သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာ့ႏိုင္ငံေရး ျပႆနာ အာဆီယံ ေျဖရွင္းေပးႏိုင္ပါ့မလား


Myanmar State Administration Council Chairman Senior General Min Aung Hlaing, right, shakes hands with Cambodian Foreign Minister Prak Sokhonn during a meeting in Naypyitaw, Myanmar, March 21, 2022.

ျမန္မာႏိုင္ငံဆိုင္ရာ အာဆီယံအထူးကိုယ္စားလွယ္ ကေမာၻဒီးယားႏိုင္ငံျခားေရးဝန္ႀကီး Prak Sokhonn ဟာ မတ္လ ၂၀ ရက္ေန႔ကေန ၂၃ ရက္ေန႔အထိ သုံးရက္ၾကာခရီးစဥ္အျဖစ္ ျမန္မာႏိုင္ငံကို သြားေရာက္ခဲ့ပါတယ္။ ဒီအေၾကာင္းကို Bangaok Post သတင္းစာႀကီးက "ျမန္မာစစ္တပ္ကို ထိန္းထိန္းသိမ္းသိမ္းလုပ္ဖို႔ အာဆီယံအထူးကိုယ္စားလွယ္ တိုက္တြန္း"ဆိုတဲ့ ေခါင္းစဥ္နဲ႔ ၂၀၂၂၊ မတ္လ ၂၃ ရက္ေန႔က ေဖာ္ျပထားပါတယ္။ ေဆာင္းပါးရဲ႕အစမွာ အထူးကိုယ္စားလွယ္အေနနဲ႔ ျမန္မာစစ္ေကာင္စီကို စစ္ဆင္ေရးေတြအတြင္း ထိမ္းထိမ္းသိမ္းသိမ္းေဆာင္႐ြက္ဖို႔ တိုက္တြန္းခဲ့ေၾကာင္း၊အမႈရင္ဆိုင္ေနရဆဲျဖစ္လို႔ ဖမ္းဆီးထိမ္းသိမ္းျခင္းခံထားရတဲ့ေဒၚေအာင္ဆန္းစုၾကည္နဲ႔ေတာ့ စစ္ေခါင္းေဆာင္ေတြက အာဆီယံအထူးကိုယ္စားလွယ္ကို ေတြ႕ခြင့္မေပးခဲ့ဘူးလို႔ ေရးသားထားပါတယ္။ ဒါ့အျပင္ "ျမန္မာ့အေရးဟာ ရႈပ္ေထြးၿပီး ေျဖရွင္းဖို႔ အခ်ိန္ယူရလိမ့္မယ္။ အာဆီယံအလွည့္က်ဥကၠ႒ သက္တမ္းတစ္ခုအတြင္း၊ ဒါမွမဟုတ္ လက္ရွိအလွည့္က်ဥကၠ႒ ကေမာၻဒီးယား တာဝန္ယူထားတဲ့ သက္တမ္းအတြင္းမွာေတာ့ ေျဖရွင္းႏိုင္မွာ မဟုတ္ဘူး"လို႔ အာဆီယံအထူးကိုယ္စားလွယ္ကေျပာေၾကာင္းလည္း ေဆာင္းပါးမွာ ေဖာ္ျပထားပါတယ္။

