သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

COVID-19 စိတ္ဖိစီးမႈေတြ ေျဖရွင္းေရး ျမန္မာပညာရွင္ေတြ အႀကံေပး


COVID-19 ကူးစက္မည့္အေရး ကာကြယ္ရန္ ႏွာေခါင္းစည္းအကာ တပ္၍ သြားလာေနၾကသူမ်ား။ (မတ္ ၁၇၊ ၂၀၂၀)

(Zawgyi/Unicode)

COVID-19 ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ေနတဲ့ ကာလမွာ ျပည္သူေတြအေနနဲ႔ ေဆာင္ရန္ေရွာင္ရန္အခ်က္ေတြကို လိုက္နာေနခ်ိန္မွာပဲ စိတ္ဖိစီးမႈေတြကို ေလွ်ာ့ခ်ႏိုင္ဖို႔အတြက္ စိတ္က်န္းမာေရးဆရာဝန္ႀကီးေတြက လမ္းၫႊန္ေပးထားပါတယ္။ အေရးေပၚစိတ္က်န္းမာေရးဆိုင္ရာ ကိစၥေတြကို အထူးကုဆရာဝန္ေတြကိုယ္တိုင္ ေျဖၾကားေပးေနတဲ့အစီအစဥ္ကိုလည္း ရန္ကုန္စိတ္က်န္းမာေရးေဆး႐ုံႀကီးမွာ ေဆာင္႐ြက္ေနတဲ့အေျခအေနေတြကို ဗြီအိုေအသတင္းေထာက္ စုစုကေျပာျပသြားမွာပါ။

☞ကို႐ုိနာဗိုင္းရပ္စ္ ထိန္းခ်ဳပ္ေရး မႏၱေလးၿမိဳ႕ အ၀င္အထြက္ စတင္ကန္႔သတ္တဲ့ သတင္းကိုလည္း ဖတ္ႏိုင္ပါၿပီ။

ျမန္မာႏိုင္ငံတြင္းမွာ COVID-19 ဓာတ္ခြဲအတည္ျပဳလူနာေတြ ရွိလာတဲ့ အေျခအေနမွာ ဒီေရာဂါျဖစ္ပြားမႈကို ထိန္းခ်ဳပ္ႏိုင္ဖို႔အတြက္ တာဝန္ရွိသူေတြက အရွိန္ျမႇင့္ေဆာင္႐ြက္ေနၾကတာပါ။ ျပည္သူေတြအေနနဲ႔လည္း ဒီေရာဂါနဲ႔ ပတ္သက္တဲ့ ေဆာင္ရန္ေရွာင္ရန္အခ်က္ေတြကို လိုက္နာေနခ်ိန္မွာ စိတ္ဖိစီးမႈေတြ မ်ားလာတာေၾကာင့္ ဒါေတြကို ေလွ်ာ့ခ်ႏိုင္မယ့္ နည္းလမ္းကို ရန္ကုန္စိတ္က်န္းမာေရးေဆး႐ုံႀကီးက ေဒါက္တာအဏၰဝါရီညိဳက အခုလိုလမ္းၫႊန္ထားပါတယ္။

“ဒီလိုခံစားခ်က္ေတြ ျဖစ္ေပၚေနတဲ့အခ်ိန္မွာ ကိုယ့္ခံစားခ်က္ကို ကိုယ္ယုံၾကည္ရတဲ့သူေတြကို ရင္ဖြင့္လိုက္ အဲလိုမ်ိဳးေတြ လုပ္သင့္တယ္။ ေနာက္ၿပီးေတာ့ အိမ္မွာပဲေနရခ်ိန္မွာ က်န္းမာေရးနဲ႔ညီၫြတ္တဲ့ အစားအေသာက္စားတာ၊ ပုံမွန္အိပ္တာ၊ ပုံမွန္ေလ့က်င့္ခန္းလုပ္တာနဲ႔ တျခားသူေတြနဲ႔လည္း အဆက္အသြယ္ျပတ္မေနဘဲ ဖုန္းနဲ႔ျဖစ္ျဖစ္ အင္တာနက္နဲ႔ပဲျဖစ္ျဖစ္ ခ်ိတ္ဆက္ၿပီးေတာ့ ေနသင့္တယ္။ ေနာက္ၿပီး စိတ္ခံစားခ်က္သက္သာေအာင္ဆိုၿပီး ေဆးလိပ္ေသာက္တာ အရက္ေသာက္တာ အဲလိုမ်ိဳးေတြမလုပ္သင့္ဘူး။ ကိုယ့္ရဲ႕စိတ္ဖိစီးမႈက အရမ္းမ်ားလာၿပီဆိုရင္ေတာ့ ကိုယ့္ကိုႏွစ္သိမ့္ေဆြးေႏြး အႀကံေပးႏိုင္တဲ့သူေတြနဲ႔ ေဆြးေႏြးတာအေကာင္းဆုံးပဲ။”

ျမန္မာႏိုင္ငံတြင္းမွာ ဒီေရာဂါကို ကာကြယ္ထိန္းခ်ဳပ္ႏိုင္ဖို႔အတြက္ ဌာနဆိုင္ရာတာဝန္ရွိသူေတြ အခ်င္းခ်င္းက ပူးေပါင္းေဆာင္႐ြက္ေနၾကသလို ျပည္သူေတြကလည္း လမ္းၫႊန္ခ်က္ေတြကို လိုက္နာေနရခ်ိန္ျဖစ္ပါတယ္။ အခုလိုအခ်ိန္မွာ ျပည္သူလူထုအပါအဝင္၊ အသြားအလာကန႔္သတ္ခံထားရတဲ့ သူေတြနဲ႔ ဒီေရာဂါကို ကာကြယ္ကုသရာမွာ ေဆာင္႐ြက္ေနတဲ့ ဆရာဝန္ေတြနဲ႔ လူနာေတြမွာလည္း စိတ္ဖိစီးမႈေတြ မ်ားေနတဲ့အခ်ိန္ျဖစ္တယ္လို႔ ဆိုပါတယ္။

႐ြာသာႀကီးက ရန္ကုန္စိတ္က်န္းမာေရးေဆး႐ုံႀကီးမွာလည္း လူစုလူေဝးေလွ်ာ့ခ်ႏိုင္ဖို႔အတြက္ နာတာရွည္လူနာေတြထဲက ေရာဂါသက္သာသူတခ်ိဳ႕ကို ေဆး႐ုံဆင္းခြင့္ျပဳၿပီး ျပင္ပလူနာဌာနမွာ လာျပသူေတြကိုလည္း ေသခ်ာၾကပ္မတ္ၿပီးေဆာင္႐ြက္ေနတဲ့ အေၾကာင္းကို ေဒါက္တာအဏၰဝါရီညိဳက ဗြီအိုေအကိုေျပာပါတယ္။

“ေဆး႐ုံတင္မယ့္လူနာဆိုရင္လည္း အရမ္းကိုအေရးႀကီးတဲ့ လူနာကိုမွ က်မတို႔ တင္တယ္။ သိပ္အေရးမႀကီးဘူးဆိုရင္ က်မတို႔ကေဆးေပးတယ္။ ျပင္ပလူနာ အေနနဲ႔ ျပန္ျပဖို႔လုပ္ေပးတယ္ေပါ့ေနာ္။ ေဆး႐ုံတင္တာ ေကာင္းၿပီဆိုလို႔ရွိရင္လည္း အရင္လိုႏွစ္ပတ္၊ သုံးပတ္ထားတာမဟုတ္ဘူးေပါ့ေနာ္။ ေကာင္းၿပီဆိုရင္ ျမန္ျမန္ျပန္ေပးဆင္းတယ္။ ေနာက္အေရးေပၚမဟုတ္ဘူးဆိုရင္ က်မတို႔က ဖုန္းနံပါတ္ေတြကို ျဖန႔္ေဝထားပါတယ္။ ဒီလိုလူစုလူေဝးေတြ ျဖစ္ေပၚမႈကိုေရွာင္ဖို႔အတြက္ေပါ့ေနာ္။ အေရးေပၚစိတ္က်န္းမာေရးဆိုင္ရာ ေဆြးေႏြးဖို႔ရယ္၊ ရက္ခ်ိန္းျပန္ျပဖို႔ရယ္၊ စိတ္က်န္းမာေရးေဆးေတြနဲ႔ပတ္သက္ၿပီး သိလိုတဲ့ အခ်က္ေတြကို အကူအညီလိုရင္ဆက္သြယ္ဖို႔အတြက္ တယ္လီဖုန္းေလးေတြကို က်မတို႔က မီဒီယာကိုျဖန႔္ေဝထားပါတယ္ရွင့္။”

အခုလိုအခ်ိန္မွာ သတင္းအမွားေတြကို ယုံၾကည္ၿပီး စိတ္ဖိစီးမႈမ်ားတာေတြ မျဖစ္ေစဖို႔နဲ႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ထုတ္ျပန္ခ်က္ေတြကို လိုက္နာဖို႔အတြက္လည္း အႀကံေပးထားပါတယ္။

“သတင္းအခ်က္အလက္အမွားေတြကို ကိုယ္ကစိတ္ခံစားၿပီး စိတ္ဖိစီးမႈမ်ားတာေတြ ျဖစ္တဲ့အတြက္ေၾကာင့္မို႔လို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ထုတ္ျပန္တဲ့သတင္းအခ်က္အလက္ေတြကိုပဲ ဖတ္သင့္တယ္။ ဒီလိုျဖစ္ေနခ်ိန္မွာ အနိဌာ႐ုံေတြေဖာ္ျပတဲ့ မီဒီယာေတြကိုၾကည့္တာ ေလွ်ာ့ခ်သင့္တယ္။ ဥပမာ သူမ်ားဆီမွာျဖစ္ေနတာေတြကို ၾကည့္ၿပီးေတာ့ စိတ္ေျခာက္ျခားေနမယ့္အစား ကိုယ္စိတ္သက္သာရမယ့္ နည္းလမ္းေတြကိုရွာၿပီးေတာ့ စိတ္သက္သာေအာင္ေနသင့္တယ္။”

အေရးေပၚစိတ္က်န္းမာေရးဆိုင္ရာ ကိစၥေတြကို ေဆြးေႏြးဖို႔နဲ႔ ရက္ခ်ိန္းျပန္လည္ျပသတာ လူနာလႊဲပို႔တဲ့ကိစၥေတြမွာ အကူအညီလိုအပ္လာရင္ စိတ္က်န္းမာေရး ဆရာဝန္ေတြကိုယ္တိုင္ ေျဖၾကားေဆြးေႏြးေပးေနၿပီး ဖုန္းနံပါတ္ ၀၉ ၈၈၉ ၆၄၅ ၆၆၀/ ၆၆၁/ ၆၆၂/ ၆၆၃/ ၆၆၄ တို႔ကို ဆက္သြယ္ၿပီး အကူအညီရယူႏိုင္ပါတယ္။

ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း AAPP ကလည္း အခုလို COVID-19 ထိန္းခ်ဳပ္ကာကြယ္ေရးကာလမွာ အြန္လိုင္း စိတ္ပိုင္းဆိုင္ရာအႀကံေပး အစီအစဥ္ကို ေဆာင္႐ြက္ေပးေနပါတယ္။ ပါဝင္ေဆြးေႏြးလိုသူေတြ အေနနဲ႔ ၀၉ ၄၂၀ ၀၆၄ ၄၁၀ နဲ႔ ၀၉ ၅၁၁ ၆၂၆၆ တို႔ကို အခ်ိန္မေ႐ြး ဆက္သြယ္အေၾကာင္းၾကားႏိုင္ပါတယ္။

ဒီကေန႔စာရင္းေတြအရ ႏိုင္ငံေပါင္း ၂၀၈ ႏိုင္ငံကို ကူးစက္ခဲ့ၿပီး၊ လူေပါင္း ၁၂ သိန္းေက်ာ္ကို ကူးစက္ခဲ့တာပါ။ ဒီေရာဂါေၾကာင့္ ေသဆုံးသူ ၇၀၀၀၀ ေက်ာ္ရွိခဲ့ၿပီး ျပန္လည္သက္သာလာသူဟာလည္း ၂၆ သိန္းေက်ာ္အထိ ရွိေနၿပီျဖစ္ပါတယ္။

ျမန္မာႏိုင္ငံတြင္းမွာေတာ့ မေန႔က ညထုတ္ျပန္ခ်ိန္အထိဆို COVID-19 ေရာဂါျဖစ္ပြားသူ ၂၁ ဦး ရွိခဲ့ၿပီးျဖစ္ပါတယ္။ ျပည္သူေတြအေနနဲ႔ က်န္းမာေရးနဲ႔အားကစား ဝန္ႀကီးဌာနက ထုတ္ျပန္ထားတဲ့ ေရာဂါကာကြယ္ေရးဆိုင္ရာ က်န္းမာေရးပညာေပး အခ်က္အလက္ေတြကို တိတိက်က်လိုက္နာေပးဖို႔နဲ႔ ဒီေရာဂါကူးစက္မႈမရွိေစေရး ပူးေပါင္းပါဝင္ေပးဖို႔ကို ႏႈိးေဆာ္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

COVID-19 စိတ်ဖိစီးမှုတွေ ဖြေရှင်းရေး မြန်မာပညာရှင်တွေ အကြံပေး

COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်နေတဲ့ ကာလမှာ ပြည်သူတွေအနေနဲ့ ဆောင်ရန်ရှောင်ရန်အချက်တွေကို လိုက်နာနေချိန်မှာပဲ စိတ်ဖိစီးမှုတွေကို လျှော့ချနိုင်ဖို့အတွက် စိတ်ကျန်းမာရေးဆရာဝန်ကြီးတွေက လမ်းညွှန်ပေးထားပါတယ်။ အရေးပေါ်စိတ်ကျန်းမာရေးဆိုင်ရာ ကိစ္စတွေကို အထူးကုဆရာဝန်တွေကိုယ်တိုင် ဖြေကြားပေးနေတဲ့အစီအစဉ်ကိုလည်း ရန်ကုန်စိတ်ကျန်းမာရေးဆေးရုံကြီးမှာ ဆောင်ရွက်နေတဲ့အခြေအနေတွေကို ဗွီအိုအေသတင်းထောက် စုစုကပြောပြသွားမှာပါ။

☞ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ရေး မန္တလေးမြို့ အဝင်အထွက် စတင်ကန့်သတ်တဲ့ သတင်းကိုလည်း ဖတ်နိုင်ပါပြီ။

မြန်မာနိုင်ငံတွင်းမှာ COVID-19 ဓာတ်ခွဲအတည်ပြုလူနာတွေ ရှိလာတဲ့ အခြေအနေမှာ ဒီရောဂါဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ဖို့အတွက် တာဝန်ရှိသူတွေက အရှိန်မြှင့်ဆောင်ရွက်နေကြတာပါ။ ပြည်သူတွေအနေနဲ့လည်း ဒီရောဂါနဲ့ ပတ်သက်တဲ့ ဆောင်ရန်ရှောင်ရန်အချက်တွေကို လိုက်နာနေချိန်မှာ စိတ်ဖိစီးမှုတွေ များလာတာကြောင့် ဒါတွေကို လျှော့ချနိုင်မယ့် နည်းလမ်းကို ရန်ကုန်စိတ်ကျန်းမာရေးဆေးရုံကြီးက ဒေါက်တာအဏ္ဏဝါရီညိုက အခုလိုလမ်းညွှန်ထားပါတယ်။

“ဒီလိုခံစားချက်တွေ ဖြစ်ပေါ်နေတဲ့အချိန်မှာ ကိုယ့်ခံစားချက်ကို ကိုယ်ယုံကြည်ရတဲ့သူတွေကို ရင်ဖွင့်လိုက် အဲလိုမျိုးတွေ လုပ်သင့်တယ်။ နောက်ပြီးတော့ အိမ်မှာပဲနေရချိန်မှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်စားတာ၊ ပုံမှန်အိပ်တာ၊ ပုံမှန်လေ့ကျင့်ခန်းလုပ်တာနဲ့ တခြားသူတွေနဲ့လည်း အဆက်အသွယ်ပြတ်မနေဘဲ ဖုန်းနဲ့ဖြစ်ဖြစ် အင်တာနက်နဲ့ပဲဖြစ်ဖြစ် ချိတ်ဆက်ပြီးတော့ နေသင့်တယ်။ နောက်ပြီး စိတ်ခံစားချက်သက်သာအောင်ဆိုပြီး ဆေးလိပ်သောက်တာ အရက်သောက်တာ အဲလိုမျိုးတွေမလုပ်သင့်ဘူး။ ကိုယ့်ရဲ့စိတ်ဖိစီးမှုက အရမ်းများလာပြီဆိုရင်တော့ ကိုယ့်ကိုနှစ်သိမ့်ဆွေးနွေး အကြံပေးနိုင်တဲ့သူတွေနဲ့ ဆွေးနွေးတာအကောင်းဆုံးပဲ။”

မြန်မာနိုင်ငံတွင်းမှာ ဒီရောဂါကို ကာကွယ်ထိန်းချုပ်နိုင်ဖို့အတွက် ဌာနဆိုင်ရာတာဝန်ရှိသူတွေ အချင်းချင်းက ပူးပေါင်းဆောင်ရွက်နေကြသလို ပြည်သူတွေကလည်း လမ်းညွှန်ချက်တွေကို လိုက်နာနေရချိန်ဖြစ်ပါတယ်။ အခုလိုအချိန်မှာ ပြည်သူလူထုအပါအဝင်၊ အသွားအလာကန့်သတ်ခံထားရတဲ့ သူတွေနဲ့ ဒီရောဂါကို ကာကွယ်ကုသရာမှာ ဆောင်ရွက်နေတဲ့ ဆရာဝန်တွေနဲ့ လူနာတွေမှာလည်း စိတ်ဖိစီးမှုတွေ များနေတဲ့အချိန်ဖြစ်တယ်လို့ ဆိုပါတယ်။

ရွာသာကြီးက ရန်ကုန်စိတ်ကျန်းမာရေးဆေးရုံကြီးမှာလည်း လူစုလူဝေးလျှော့ချနိုင်ဖို့အတွက် နာတာရှည်လူနာတွေထဲက ရောဂါသက်သာသူတချို့ကို ဆေးရုံဆင်းခွင့်ပြုပြီး ပြင်ပလူနာဌာနမှာ လာပြသူတွေကိုလည်း သေချာကြပ်မတ်ပြီးဆောင်ရွက်နေတဲ့ အကြောင်းကို ဒေါက်တာအဏ္ဏဝါရီညိုက ဗွီအိုအေကိုပြောပါတယ်။

“ဆေးရုံတင်မယ့်လူနာဆိုရင်လည်း အရမ်းကိုအရေးကြီးတဲ့ လူနာကိုမှ ကျမတို့ တင်တယ်။ သိပ်အရေးမကြီးဘူးဆိုရင် ကျမတို့ကဆေးပေးတယ်။ ပြင်ပလူနာ အနေနဲ့ ပြန်ပြဖို့လုပ်ပေးတယ်ပေါ့နော်။ ဆေးရုံတင်တာ ကောင်းပြီဆိုလို့ရှိရင်လည်း အရင်လိုနှစ်ပတ်၊ သုံးပတ်ထားတာမဟုတ်ဘူးပေါ့နော်။ ကောင်းပြီဆိုရင် မြန်မြန်ပြန်ပေးဆင်းတယ်။ နောက်အရေးပေါ်မဟုတ်ဘူးဆိုရင် ကျမတို့က ဖုန်းနံပါတ်တွေကို ဖြန့်ဝေထားပါတယ်။ ဒီလိုလူစုလူဝေးတွေ ဖြစ်ပေါ်မှုကိုရှောင်ဖို့အတွက်ပေါ့နော်။ အရေးပေါ်စိတ်ကျန်းမာရေးဆိုင်ရာ ဆွေးနွေးဖို့ရယ်၊ ရက်ချိန်းပြန်ပြဖို့ရယ်၊ စိတ်ကျန်းမာရေးဆေးတွေနဲ့ပတ်သက်ပြီး သိလိုတဲ့ အချက်တွေကို အကူအညီလိုရင်ဆက်သွယ်ဖို့အတွက် တယ်လီဖုန်းလေးတွေကို ကျမတို့က မီဒီယာကိုဖြန့်ဝေထားပါတယ်ရှင့်။”

အခုလိုအချိန်မှာ သတင်းအမှားတွေကို ယုံကြည်ပြီး စိတ်ဖိစီးမှုများတာတွေ မဖြစ်စေဖို့နဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ချက်တွေကို လိုက်နာဖို့အတွက်လည်း အကြံပေးထားပါတယ်။

“သတင်းအချက်အလက်အမှားတွေကို ကိုယ်ကစိတ်ခံစားပြီး စိတ်ဖိစီးမှုများတာတွေ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်တဲ့သတင်းအချက်အလက်တွေကိုပဲ ဖတ်သင့်တယ်။ ဒီလိုဖြစ်နေချိန်မှာ အနိဌာရုံတွေဖော်ပြတဲ့ မီဒီယာတွေကိုကြည့်တာ လျှော့ချသင့်တယ်။ ဥပမာ သူများဆီမှာဖြစ်နေတာတွေကို ကြည့်ပြီးတော့ စိတ်ခြောက်ခြားနေမယ့်အစား ကိုယ်စိတ်သက်သာရမယ့် နည်းလမ်းတွေကိုရှာပြီးတော့ စိတ်သက်သာအောင်နေသင့်တယ်။”

အရေးပေါ်စိတ်ကျန်းမာရေးဆိုင်ရာ ကိစ္စတွေကို ဆွေးနွေးဖို့နဲ့ ရက်ချိန်းပြန်လည်ပြသတာ လူနာလွှဲပို့တဲ့ကိစ္စတွေမှာ အကူအညီလိုအပ်လာရင် စိတ်ကျန်းမာရေး ဆရာဝန်တွေကိုယ်တိုင် ဖြေကြားဆွေးနွေးပေးနေပြီး ဖုန်းနံပါတ် ၀၉ ၈၈၉ ၆၄၅ ၆၆၀/ ၆၆၁/ ၆၆၂/ ၆၆၃/ ၆၆၄ တို့ကို ဆက်သွယ်ပြီး အကူအညီရယူနိုင်ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ကလည်း အခုလို COVID-19 ထိန်းချုပ်ကာကွယ်ရေးကာလမှာ အွန်လိုင်း စိတ်ပိုင်းဆိုင်ရာအကြံပေး အစီအစဉ်ကို ဆောင်ရွက်ပေးနေပါတယ်။ ပါဝင်ဆွေးနွေးလိုသူတွေ အနေနဲ့ ၀၉ ၄၂၀ ၀၆၄ ၄၁၀ နဲ့ ၀၉ ၅၁၁ ၆၂၆၆ တို့ကို အချိန်မရွေး ဆက်သွယ်အကြောင်းကြားနိုင်ပါတယ်။

ဒီကနေ့စာရင်းတွေအရ နိုင်ငံပေါင်း ၂၀၈ နိုင်ငံကို ကူးစက်ခဲ့ပြီး၊ လူပေါင်း ၁၂ သိန်းကျော်ကို ကူးစက်ခဲ့တာပါ။ ဒီရောဂါကြောင့် သေဆုံးသူ ၇၀၀၀၀ ကျော်ရှိခဲ့ပြီး ပြန်လည်သက်သာလာသူဟာလည်း ၂၆ သိန်းကျော်အထိ ရှိနေပြီဖြစ်ပါတယ်။

မြန်မာနိုင်ငံတွင်းမှာတော့ မနေ့က ညထုတ်ပြန်ချိန်အထိဆို COVID-19 ရောဂါဖြစ်ပွားသူ ၂၁ ဦး ရှိခဲ့ပြီးဖြစ်ပါတယ်။ ပြည်သူတွေအနေနဲ့ ကျန်းမာရေးနဲ့အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ရောဂါကာကွယ်ရေးဆိုင်ရာ ကျန်းမာရေးပညာပေး အချက်အလက်တွေကို တိတိကျကျလိုက်နာပေးဖို့နဲ့ ဒီရောဂါကူးစက်မှုမရှိစေရေး ပူးပေါင်းပါဝင်ပေးဖို့ကို နှိုးဆော်ထားပါတယ်။

XS
SM
MD
LG