သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘောဒီးယားမြေယာ အငြင်းပွားမှု ပြည်သူ ၅ သိန်းကျော် ထိခိုက်


ကမ္ဘောဒီးယား လယ်သိမ်းခံ လယ်သမားများ ဆန္ဒပြ
ကမ္ဘောဒီးယား လယ်သိမ်းခံ လယ်သမားများ ဆန္ဒပြ
ကမ္ဘောဒီးယား နိုင်ငံမှာ လွန်ခဲ့တဲ့ ၁၄ နှစ် အတွင်း မြေယာ အငြင်းပွား မှုတွေကြောင့် ဒုက္ခရောက်ကြရသူ ၅ သိန်းကျော်အထိ ရှိခဲ့တဲ့ အကြောင်း ထင်ရှားတဲ့ ကမ္ဘောဒီးယား လူ့အခွင့်အရေး လှုပ်ရှားမှု အဖွဲ့တခုက ပြောဆို လိုက်ပါတယ်။ မြေယာသိမ်းမှုတွေဟာ တနိုင်ငံလုံးနီးပါးမှာ ဒီနှစ်ထဲအထိ ဆက်လက် ဖြစ်ပွားနေတဲ့အကြောင်း ကမ္ဘောဒီးယား လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့ Licadho ကပြောခဲ့တာပါ။

ရွာသားတွေ အချင်းချင်းကြား ဒါမှမဟုတ်ရင်လည်း ဒေသခံနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်နေကြတဲ့ ကုမ္ပဏီတွေ၊ သစ်လုပ်ငန်းတွေနဲ့ကြား ပိုင်ဆိုင်မှုအတွက် အငြင်းပွားတာတွေ ပါဝင်တယ်လို့လည်း ဆိုပါတယ်။ စိုးရိမ်စရာ အခြေအနေတွေကို ဖြေရှင်းနိုင်ဖို့ အစိုးရက လုပ်ငန်းစဉ်တရပ် ချမှတ်ရေး လူ့အခွင့်အရေး လှုပ်ရှားသူတွေက တောင်းဆိုခဲ့ကြပေမဲ့ အစိုးရ တာဝန်ရှိသူတွေကတော့ အစီရင်ခံမှာပါတဲ့ ကိန်းဂဏန်း အချက်အလက်တွေကို လက်မခံခဲ့ကြပါဘူး။

ကမ္ဘောဒီးယား မြေယာစီမံခန့်ခွဲရေး ဝန်ကြီးဌာန တာဝန်ရှိသူ တဦးကတော့ လူ့အခွင့်အရေး လှုပ်ရှားသူတွေရဲ့ အစီရင်ခံစာဟာ လက်တွေ့မဆန်သလို၊ အချက်အလက်တွေအရ ဆိုရင်လည်း အငြင်းပွားနေတဲ့ နေရာပေါင်းဟာ ၃-၄ ထောင်လောက်သာ ရှိတယ်လို့လည်း ကြာသပတေးနေ့ကပဲ တုံ့ပြန်ပြောဆိုခဲ့တာပါ။

ဝန်ကြီးဌာနက တုံ့ပြန်ပြောဆိုနေချိန်မှာပဲ တရုတ်ကုမ္ပဏီ ၂ ခုဟာ မြေတွေကို ရှင်းလင်းနေတယ်ဆိုပြီး ကမ္ဘောဒီးယားနိုင်ငံက လူမျိုးစု တိုင်းရင်းသား ၃၀၀ လောက်က Preah Vihear ပြည်နယ်မှာ ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။
XS
SM
MD
LG