ကေမာၻဒီးယားႏိုင္ငံျခားေရးဝန္ႀကီးဟာ အာဆီယံအထူးကိုယ္စားလွယ္အေနနဲ႔ျမန္မာႏိုင္ငံကို ပထမဆုံးလာေရာက္ခြင့္ရတဲ့ ခရီးစဥ္ျဖစ္ပါတယ္။ သူ႔အရင္ ပထမဆုံးျမန္မာႏိုင္ငံဆိုင္ရာ အာဆီယံအထူးကိုယ္စားလွယ္ ခန႔္အပ္ျခင္းခံရတဲ့သူဟာ ဘ႐ူႏိုင္း ဒုတိယႏိုင္ငံျခားေရးဝန္ႀကီး Erywan Yusof ျဖစ္ပါတယ္။ Erywan Yusof ဟာအထူးကိုယ္စားလွယ္သက္တမ္းသာ ကုန္သြားတယ္၊ ျမန္မာႏိုင္ငံကို တစ္ေခါက္မွသြားေရာက္ႏိုင္ခဲ့ျခင္း မရွိပါဘူး။ Yusof ဟာ သူရဲ႕ ခရီးစဥ္အတြင္းမွာ သက္ဆိုင္သူမ်ားကို ေတြ႕ဆုံခြင့္ ျပဳရမယ္၊ အထူးသျဖင့္ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢဳလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေတြ႕ဆုံခြင့္ေတာင္းတာကို စစ္ေကာင္စီက ျငင္းပယ္တဲ့အတြက္ ျမန္မာႏိုင္ငံကိုမလာေရာက္ခဲ့တာ ျဖစ္ပါတယ္။

ျမန္မာ့အေရးအေပၚ အာဆီယံ ဘုံသေဘာတူညီခ်က္ ၅ ခ်က္ ခ်မွတ္ထားရာမွာ သက္ဆိုင္သူေတြၾကား အျပဳသေဘာေဆာင္ေတြ႕ဆုံေဆြးေႏြးၿပီး ၿငိမ္းခ်မ္းစြာ အေျဖရွာေရးဆိုတဲ့ အခ်က္တစ္ခ်က္ ပါဝင္ပါတယ္။ သက္ဆိုင္သူေတြၾကားဆိုတဲ့ စကားရပ္ကို အဓိပၸာယ္ဖြင့္ဆိုရာမွာေတာ့ တစ္ဦးႏွင့္တစ္ဦး အျမင္မတူၾကပါဘူး။ စစ္ေကာင္စီကေတာ့ CRPH၊ NUG၊ NUCC တို႔ကို သက္ဆိုင္သူမ်ားလို႔ မသတ္မွတ္ပါဘူး။ အာဆီယံအထူးကိုယ္စားလွယ္ Park Sokhonn ကေတာ့ သူ႔ရဲ႕ခရီးစဥ္မတိုင္ခင္မွာ ေဒၚေအာင္ဆန္းစုၾကည္အပါအဝင္ CRPH၊ NUG တို႔နဲ႔ေတြ႕ဆုံလိုတယ္လို႔ ေျပာၾကားခဲ့ေပမယ့္ စစ္ေကာင္စီကေတာ့ ခြင့္မျပဳခဲ့ပါဘူး။ အမွန္ကေတာ့ အာဆီယံ ဘုံသေဘာတူညီခ်က္ ၅ ခ်က္ဆိုတာ အင္ဒိုနီးရွားႏိုင္ငံ ဂ်ကာတာမွာ က်င္းပတဲ့အာဆီယံအေရးေပၚအစည္းအေဝးမွာ အာဆီယံေခါင္းေဆာင္ေတြက သေဘာတူညီ ခ်မွတ္ခဲ့တာပါ။ ၂၀၂၁၊ ဧၿပီ ၂၄ ရက္ေန႔က ျပဳလုပ္ခဲ့တဲ့ အာဆီယံအေရးေပၚအစည္းအေဝးကို အာဏာသိမ္းေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ကိုယ္တိုင္ တက္ေရာက္ေဆြးေႏြးခဲ့ၿပီး သေဘာတူညီခဲ့တာပါ။ ဒါေပမယ့္ေနာက္ပိုင္းမွာ ျမန္မာစစ္ေကာင္စီက ဘုံသေဘာတူညီခ်က္ ၅ ခ်က္ကို လိုက္နာအေကာင္အထည္ မေဖာ္ခဲ့ပါဘူး။ ဒါေၾကာင့္လည္း အာဆီယံအေရးေပၚအစည္းအေဝး ေနာက္ပိုင္းမွာ က်င္းပျပဳလုပ္တဲ့ အာဆီယံအစည္းအေဝးေတြမွာျမန္မာစစ္ေကာင္စီေခါင္းေဆာင္နဲ႔ စစ္ေကာင္စီရဲ႕ ႏိုင္ငံျခားေရးဝန္ႀကီးတို႔ကို တက္ေရာက္ခြင့္မျပဳေတာ့ပါဘူး။ အာဆီယံဘုံသေဘာတူညီခ်က္ ၅ ခ်က္ကို ျမန္မာစစ္ေကာင္စီက အေကာင္အထည္ မေဖာ္မခ်င္း အာဆီယံအစည္းအေဝးေတြကိုတက္ေရာက္ခြင့္မျပဳႏိုင္ဘူးလို႔ အာဆီယံရဲ႕ သေဘာထားကို ရွင္းလင္းစြာ ထုတ္ျပန္ခဲ့ပါတယ္။

ကုလသမဂၢ၊ အေမရိကန္ျပည္ေထာင္စုနဲ႔ တ႐ုတ္ႏိုင္ငံတို႔ကလည္း ျမန္မာ့ႏိုင္ငံေရးအက်ပ္အတည္းကို ေျဖရွင္းဖို႔ အာဆီယံအဖြဲ႕ႀကီးရဲ႕ ဘုံသေဘာတူညီခ်က္ ၅ ခ်က္ကိုအေကာင္အထည္ေဖာ္ဖို႔ သေဘာတူ ေထာက္ခံထားၾကပါတယ္။အဲဒီ ဘုံသေဘာတူညီခ်က္ ၅ ခ်က္ကေတာ့-

၁။ ျမန္မာႏိုင္ငံမွာ အၾကမ္းဖက္မႈေတြ ခ်က္ခ်င္းရပ္ၿပီးသက္ဆိုင္သူအားလုံး ထိန္းထိန္းသိမ္းသိမ္း ေဆာင္႐ြက္ၾကဖို႔၊

၂။ ျပည္သူေတြရဲ႕အက်ိဳးစီးပြားအတြက္ ၿငိမ္းခ်မ္းတဲ့အေျဖတစ္ခု ရေအာင္သက္ဆိုင္သူအားလုံး အျပဳသေဘာ ေဆြးေႏြးၾကဖို႔၊

၃။ အာဆီယံအတြင္းေရးမႉးခ်ဳပ္ရဲ႕ အကူအညီနဲ႔ ေဆြးေႏြးေရးလုပ္ငန္းစဥ္အေကာင္အထည္ေဖာ္ႏိုင္ေအာင္အာဆီယံဥကၠ႒ရဲ႕ အထူးကိုယ္စားလွယ္တစ္ေယာက္က ၾကားဝင္ညႇိႏႈိင္းေပးဖို႔၊

၄။ အာဆီယံအသင္းရဲ႕ လူသားခ်င္းစာနာမႈ အကူအညီေပးေရးဌာနကတဆင့္ျမန္မာႏိုင္ငံကို အကူအညီေတြေပးဖို႔၊

၅။ သက္ဆိုင္သူအားလုံးနဲ႔ ေတြ႕ဆုံဖို႔ အာဆီယံအထူးကိုယ္စားလွယ္နဲ႔အဖြဲ႕ ျမန္မာႏိုင္ငံကို ေစလႊတ္ဖို႔တို႔ ျဖစ္ပါတယ္။

အာဆီယံအထူးကိုယ္စားလွယ္ျဖစ္တဲ့ ကေမာၻဒီးယားႏိုင္ငံျခားေရးဝန္ႀကီးရဲ႕ျမန္မာႏိုင္ငံ ခရီးစဥ္နဲ႔ ပတ္သက္ၿပီးခရီးစဥ္ မတိုင္မီေလးမွာ VOA ျမန္မာပိုင္းက သေဘာထားအျမင္တခ်ိဳ႕ကို ေမးျမန္းခဲ့ပါတယ္။အဲဒီလို ေမးျမန္းရာမွာ NUG ရဲ႕ အာဆီယံဆိုင္ရာ သံအမတ္ႀကီးျဖစ္တဲ့ ဦးဘိုလွတင့္က သူ႔အျမင္ကို ခုလိုေျပာခဲ့ပါတယ္။

“ဒီလို အေပၚယံေၾကာ အားထုတ္မႈေတြက ဘယ္လိုမွ လက္ေတြ႕က်တဲ့ ရလဒ္ေကာင္းေတြ ထြက္လာမွာ မဟုတ္ဘဲနဲ႔ လက္ရွိ စစ္ေကာင္စီရဲ႕ အခ်ိန္ဆြဲ ကစားကြက္ေပါ့၊ ဘာလို႔လဲဆိုေတာ့ သူက ၂၀၂၃ ခုႏွစ္မွာ ေ႐ြးေကာက္ပြဲတစ္ခုလုပ္ဖို႔ ႀကိဳးပမ္းအားထုတ္မႈေတြ ရွိေနတယ္။ ဒီထဲမွာ အာဆီယံ ေမ်ာပါသြားရင္ေတာ့ အာဆီယံရဲ႕ ဂုဏ္သိကၡာကိုထိပါးေစမွာပဲ။ ဒါေၾကာင့္ တကယ့္ ရလဒ္ေကာင္းေတြ ထြက္ႏိုင္ဖို႔ကိုလည္း ဦးတည္ၿပီးေတာ့ စနစ္တက် ျပည့္ျပည့္စုံစုံလည္း စဥ္းစားထားတဲ့ မဟာဗ်ဴဟာေျမာက္လုပ္ငန္းစဥ္တစ္ရပ္ ျပန္ၿပီးေတာ့ ခ်မွတ္ေပးဖို႔ က်ေနာ္တို႔ကေတာ့ အာဆီယံေခါင္းေဆာင္မႈကို တိုက္တြန္းတယ္ေပါ့"

အာဆီယံအထူးကိုယ္စားလွယ္ ကေမာၻဒီးယားႏိုင္ငံျခားေရးဝန္ႀကီးကေတာ့ ျမန္မာ့အေရးဟာ အခ်ိန္ယူရမယ္။ သူ႔အထူးကိုယ္စားလွယ္ သက္တတမ္း(၂၀၂၂၊ဒီဇင္ဘာလကုန္)အတြင္း ေျဖရွင္းဖို႔ မျဖစ္ႏိုင္ဘူးလို႔ ဝန္ခံေျပာၾကားလိုက္ပါၿပီ။အာဆီယံ ဘုံသေဘာတူညီခ်က္ ၅ ခ်က္ဟာ အာဆီယံ အေရးေပၚအစည္းအေဝးမွာ ျမန္မာစစ္ေကာင္စီ ေခါင္းေဆာင္ကိုယ္တိုင္ တက္ေရာက္ေဆြးေႏြး သေဘာတူညီခဲ့တာပါ။ဒီလို သေဘာတူညီခဲ့ၿပီးမွ အေကာင္အထည္ေဖာ္ဖို႔ ပ်က္ကြက္ေနတာကို အာဆီယံအေနနဲ႔ ဘာဆက္လုပ္မလဲဆိုတာ ေမးခြန္းထုတ္စရာျဖစ္လို႔ေနပါၿပီ။ ပိုၿပီးဝမ္းနည္းစရာေကာင္းတာက လူသားခ်င္းစာနာေထာက္ထားတဲ့ အကူအညီေတြ မေပးအပ္ႏိုင္တာပါ။

စစ္တပ္အာဏာသိမ္းၿပီးေနာက္ပိုင္း အိုးအိမ္စြန႔္ခြာ ထြက္ေျပးေနရတဲ့ စစ္ေဘးေရွာင္ အေရအတြက္ဟာ ၅ သိန္းေက်ာ္ေနပါၿပီ။ကုလသမဂၢလူ႔အခြင့္အေရးဆိုင္ရာ မဟာမင္းႀကီး Michelle Bachelet က ျမန္မာႏိုင္ငံရဲ႕အေျခအေနဟာဖ႐ိုဖရဲျဖစ္ေနၿပီ။စီးပြားေရးဟာ ၿပိဳလဲလုျဖစ္ေနၿပီလို႔ သတိေပးထားပါတယ္။ဒါေၾကာင့္လူသားခ်င္းစာနာတဲ့ အကူအညီေတြ ေပးအပ္ႏိုင္ဖို႔ အေရးတႀကီး လိုအပ္ေနပါၿပီ။"လူသားခ်င္းစာနာမႈ အကူအညီေတြျမန္မာႏိုင္ငံထဲမွာအမ်ားႀကီး ေရာက္ေနပါၿပီ။ဒါေပမဲ့ တိုက္ပြဲေတြျဖစ္ေနလို႔ လိုအပ္သူေတြထံေပးပို႔လို႔ မရဘူးျဖစ္ေနတယ္" လို႔လည္း အာဆီယံ အထူးကိုယ္စားလွယ္ကေျပာပါတယ္။ဒါေၾကာင့္ ဆီယံအထူးကိုယ္စားလွယ္အေနနဲ႔ ခက္ခဲတဲ့ ေတြ႕ဆုံေဆြးေႏြးေရးကိစၥေတြ အသာထားဦး။အနိမ့္ဆုံးအဆင့္အေနနဲ႔ ဘုံသေဘာတူညီခ်က္မွာပါဝင္တဲ့လူသားခ်င္းစာနာေထာက္ထားတဲ့ အကူအညီေတြကို လိုအပ္ေနသူေတြထံ အျမန္ဆုံးေရာက္ေအာင္ ေပးပို႔ႏိုင္ဖို႔ ကိုေတာ့ အရင္ဆုံး ေအာင္ျမင္ေအာင္ စြမ္းေဆာင္သင့္လွေၾကာင္းပါ ခင္ဗ်ား။

--------------------

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး Prak Sokhonn ဟာ မတ်လ ၂၀ ရက်နေ့ကနေ ၂၃ ရက်နေ့အထိ သုံးရက်ကြာခရီးစဉ်အဖြစ် မြန်မာနိုင်ငံကို သွားရောက်ခဲ့ပါတယ်။ ဒီအကြောင်းကို Bangaok Post သတင်းစာကြီးက "မြန်မာစစ်တပ်ကို ထိန်းထိန်းသိမ်းသိမ်းလုပ်ဖို့ အာဆီယံအထူးကိုယ်စားလှယ် တိုက်တွန်း"ဆိုတဲ့ ခေါင်းစဉ်နဲ့ ၂၀၂၂၊ မတ်လ ၂၃ ရက်နေ့က ဖော်ပြထားပါတယ်။ ဆောင်းပါးရဲ့အစမှာ အထူးကိုယ်စားလှယ်အနေနဲ့ မြန်မာစစ်ကောင်စီကို စစ်ဆင်ရေးတွေအတွင်း ထိမ်းထိမ်းသိမ်းသိမ်းဆောင်ရွက်ဖို့ တိုက်တွန်းခဲ့ကြောင်း၊အမှုရင်ဆိုင်နေရဆဲဖြစ်လို့ ဖမ်းဆီးထိမ်းသိမ်းခြင်းခံထားရတဲ့ဒေါ်အောင်ဆန်းစုကြည်နဲ့တော့ စစ်ခေါင်းဆောင်တွေက အာဆီယံအထူးကိုယ်စားလှယ်ကို တွေ့ခွင့်မပေးခဲ့ဘူးလို့ ရေးသားထားပါတယ်။ ဒါ့အပြင် "မြန်မာ့အရေးဟာ ရှုပ်ထွေးပြီး ဖြေရှင်းဖို့ အချိန်ယူရလိမ့်မယ်။ အာဆီယံအလှည့်ကျဥက္ကဋ္ဌ သက်တမ်းတစ်ခုအတွင်း၊ ဒါမှမဟုတ် လက်ရှိအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယား တာဝန်ယူထားတဲ့ သက်တမ်းအတွင်းမှာတော့ ဖြေရှင်းနိုင်မှာ မဟုတ်ဘူး"လို့ အာဆီယံအထူးကိုယ်စားလှယ်ကပြောကြောင်းလည်း ဆောင်းပါးမှာ ဖော်ပြထားပါတယ်။

ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဟာ အာဆီယံအထူးကိုယ်စားလှယ်အနေနဲ့မြန်မာနိုင်ငံကို ပထမဆုံးလာရောက်ခွင့်ရတဲ့ ခရီးစဉ်ဖြစ်ပါတယ်။ သူ့အရင် ပထမဆုံးမြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ခန့်အပ်ခြင်းခံရတဲ့သူဟာ ဘရူနိုင်း ဒုတိယနိုင်ငံခြားရေးဝန်ကြီး Erywan Yusof ဖြစ်ပါတယ်။ Erywan Yusof ဟာအထူးကိုယ်စားလှယ်သက်တမ်းသာ ကုန်သွားတယ်၊ မြန်မာနိုင်ငံကို တစ်ခေါက်မှသွားရောက်နိုင်ခဲ့ခြင်း မရှိပါဘူး။ Yusof ဟာ သူရဲ့ ခရီးစဉ်အတွင်းမှာ သက်ဆိုင်သူများကို တွေ့ဆုံခွင့် ပြုရမယ်၊ အထူးသဖြင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်တောင်းတာကို စစ်ကောင်စီက ငြင်းပယ်တဲ့အတွက် မြန်မာနိုင်ငံကိုမလာရောက်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာ့အရေးအပေါ် အာဆီယံ ဘုံသဘောတူညီချက် ၅ ချက် ချမှတ်ထားရာမှာ သက်ဆိုင်သူတွေကြား အပြုသဘောဆောင်တွေ့ဆုံဆွေးနွေးပြီး ငြိမ်းချမ်းစွာ အဖြေရှာရေးဆိုတဲ့ အချက်တစ်ချက် ပါဝင်ပါတယ်။ သက်ဆိုင်သူတွေကြားဆိုတဲ့ စကားရပ်ကို အဓိပ္ပာယ်ဖွင့်ဆိုရာမှာတော့ တစ်ဦးနှင့်တစ်ဦး အမြင်မတူကြပါဘူး။ စစ်ကောင်စီကတော့ CRPH၊ NUG၊ NUCC တို့ကို သက်ဆိုင်သူများလို့ မသတ်မှတ်ပါဘူး။ အာဆီယံအထူးကိုယ်စားလှယ် Park Sokhonn ကတော့ သူ့ရဲ့ခရီးစဉ်မတိုင်ခင်မှာ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် CRPH၊ NUG တို့နဲ့တွေ့ဆုံလိုတယ်လို့ ပြောကြားခဲ့ပေမယ့် စစ်ကောင်စီကတော့ ခွင့်မပြုခဲ့ပါဘူး။ အမှန်ကတော့ အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ဆိုတာ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမှာ ကျင်းပတဲ့အာဆီယံအရေးပေါ်အစည်းအဝေးမှာ အာဆီယံခေါင်းဆောင်တွေက သဘောတူညီ ချမှတ်ခဲ့တာပါ။ ၂၀၂၁၊ ဧပြီ ၂၄ ရက်နေ့က ပြုလုပ်ခဲ့တဲ့ အာဆီယံအရေးပေါ်အစည်းအဝေးကို အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင် တက်ရောက်ဆွေးနွေးခဲ့ပြီး သဘောတူညီခဲ့တာပါ။ ဒါပေမယ့်နောက်ပိုင်းမှာ မြန်မာစစ်ကောင်စီက ဘုံသဘောတူညီချက် ၅ ချက်ကို လိုက်နာအကောင်အထည် မဖော်ခဲ့ပါဘူး။ ဒါကြောင့်လည်း အာဆီယံအရေးပေါ်အစည်းအဝေး နောက်ပိုင်းမှာ ကျင်းပပြုလုပ်တဲ့ အာဆီယံအစည်းအဝေးတွေမှာမြန်မာစစ်ကောင်စီခေါင်းဆောင်နဲ့ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးတို့ကို တက်ရောက်ခွင့်မပြုတော့ပါဘူး။ အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို မြန်မာစစ်ကောင်စီက အကောင်အထည် မဖော်မချင်း အာဆီယံအစည်းအဝေးတွေကိုတက်ရောက်ခွင့်မပြုနိုင်ဘူးလို့ အာဆီယံရဲ့ သဘောထားကို ရှင်းလင်းစွာ ထုတ်ပြန်ခဲ့ပါတယ်။

ကုလသမဂ္ဂ၊ အမေရိကန်ပြည်ထောင်စုနဲ့ တရုတ်နိုင်ငံတို့ကလည်း မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းဖို့ အာဆီယံအဖွဲ့ကြီးရဲ့ ဘုံသဘောတူညီချက် ၅ ချက်ကိုအကောင်အထည်ဖော်ဖို့ သဘောတူ ထောက်ခံထားကြပါတယ်။အဲဒီ ဘုံသဘောတူညီချက် ၅ ချက်ကတော့-

၁။ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ပြီးသက်ဆိုင်သူအားလုံး ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြဖို့၊

၂။ ပြည်သူတွေရဲ့အကျိုးစီးပွားအတွက် ငြိမ်းချမ်းတဲ့အဖြေတစ်ခု ရအောင်သက်ဆိုင်သူအားလုံး အပြုသဘော ဆွေးနွေးကြဖို့၊

၃။ အာဆီယံအတွင်းရေးမှူးချုပ်ရဲ့ အကူအညီနဲ့ ဆွေးနွေးရေးလုပ်ငန်းစဉ်အကောင်အထည်ဖော်နိုင်အောင်အာဆီယံဥက္ကဋ္ဌရဲ့ အထူးကိုယ်စားလှယ်တစ်ယောက်က ကြားဝင်ညှိနှိုင်းပေးဖို့၊

၄။ အာဆီယံအသင်းရဲ့ လူသားချင်းစာနာမှု အကူအညီပေးရေးဌာနကတဆင့်မြန်မာနိုင်ငံကို အကူအညီတွေပေးဖို့၊

၅။ သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံဖို့ အာဆီယံအထူးကိုယ်စားလှယ်နဲ့အဖွဲ့ မြန်မာနိုင်ငံကို စေလွှတ်ဖို့တို့ ဖြစ်ပါတယ်။

အာဆီယံအထူးကိုယ်စားလှယ်ဖြစ်တဲ့ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးရဲ့မြန်မာနိုင်ငံ ခရီးစဉ်နဲ့ ပတ်သက်ပြီးခရီးစဉ် မတိုင်မီလေးမှာ VOA မြန်မာပိုင်းက သဘောထားအမြင်တချို့ကို မေးမြန်းခဲ့ပါတယ်။အဲဒီလို မေးမြန်းရာမှာ NUG ရဲ့ အာဆီယံဆိုင်ရာ သံအမတ်ကြီးဖြစ်တဲ့ ဦးဘိုလှတင့်က သူ့အမြင်ကို ခုလိုပြောခဲ့ပါတယ်။

“ဒီလို အပေါ်ယံကြော အားထုတ်မှုတွေက ဘယ်လိုမှ လက်တွေ့ကျတဲ့ ရလဒ်ကောင်းတွေ ထွက်လာမှာ မဟုတ်ဘဲနဲ့ လက်ရှိ စစ်ကောင်စီရဲ့ အချိန်ဆွဲ ကစားကွက်ပေါ့၊ ဘာလို့လဲဆိုတော့ သူက ၂၀၂၃ ခုနှစ်မှာ ရွေးကောက်ပွဲတစ်ခုလုပ်ဖို့ ကြိုးပမ်းအားထုတ်မှုတွေ ရှိနေတယ်။ ဒီထဲမှာ အာဆီယံ မျောပါသွားရင်တော့ အာဆီယံရဲ့ ဂုဏ်သိက္ခာကိုထိပါးစေမှာပဲ။ ဒါကြောင့် တကယ့် ရလဒ်ကောင်းတွေ ထွက်နိုင်ဖို့ကိုလည်း ဦးတည်ပြီးတော့ စနစ်တကျ ပြည့်ပြည့်စုံစုံလည်း စဉ်းစားထားတဲ့ မဟာဗျူဟာမြောက်လုပ်ငန်းစဉ်တစ်ရပ် ပြန်ပြီးတော့ ချမှတ်ပေးဖို့ ကျနော်တို့ကတော့ အာဆီယံခေါင်းဆောင်မှုကို တိုက်တွန်းတယ်ပေါ့"

အာဆီယံအထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးကတော့ မြန်မာ့အရေးဟာ အချိန်ယူရမယ်။ သူ့အထူးကိုယ်စားလှယ် သက်တတမ်း(၂၀၂၂၊ဒီဇင်ဘာလကုန်)အတွင်း ဖြေရှင်းဖို့ မဖြစ်နိုင်ဘူးလို့ ဝန်ခံပြောကြားလိုက်ပါပြီ။အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ဟာ အာဆီယံ အရေးပေါ်အစည်းအဝေးမှာ မြန်မာစစ်ကောင်စီ ခေါင်းဆောင်ကိုယ်တိုင် တက်ရောက်ဆွေးနွေး သဘောတူညီခဲ့တာပါ။ဒီလို သဘောတူညီခဲ့ပြီးမှ အကောင်အထည်ဖော်ဖို့ ပျက်ကွက်နေတာကို အာဆီယံအနေနဲ့ ဘာဆက်လုပ်မလဲဆိုတာ မေးခွန်းထုတ်စရာဖြစ်လို့နေပါပြီ။ ပိုပြီးဝမ်းနည်းစရာကောင်းတာက လူသားချင်းစာနာထောက်ထားတဲ့ အကူအညီတွေ မပေးအပ်နိုင်တာပါ။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ စစ်ဘေးရှောင် အရေအတွက်ဟာ ၅ သိန်းကျော်နေပါပြီ။ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Michelle Bachelet က မြန်မာနိုင်ငံရဲ့အခြေအနေဟာဖရိုဖရဲဖြစ်နေပြီ။စီးပွားရေးဟာ ပြိုလဲလုဖြစ်နေပြီလို့ သတိပေးထားပါတယ်။ဒါကြောင့်လူသားချင်းစာနာတဲ့ အကူအညီတွေ ပေးအပ်နိုင်ဖို့ အရေးတကြီး လိုအပ်နေပါပြီ။"လူသားချင်းစာနာမှု အကူအညီတွေမြန်မာနိုင်ငံထဲမှာအများကြီး ရောက်နေပါပြီ။ဒါပေမဲ့ တိုက်ပွဲတွေဖြစ်နေလို့ လိုအပ်သူတွေထံပေးပို့လို့ မရဘူးဖြစ်နေတယ်" လို့လည်း အာဆီယံ အထူးကိုယ်စားလှယ်ကပြောပါတယ်။ဒါကြောင့် ဆီယံအထူးကိုယ်စားလှယ်အနေနဲ့ ခက်ခဲတဲ့ တွေ့ဆုံဆွေးနွေးရေးကိစ္စတွေ အသာထားဦး။အနိမ့်ဆုံးအဆင့်အနေနဲ့ ဘုံသဘောတူညီချက်မှာပါဝင်တဲ့လူသားချင်းစာနာထောက်ထားတဲ့ အကူအညီတွေကို လိုအပ်နေသူတွေထံ အမြန်ဆုံးရောက်အောင် ပေးပို့နိုင်ဖို့ ကိုတော့ အရင်ဆုံး အောင်မြင်အောင် စွမ်းဆောင်သင့်လှကြောင်းပါ ခင်ဗျား။

XS
SM
MD
LG