သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကမာၻ႔ကပ္ေရာဂါဆုိက္ခ်ိန္ အိမ္တြင္းအၾကမ္းဖက္မႈ တုိးလာမွာ စုိးရိမ္ရ


ကုိ႐ုိနာဗုိင္းရပ္စ္ စတင္ျဖစ္ပြားရာ တ႐ုတ္ႏုိင္ငံ ဝူဟန္ၿမိဳ႕ လမ္းတခုတြင္ ေရာဂါကာကြယ္ေရးဝတ္စုံ ဝတ္ဆင္သြားလာေနသူတဦး။ (မတ္ ၂၈၊ ၂၀၂၀)

(Zawgyi / Unicode)

ဥေရာပႏုိင္ငံေတြမွာ ကို႐ုိနာဗိုင္းရပ္စ္ ကပ္ေရာဂါ ျဖစ္ပြားေနတဲ့အတြက္ မိသားစုေတြ အိမ္ထဲမွာ ေနၾကရတဲ့ ေနာက္ကြယ္မွာ အိမ္တြင္းအၾကမ္းဖက္မႈေတြ မ်ားလာႏုိင္တယ္ဆိုၿပီး စိုးရိမ္မႈေတြ ထြက္ေပၚေနရာမွာ အမ်ဳိးသမီး တခ်ဳိ႕အတြက္ အိမ္မွာေနတာက အိမ္တြင္းအၾကမ္းဖက္မႈနဲ႔ ပိုၿပီး ရင္ဆိုင္ရႏုိင္ေျခရွိေၾကာင္း ဂ်ာမနီႏုိင္ငံက အမ်ဳိးသမီးမ်ား အကူအညီေပးေရးနဲ႔ ႏွစ္သိမ့္ေဆြးေႏြးေရးစင္တာ (BFF) က သတိေပးလိုက္ပါတယ္။

လူမႈအသိုင္းအဝိုင္းနဲ႔ သီးျခားခြဲ ေနထိုင္ေနၾကရတာေၾကာင့္ ျဖစ္ပြားတဲ့ စိတ္ဖိစီးမႈေၾကာင့္ အမ်ဳိးသမီးေတြနဲ႔ ကေလးငယ္ေတြအေပၚ အိမ္တြင္းအၾကမ္းဖက္မႈနဲ႔ လိင္ပိုင္းဆိုင္ရာ အၾကမ္းဖက္မႈေတြ ပိုမ်ားလာႏုိင္တယ္လို႔ BFF အဖြဲ႔က သတိေပးလိုက္တာပါ။

အရင္ကတည္းက အိမ္တြင္းအၾကမ္းဖက္ျပႆနာရွိတဲ့ အိမ္ေထာင္စုေတြမွာ ဒီျပႆနာနဲ႔ ရင္ဆိုင္ရဖို႔ အခြင့္အလမ္း ပိုမ်ားတယ္လို႔လည္း ဆိုပါတယ္။ ဒါ့အျပင္ ကပ္ေရာဂါေၾကာင့္ အလုပ္လက္မဲ့ျပႆနာ၊ ေငြေရးေၾကးေရးျပႆနာ စတဲ့ အခ်က္ေတြကလည္း မိသားစုတြင္း သေဘာထားကြဲလြဲမႈ ပဋိပကၡေတြကို ပိုတိုးေစႏုိင္တာပါ။

ကို႐ုိနာဗိုင္းရပ္စ္ စတင္ျပန္႔ပြားခဲ့တဲ့ တ႐ုတ္ႏုိင္ငံမွာ သီတင္းပတ္မ်ားစြာၾကာေအာင္ လူေတြ အိမ္ထဲမွာ ေနခဲ့ၾကရတဲ့အတြက္ အိမ္တြင္းအၾကမ္းဖက္မႈ ၃ ဆ တိုးလာတယ္လို႔ တ႐ုတ္ အမ်ဳိးသမီးမ်ား အခြင့္အေရး လႈပ္ရွားမႈအဖြဲ႔ Weiping က ေျပာပါတယ္။

