒီသၾကားအခ်ိဳဓာတ္နဲ႔ ေသြးေပါင္ခ်ိန္ ကေမာက္ကမ ျဖစ္လာကာ၊ ေသြးေၾကာတြင္း ေရာင္ရမ္းမူေတြကို ျပန္ျပဳျပင္ မထိန္းသိမ္းႏိုင္ေတာ့ဘဲ၊ ႏွလုံးေသြးေၾကာေရာဂါမ်ိဳးစုံ ျဖစ္လာတာပါ။ အသက္အႏၲရာယ္ႀကီးတဲ့ ႏွလုံးေဖာက္တာ (Heart Attack) နဲ႔ ေလျဖတ္တာ (Stroke) အထိ ျဖစ္ႏိုင္ပါတယ္။
ဒါ့အျပင္ အိပ္ေရးပ်က္တာေၾကာင့္ အစာေၾကအဂၤါစနစ္ (Digestive System) ကို ထိခိုက္ေစရာမွာလည္း ဗိုက္ဆာေစတဲ့ေဟာ္မုန္းေတြ အထြက္မ်ားလာၿပီး၊ ညဘက္မွာပါ အိပ္ယာထၿပီး ပိုစားလာကာ ပိုဝလာၾကတာပါ။ အိပ္ေရးပ်က္တာေၾကာင့္ အားကစားေလ့က်င့္ခန္း လုပ္ခ်င္စိတ္မရွိေတာ့ဘဲ၊ ကိုယ္ခႏၶာလႈပ္ရွားမူလည္း နည္းလာကာ၊ ကိုယ္အေလးခ်ိန္ ပိုတိုးေစႏိုင္တာအျပင္၊ ႂကြက္သားဖြံ႕ၿဖိဳးမူကိုလည္း ေလ်ာ့နည္းေစႏိုင္ပါတယ္။
အိပ္ေရးပ်က္တာကေန လိင္စိတ္ထိခိုက္လာရတာကေတာ့ အနည္းဆုံး (၃) နာရီ ဆက္တိုက္ အျပည့္အဝအိပ္မွ ထြက္လာတတ္တဲ့ အမ်ိဳးသားေဟာ္မုန္း (Testosterone) ေကာင္းေကာင္း မထြက္ေတာ့တာေၾကာင့္ပါ။ ဒီေဟာ္မုန္းက အိပ္စက္ျခင္းျဖစ္စဥ္ရဲ႕ ေနာက္ပိုင္းမွျဖစ္တဲ့ မ်က္လုံးအျမန္လႈပ္တဲ့ (REM) ပထမဆုံးအဆင့္ ေရာက္မွသာ ထြက္လာတတ္တာပါ။ ဒါ့အျပင္ အိပ္စက္ျခင္းေၾကာင့္ ေဟာ္မုန္းထုတ္စနစ္ (Endocrine System) ကို ထိခိုက္ေစရာမွာ ႀကီးထြားမူေဟာ္မုန္း (Growth Hormone) ထြက္တာလည္း နည္းသြားၿပီး၊ အထူးသျဖင့္ ကေလးေတြနဲ႔ လူပ်ိဳေပါက္၊ အပ်ိဳေပါက္အ႐ြယ္ေတြမွာ ႀကီးထြားသင့္သေလာက္ မႀကီးထြားတာ ျဖစ္လာႏိုင္ပါတယ္။ ဒီႀကီးထြားမူေဟာ္မုန္း ပုံမွန္ထြက္ႏိုင္ဖို႔ အိပ္စက္ျခင္းနဲ႔ အားကစားေလ့က်င္ခန္းေတြ ပုံမွန္ လိုအပ္ပါတယ္။
ဒါ့အျပင္ အသက္႐ူလမ္းေၾကာင္းစနစ္ကလည္း အိပ္စက္ျခင္းနဲ႔ဆက္စပ္ေနၿပီး၊ ညဘက္မွာ အသက္႐ူရပ္သြားတဲ့ေရာဂါရွိသူေတြမွာ အိပ္ေရးမဝတာေၾကာင့္ အဆုပ္ထဲေရာဂါပိုး ဝင္လြယ္ကာ၊ အေအးမိတာနဲ႔ တုတ္ေကြးေတြ ျဖစ္ေစႏိုင္ပါတယ္။ ဒါ့အျပင္ ၾကာလာပါက နာတာရွည္ အဆုပ္ေရာဂါမ်ိဳးစုံလည္း ခံစားရႏိုင္ပါတယ္။
ဒီေရာဂါအေၾကာင္း ပိုမိုသိရိွႏိုင္ဖို႔ ကိုဝင္းမင္း က စိတ္က်န္းမာေရး အထူးကုဆရာဝန္ႀကီး ပါေမာကၡ ေဒါက္တာဉာဏ္ဝင္းေက်ာ္ ကို ဆက္သြယ္ေမးျမန္း ေဆြးေႏြးတင္ျပထားပါတယ္။