(Zawgyi/Unicode)
ေတာင္အာဖရိကနုိင္ငံမွာ ကိုရိုနာဗုိင္းရပ္စ္ကူးစက္မႈေတြကို ကာကြယ္တဲ့အေနနဲ႔ တႏုိင္ငံလုံးအတုိင္းအတာနဲ႔ ၃ ပတ္ၾကာ အိမ္ထဲကေန အိမ္ျပင္မထြက္ဖို႔အမိန္႔ကို ဒီကေန႔မွာ စတင္လိုက္ပါတယ္။ ေတာင္အာဖရိကႏုိင္ငံမွာ ကိုရိုနာဗုိင္းရပ္စ္ကူးစက္ခံရသူ စုစုေပါင္း ၉၀၀ ေက်ာ္ရွိတာပါ။
သမၼတ Cyril Ramaphosa ကေတာ့ လုံၿခဳံေရးတပ္ဖဲြ႔ေတြအေနနဲ႔ အၾကင္နာတရားထားၿပီး ဆက္ဆံၾကဖို႔ ၾကာသပေတးေန႔က တုိက္တြန္းလိုက္ၿပီး ေတာင္အာဖရိကျပည္သူေတြဟာ ဗုိင္းရပ္စ္ကိုေၾကာက္ေနၾကတာေၾကာင့္ လုံၿခဳံေရးတပ္ဖဲြ႔ေတြအေနနဲ႔လည္း အေျခအေနကို ပိုၿပီးေတာ့ ဆုိးေအာင္မလုပ္ၾကဖို႔ ေျပာၾကားလိုက္ပါတယ္။
ဒါ့အျပင္ သမၼတ Ramaphosa က ရဲတပ္ဖဲြ႔ကိုလည္း အလားတူ မွာၾကားလိုက္ၿပီး လူေတြဟာ ဗုိင္းရပ္အႏၱရာယ္နဲ႔ ဒီဗုိင္းရပ္စ္ေၾကာင့္ျဖစ္လာမယ့္ ေန႔စဥ္အသက္ေမြးမႈလုပ္ငန္းနဲ႔ လူမႈကိစၥ ထိခုိက္မႈေတြအပါအ၀င္ တျခားအက်ိဳးဆက္ေတြကို စိုးရိမ္ေၾကာက္လန္႔ေနၾကတယ္ဆုိတာကို နားလည္ဖို႔ကို အေလးေပး မွာၾကားခဲ့ပါတယ္။
ေတာင္အာဖရိကႏုိင္ငံရဲ႕ အျပင္မထြက္ရအမိန္႔ဟာ ကမာၻေပၚမွာ အတင္းၾကပ္ဆုံးေတြထဲက တခုျဖစ္ၿပီး လူေတြအေနနဲ႔ စားစရာ၀ယ္ဖို႔နဲ႔ ေဆးကုသဖို႔အတြက္ကိုပဲ အျပင္ထြက္ဖို႔ ခြင့္ျပဳထားၿပီး အရက္ေသစာ ေရာင္းခ်တာ၊ ေခြးေက်ာင္းတာေတြကို တားျမစ္ထားပါတယ္။ ဒါ့အျပင္ လာမယ့္ သီတင္း ၃ ပတ္အတြင္း အျပင္ထြက္ၿပီး က်န္းမာေရးအတြက္ အေျပးေလ့က်င့္တာေတြလည္း လုပ္ခြင့္မရွိပါဘူး။
ေတာင္အာဖရိကႏုိင္ငံကို လူအ၀င္အထြက္ေတြမလုပ္ႏုိင္ေအာင္ နယ္စပ္ေတြကိုလည္း ပိတ္ထားလိုက္ပါတယ္။ ဒါေပမဲ့ တုိင္းျပည္အတြက္တျခားလိုအပ္တဲ့ စားႏွပ္ရိကၡာေတြအတြက္ေတာ့ ကုန္တင္ကားေတြ၊ သေဘၤာေတြကုိေတာ့ ဖြင့္ေပးထားပါတယ္။ တကယ္လို႔ ဗုိင္းရပ္စ္အႏၱရာယ္အေျခအေနက တုိးတက္မလာဘူးဆုိရင္ေတာ့ ၃ ပတ္ထက္ပိုၾကာႏုိင္ဖြယ္ရွိတယ္လို႔ ဆုိပါတယ္။
[Unicode Version]
COVID-19 ကာကွယ်ဖို့ တောင်အာဖရိကမှာ ၃ ပတ်ကြာ အိမ်ပြင်မထွက်ရ အမိန့်ထုတ်
တောင်အာဖရိကနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေကို ကာကွယ်တဲ့အနေနဲ့ တနိုင်ငံလုံးအတိုင်းအတာနဲ့ ၃ ပတ်ကြာ အိမ်ထဲကနေ အိမ်ပြင်မထွက်ဖို့အမိန့်ကို ဒီကနေ့မှာ စတင်လိုက်ပါတယ်။ တောင်အာဖရိကနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ စုစုပေါင်း ၉၀၀ ကျော်ရှိတာပါ။
သမ္မတ Cyril Ramaphosa ကတော့ လုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့ အကြင်နာတရားထားပြီး ဆက်ဆံကြဖို့ ကြာသပတေးနေ့က တိုက်တွန်းလိုက်ပြီး တောင်အာဖရိကပြည်သူတွေဟာ ဗိုင်းရပ်စ်ကိုကြောက်နေကြတာကြောင့် လုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့လည်း အခြေအနေကို ပိုပြီးတော့ ဆိုးအောင်မလုပ်ကြဖို့ ပြောကြားလိုက်ပါတယ်။
ဒါ့အပြင် သမ္မတ Ramaphosa က ရဲတပ်ဖွဲ့ကိုလည်း အလားတူ မှာကြားလိုက်ပြီး လူတွေဟာ ဗိုင်းရပ်အန္တရာယ်နဲ့ ဒီဗိုင်းရပ်စ်ကြောင့်ဖြစ်လာမယ့် နေ့စဉ်အသက်မွေးမှုလုပ်ငန်းနဲ့ လူမှုကိစ္စ ထိခိုက်မှုတွေအပါအဝင် တခြားအကျိုးဆက်တွေကို စိုးရိမ်ကြောက်လန့်နေကြတယ်ဆိုတာကို နားလည်ဖို့ကို အလေးပေး မှာကြားခဲ့ပါတယ်။
တောင်အာဖရိကနိုင်ငံရဲ့ အပြင်မထွက်ရအမိန့်ဟာ ကမ္ဘာပေါ်မှာ အတင်းကြပ်ဆုံးတွေထဲက တခုဖြစ်ပြီး လူတွေအနေနဲ့ စားစရာဝယ်ဖို့နဲ့ ဆေးကုသဖို့အတွက်ကိုပဲ အပြင်ထွက်ဖို့ ခွင့်ပြုထားပြီး အရက်သေစာ ရောင်းချတာ၊ ခွေးကျောင်းတာတွေကို တားမြစ်ထားပါတယ်။ ဒါ့အပြင် လာမယ့် သီတင်း ၃ ပတ်အတွင်း အပြင်ထွက်ပြီး ကျန်းမာရေးအတွက် အပြေးလေ့ကျင့်တာတွေလည်း လုပ်ခွင့်မရှိပါဘူး။
တောင်အာဖရိကနိုင်ငံကို လူအဝင်အထွက်တွေမလုပ်နိုင်အောင် နယ်စပ်တွေကိုလည်း ပိတ်ထားလိုက်ပါတယ်။ ဒါပေမဲ့ တိုင်းပြည်အတွက်တခြားလိုအပ်တဲ့ စားနှပ်ရိက္ခာတွေအတွက်တော့ ကုန်တင်ကားတွေ၊ သင်္ဘောတွေကိုတော့ ဖွင့်ပေးထားပါတယ်။ တကယ်လို့ ဗိုင်းရပ်စ်အန္တရာယ်အခြေအနေက တိုးတက်မလာဘူးဆိုရင်တော့ ၃ ပတ်ထက်ပိုကြာနိုင်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။