သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

အေမရိကန္ နယ္စပ္တံတား ပိတ္ဆို႔ဆႏၵျပသူေတြကို ကေနဒါရဲ လူစုခြဲ


အေမရိကန္-ကေနဒါနယ္စပ္ Ambassador တံတားမွာ ပိတ္ဆုိ႔ဆႏၵျပေနသူမ်ား။ (ေဖေဖာ္ဝါရီ ၁၂၊ ၂၀၂၂)

(Zawgyi / Unicode)

ကိုဗစ္ကပ္ေရာဂါဆုိင္ရာ ကန္႔သတ္ခ်က္ေတြကို မေက်နပ္လို႔ Ambassador Bridge တံတားႀကိီးကိုပိတ္ၿပီး ထရပ္ကားေတြနဲ႔ ဆႏၵျပေနတဲ့သူေတြကို ကေနဒါရဲေတြက စေနေန႔ကစၿပီး လူစုခြဲခဲ့ၾကပါတယ္။

အစိုးရဘက္က တင္းက်ပ္မႈေတြ ပိုတိုးလုပ္လာတဲ့အတြက္ ၿမိဳ႕ေတာ္ Ottawa မွာ အလားတူ ဆႏၵျပေနတဲ့ လူအုပ္ႀကီးကေတာ့ ပိုၿပီး စိတ္ဆိုးလာပုံရပါတယ္။

Ambassador တံတားဟာ ကေနဒါ Winsor နဲ႔ အေမရိကန္ Detroit ျပည္နယ္ကို အဓိက ဆက္သြယ္ထားတဲ့ အဓိက ကုန္သြယ္ေရး နယ္စပ္ဂိတ္တခုလည္း ျဖစ္ပါတယ္။

ေဖေဖာ္ဝါရီလ ၇ ရက္ေန႔ကတည္းက တံတားကို ပိတ္ဆို႔ထားတဲ့ ဆႏၵျပသူေတြကို ဖယ္ရွားေပးဖို႔ Ontario အဆင့္ျမင့္တရား႐ုံးက ေသာၾကာေန႔က ထုတ္ျပန္ခဲ့တဲ့ အမိန္႔ကိုလည္း ဆႏၵျပသူေတြ လိုက္နာျခင္း မရွိၾကပါဘူး။ ဥပေဒကိုလိုက္နာၿပီး ၿငိမ္းခ်မ္းစြာ ထြက္ခြါသြားၾကဖို႔ ဆႏၵျပသူေတြရွိတဲ့ေနရာဆီ ေရွာင္ရွားၾကဖို႔ ကေနဒါရဲတပ္ဖြဲ႔က တုိက္တြန္းခဲ့တဲ့အျပင္ လက္နက္ကုိင္ အထူးတပ္ဖြဲ႔ကိုပါ စေနေန႔မနက္က ေစလႊတ္ခဲ့တာပါ။

ဆႏၵျပသူတခ်ိဳ႕ ထရပ္ကားေတြထားၿပီး ထြက္ခြါသြားေပမယ့္ တခ်ိဳ႕ကေတာ့ ဆက္ၿပီး ဆႏၵျပေနေၾကသလို ထိပ္တုိ္က္ေတြ႔တဲ့ သတင္းတြေတာ့ မၾကားရပါဘူး။

Ottawa မွာေတာ့ ေသာၾကာေန႔က ထုတ္ျပန္ခဲ့တဲ့ အေရးေပၚအမိန္႔ကို ဂ႐ုမစိုက္ဘဲ ပါလီမန္ေရွ႕မွာ လမ္းေတြပိတ္ၿပီး ဆက္လက္ေႂကြးေၾကာ္ ဆႏၵျပေနၾကပါတယ္။

ဆႏၵျပပြဲနဲ႔ဆက္စပ္ၿပီး ရာဇဝတ္ျပစ္မႈ ၁၄၀ ကို စုံစမ္းစစ္ေဆးေနၿပီး စေနေန႔မနက္ထိ လူ ၂၆ ဦးကို ဖမ္းဆီးခဲ့သလို ျပစ္ဒဏ္ေငြခ်မွတ္မႈေပါင္း ၂,၆၀၀ ေက်ာ္ရွိတယ္လို႔ ကေနဒါရဲတပ္ဖြဲ႔က စေနေန႔မွာ သတင္းထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------------

