သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နေရပ်ပြန်နိုင်ငံသားတွေကို ကမ္ဘောဒီးယား NGO တွေဝိုင်းကူ


ထိုင်းနိုင်ငံကနေ ထွက်ခွာနေကြတဲ့ ကမ္ဘောဒီးယားအလုပ်သမားတွေကို အကူအညီပေးဖို့ ကမ္ဘောဒီးယား အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေက အရေးပေါ် ဆက်သွယ်ရေးလိုင်းတွေနဲ့ အကူအညီပေးမယ့် အစီအစဉ်တွေ ဆောင်ရွက်နေကြပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်းမှာပဲ ကမ္ဘောဒီးယား ၂ သိန်းလောက် ထိုင်းကနေ ပြန်လာကြတယ်လို့ ခန့်မှန်းရပါတယ်။ ထိုင်းနိုင်ငံတွင်း မေလ ၂၂ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်၊ တရားမဝင် အလုပ်သမားတွေကို နှိမ်နင်းလာမယ်ဆိုတဲ့ သတင်းတွေနဲ့အတူ စိုးရိမ်ပြီး ထွက်ပြေးလာကြတာပါ။

ကမ္ဘောဒီးယားနယ်စပ်မှာ NGO အဖွဲ့ ၆ ခုထက်မနည်းရှိပြီး၊ သူတို့ဟာ ပြန်လာကြတဲ့ ကမ္ဘောဒီးယား အလုပ်သမားတွေကို အစားအစာနဲ့ အကူအညီ ထောက်ပံ့မှုတွေ ပေးနိုင်ဖို့ ဆောင်ရွက်နေကြပြီ ဖြစ်ပါတယ်။

World Vision တို့ IOM တို့လို နိုင်ငံတကာ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေကလည်း ပြန်လာတဲ့ အလုပ်သမားတွေကို အကူအညီတွေ ပေးနေတယ်လို့ ဆိုပါတယ်။ ထိုင်းနိုင်ငံတွင်းမှာ ကမ္ဘောဒီးယား အလုပ်သမား ၄ သိန်းကျော် အလုပ်လုပ်ကိုင်နေတယ်လို့ အလုပ်သမားရေးအဖွဲ့တွေက ခန့်မှန်းထားပါတယ်။
XS
SM
MD
LG