ေရာဂါကူးစက္မႈ တိုက္ဖ်က္ေရးအတြက္ အစိုးရေတြအေနနဲ႔ စီးပြားေရးနဲ႔ က်န္းမာေရးက႑ေတြမွာ ေငြေၾကး ဘီလီယံနဲ႔ခ်ီၿပီး သုံးစြဲေနသလို တန္းတူညီမွ်မႈနဲ႔ အေျခခံလူ႔အခြင့္အေရးေတြကိုလည္း လ်စ္လ်ဴ႐ႈမထားသင့္ဘူးလို႔ ဥေရာပေကာင္စီကို အမ်ဳိးသမီးမ်ား အၾကမ္းဖက္မႈဆန္႔က်င္ေရး အစီရင္ခံစာ တင္သြင္းသူ Beatrice Fresko-Rolfo က ေထာက္ျပခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------------------

(Unicode)

ကမ္ဘာ့ကပ်ရောဂါဆိုက်ချိန် အိမ်တွင်းအကြမ်းဖက်မှု တိုးလာမှာ စိုးရိမ်ရ

ဥရောပနိုင်ငံတွေမှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ဖြစ်ပွားနေတဲ့အတွက် မိသားစုတွေ အိမ်ထဲမှာ နေကြရတဲ့ နောက်ကွယ်မှာ အိမ်တွင်းအကြမ်းဖက်မှုတွေ များလာနိုင်တယ်ဆိုပြီး စိုးရိမ်မှုတွေ ထွက်ပေါ်နေရာမှာ အမျိုးသမီး တချို့အတွက် အိမ်မှာနေတာက အိမ်တွင်းအကြမ်းဖက်မှုနဲ့ ပိုပြီး ရင်ဆိုင်ရနိုင်ခြေရှိကြောင်း ဂျာမနီနိုင်ငံက အမျိုးသမီးများ အကူအညီပေးရေးနဲ့ နှစ်သိမ့်ဆွေးနွေးရေးစင်တာ (BFF) က သတိပေးလိုက်ပါတယ်။

လူမှုအသိုင်းအဝိုင်းနဲ့ သီးခြားခွဲ နေထိုင်နေကြရတာကြောင့် ဖြစ်ပွားတဲ့ စိတ်ဖိစီးမှုကြောင့် အမျိုးသမီးတွေနဲ့ ကလေးငယ်တွေအပေါ် အိမ်တွင်းအကြမ်းဖက်မှုနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ပိုများလာနိုင်တယ်လို့ BFF အဖွဲ့က သတိပေးလိုက်တာပါ။

အရင်ကတည်းက အိမ်တွင်းအကြမ်းဖက်ပြဿနာရှိတဲ့ အိမ်ထောင်စုတွေမှာ ဒီပြဿနာနဲ့ ရင်ဆိုင်ရဖို့ အခွင့်အလမ်း ပိုများတယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် ကပ်ရောဂါကြောင့် အလုပ်လက်မဲ့ပြဿနာ၊ ငွေရေးကြေးရေးပြဿနာ စတဲ့ အချက်တွေကလည်း မိသားစုတွင်း သဘောထားကွဲလွဲမှု ပဋိပက္ခတွေကို ပိုတိုးစေနိုင်တာပါ။

ကိုရိုနာဗိုင်းရပ်စ် စတင်ပြန့်ပွားခဲ့တဲ့ တရုတ်နိုင်ငံမှာ သီတင်းပတ်များစွာကြာအောင် လူတွေ အိမ်ထဲမှာ နေခဲ့ကြရတဲ့အတွက် အိမ်တွင်းအကြမ်းဖက်မှု ၃ ဆ တိုးလာတယ်လို့ တရုတ် အမျိုးသမီးများ အခွင့်အရေး လှုပ်ရှားမှုအဖွဲ့ Weiping က ပြောပါတယ်။

ရောဂါကူးစက်မှု တိုက်ဖျက်ရေးအတွက် အစိုးရတွေအနေနဲ့ စီးပွားရေးနဲ့ ကျန်းမာရေးကဏ္ဍတွေမှာ ငွေကြေး ဘီလီယံနဲ့ချီပြီး သုံးစွဲနေသလို တန်းတူညီမျှမှုနဲ့ အခြေခံလူ့အခွင့်အရေးတွေကိုလည်း လျစ်လျူရှုမထားသင့်ဘူးလို့ ဥရောပကောင်စီကို အမျိုးသမီးများ အကြမ်းဖက်မှုဆန့်ကျင်ရေး အစီရင်ခံစာ တင်သွင်းသူ Beatrice Fresko-Rolfo က ထောက်ပြခဲ့ပါတယ်။

XS
SM
MD
LG