(Unicode)

အမေရိကန် နယ်စပ်တံတား ပိတ်ဆို့ဆန္ဒပြသူတွေကို ကနေဒါရဲ လူစုခွဲ

ကိုဗစ်ကပ်ရောဂါဆိုင်ရာ ကန့်သတ်ချက်တွေကို မကျေနပ်လို့ Ambassador Bridge တံတားကြီးကိုပိတ်ပြီး ထရပ်ကားတွေနဲ့ ဆန္ဒပြနေတဲ့သူတွေကို ကနေဒါရဲတွေက စနေနေ့ကစပြီး လူစုခွဲခဲ့ကြပါတယ်။

အစိုးရဘက်က တင်းကျပ်မှုတွေ ပိုတိုးလုပ်လာတဲ့အတွက် မြို့တော် Ottawa မှာ အလားတူ ဆန္ဒပြနေတဲ့ လူအုပ်ကြီးကတော့ ပိုပြီး စိတ်ဆိုးလာပုံရပါတယ်။

Ambassador တံတားဟာ ကနေဒါ Winsor နဲ့ အမေရိကန် Detroit ပြည်နယ်ကို အဓိက ဆက်သွယ်ထားတဲ့ အဓိက ကုန်သွယ်ရေး နယ်စပ်ဂိတ်တခုလည်း ဖြစ်ပါတယ်။

ဖေဖော်ဝါရီလ ၇ ရက်နေ့ကတည်းက တံတားကို ပိတ်ဆို့ထားတဲ့ ဆန္ဒပြသူတွေကို ဖယ်ရှားပေးဖို့ Ontario အဆင့်မြင့်တရားရုံးက သောကြာနေ့က ထုတ်ပြန်ခဲ့တဲ့ အမိန့်ကိုလည်း ဆန္ဒပြသူတွေ လိုက်နာခြင်း မရှိကြပါဘူး။ ဥပဒေကိုလိုက်နာပြီး ငြိမ်းချမ်းစွာ ထွက်ခွါသွားကြဖို့ ဆန္ဒပြသူတွေရှိတဲ့နေရာဆီ ရှောင်ရှားကြဖို့ ကနေဒါရဲတပ်ဖွဲ့က တိုက်တွန်းခဲ့တဲ့အပြင် လက်နက်ကိုင် အထူးတပ်ဖွဲ့ကိုပါ စနေနေ့မနက်က စေလွှတ်ခဲ့တာပါ။

ဆန္ဒပြသူတချို့ ထရပ်ကားတွေထားပြီး ထွက်ခွါသွားပေမယ့် တချို့ကတော့ ဆက်ပြီး ဆန္ဒပြနေကြေသလို ထိပ်တိုက်တွေ့တဲ့ သတင်းတွတော့ မကြားရပါဘူး။

Ottawa မှာတော့ သောကြာနေ့က ထုတ်ပြန်ခဲ့တဲ့ အရေးပေါ်အမိန့်ကို ဂရုမစိုက်ဘဲ ပါလီမန်ရှေ့မှာ လမ်းတွေပိတ်ပြီး ဆက်လက်ကြွေးကြော် ဆန္ဒပြနေကြပါတယ်။

ဆန္ဒပြပွဲနဲ့ဆက်စပ်ပြီး ရာဇဝတ်ပြစ်မှု ၁၄၀ ကို စုံစမ်းစစ်ဆေးနေပြီး စနေနေ့မနက်ထိ လူ ၂၆ ဦးကို ဖမ်းဆီးခဲ့သလို ပြစ်ဒဏ်ငွေချမှတ်မှုပေါင်း ၂,၆၀၀ ကျော်ရှိတယ်လို့ ကနေဒါရဲတပ်ဖွဲ့က စနေနေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG