သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကနေဒါပစ်ခတ်မှု သံသယရှိသူကို တရားရုံးတင်


ကနေဒါနိုင်ငံ Quebec City မြို့ ဗလီတခုမှာ သေနတ်နဲ့ ပစ်ခတ်တိုက်ခိုက်မှု နဲ့ပတ်သက်ပြီး ပြင်သစ်နွယ်ဖွားကနေဒါနိုင်ငံသား တက္ကသိုလ်ကျောင်းသားကို ရဲတပ်ဖွဲ့က တရားစွဲဆိုလိုက်ပါပြီ။ လူသတ်မှု ၆ မှု လူသတ်ရန်ကြံစည်မှု ၅ မှုတို့နဲ့ အသက် ၂၇ နှစ်အရွယ် Alexandre Bissonnette ကို တနင်းလာနေ့ ညနေက ရဲ က အမှုတင်လိုက်တာပါ။

ကနေဒါဝန်ကြီးချုပ် Justin Trudeau က ဒီတိုက်ခိုက်မှုဟာ မွတ်ဆလင်တွေကို ပစ်မှတ်ထားတဲ့ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်တယ်ဆိုပြီး ရှုတ်ချပါတယ်။

တနင်္ဂနွေနေ့ညပိုင်း အခင်းဖြစ်ပွားတဲ့အချိန်မှာ Quebec Islamic Cultural Center ဗလီမှာ လူ ၅၀ ကျော် ရှိနေတာပါ။

အသက် ၃၅နှစ်ကနေ အသက် ၇၀အရွယ်ရှိတဲ့ လူ ၆ ဦး သေဆုံးသွားတယ် လို့ရဲဌာန ပြောခွင့်ရသူ Christine Coulombe က ဆိုပါတယ်။ တိုက်ခိုက်မှုအတွင်း အခြား လူ ၈ ဦး ထိခိုက်ဒဏ်ရာရပြီး အဲဒီထဲ ငါးဦးက စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိပါတယ်။ ဒုတိယ အမျိုးသားတဦးကို မသင်္ကာသူအဖြစ်နဲ့ ရဲ့ ဖမ်းဆီးခဲ့ပေမယ့် အခုတော့ မျက်မြင်သက်သေအဖြစ် သတ်မှတ်လိုက်ပါတယ်။ ဒီ တိုက်ခိုက်မှု ဘာကြောင့် လုပ်ရသလဲဆိုတာ ရဲက မပြောပဲ ဒီပစ်ခတ်မှုမှာ အခြားသူ ပါမပါလဲ ရှင်းရှင်းလင်းလင်းမရှိပါဘူး။

စုံစမ်းစစ်ဆေးမှုတွေကို လောလောဆယ်တော့ ပြည်တွင်းရဲတပ်ဖွဲ့ကပဲ ကိုင်တွယ်နေကြောင်း Royal Canadian မြင်းစီးတပ်ဖွဲ့ ရဲချုပ် Martin Plante ပြောပါတယ်။

ဝန်ကြီးချုပ် Trudeau ကတော့ တနင်္လာနေ့မှာ လွှတ်တော်မိန့်ခွန်းပြောတော့ အခု ပစ်ခတ်မှုမှာ ထိခိုက်ရသူတွေဟာ သူတို့ကိုးကွယ်ယုံကြည်မှုကြောင့် တိုက်ခိုက်ခံရတာဖြစ်တယ်လို့ ပြောပြီး၊ ကနေဒါမှာ နေထိုင်တဲ့ မွတ်ဆလင်တွေနဲ့ အတူ ကနေဒါတနိုင်ငံလုံးက ရပ်တည်ထားပါတယ်လို့ ပြောသွားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG