သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ကုိဗစ္စည္းမ်ဥ္းေတြ ဆန္႔က်င္ေရး ႏုိင္ငံအခ်ဳိ႕မွာ လမ္းေတြပိတ္ဆုိ႔ ဆႏၵျပ


ကေနဒါမွာ ကုိဗစ္ကာကြယ္ေဆး မထုိးမေနရအမိန္႔ကို ဆန္႔က်င္ ဆႏၵျပေနၾကတဲ့ ကုန္တင္ကားယာဥ္ေမာင္းမ်ား။ (ေဖေဖာ္ဝါရီ ၇၊ ၂၀၂၂)

(Zawgyi / Unicode)

ကေနဒါႏုိင္ငံ ၿမိဳ႕ေတာ္ Ottawa မွာ ကုန္တင္ကားယာဥ္ေမာင္းေတြ ဦးေဆာင္ၿပီး စတင္ခဲ့တဲ့ ကုိဗစ္ေရာဂါ ကာကြယ္ေဆး မထုိးမေနရ အမိန္႔ကုိ ဆန္႔က်င္ဆႏၵျပပဲြေတြဟာ အေမရိကန္နဲ႔ နယ္စပ္အထိ ပ်ံ႕ႏွံ႔ခဲ့သလုိ ဥေရာပနဲ႔ တျခားႏိုင္ငံေတြကိုပါ ကူးစက္သြားပါတယ္။

အေမရိကန္နဲ႔ အဓိက ဆက္သြယ္ထားတဲ့ Ambassador တံတားကို ပိတ္ဆို႔ ဆႏၵျပခဲ့တဲ့သူေတြကို ဒီကေန႔ စေနအေစာပုိင္းမွာပဲ ကေနဒါရဲတပ္ဖဲြ႔က ရွင္းလင္းခဲ့ၾကၿပီး ၿငိမ္းၿငိမ္းခ်မ္းခ်မ္း အဆုံးသတ္သြားေၾကာင္းလည္း သတင္းေတြက ေဖာ္ျပပါတယ္။

ထရပ္ကားသမားေတြရဲ႕ ပိတ္ဆုိ႔ ဆႏၵျပပဲြေတြေၾကာင့္ အေမရိကန္နဲ႔ ကေနဒါ ၂ ႏုိင္ငံၾကား အသြားအလာေတြ ပိတ္ဆုိ႔ခဲ့ၿပီး ကားလုပ္ငန္းေတြမွာလည္း ထိခုိက္ခဲ့တာပါ။ ဆႏၵျပပဲြေတြေၾကာင့္ Ontario ျပည္နယ္မွာ အေရးေပၚအေျခအေန ေၾကညာခဲ့ၿပီး ပိတ္ဆုိ႔တားဆီးထားတာေတြကုိ ဖယ္ရွားဖုိ႔လည္း တရားသူႀကီးထံက အမိန္႔ရရွိခဲ့တာေၾကာင့္ ရွင္းလင္းခဲ့တာလုိ႔လည္း ရဲတပ္ဖဲြ႔က ေျပာပါတယ္။

ကေနဒါက ဆႏၵျပလႈပ္ရွားမႈေတြေၾကာင့္ ျပင္သစ္၊ ၾသစေၾတးလ်နဲ႔ နယူးဇီလန္ႏိုင္ငံေတြမွာလည္း Freedom Convoy လြတ္လပ္တဲ့ ေမာ္ေတာ္ယာဥ္တန္း လႈပ္ရွားမႈေတြ ပ်ံ႕ႏွံ႔သြားပါတယ္။

ပါရီၿမိဳ႕ေတာ္မွာ စေနေန႔က ဆႏၵျပသူေတြက ေအာင္ျမင္ေရးမုခ္ဦးႀကီးကုိ ကားေတြနဲ႔ ပိတ္ဆို႔ ဆႏၵျပၾကခဲ့ၾကပါတယ္။ နယူးဇီလန္နဲ႔ ၾသစေၾတးလ်ႏိုင္ငံေတြမွာလည္း ကာကြယ္ေဆးထုိးရမယ့္ ျပ႒ာန္းခ်က္ကို ဆန္႔က်င္တဲ့အေနနဲ႔ လမ္းေတြကို ပိတ္ဆို႔ ကန္႔ကြက္ဆႏၵျပခဲ့ၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------------

(Unicode)

ကိုဗစ်စည်းမျဉ်းတွေ ဆန့်ကျင်ရေး နိုင်ငံအချို့မှာ လမ်းတွေပိတ်ဆို့ ဆန္ဒပြ

ကနေဒါနိုင်ငံ မြို့တော် Ottawa မှာ ကုန်တင်ကားယာဉ်မောင်းတွေ ဦးဆောင်ပြီး စတင်ခဲ့တဲ့ ကိုဗစ်ရောဂါ ကာကွယ်ဆေး မထိုးမနေရ အမိန့်ကို ဆန့်ကျင်ဆန္ဒပြပွဲတွေဟာ အမေရိကန်နဲ့ နယ်စပ်အထိ ပျံ့နှံ့ခဲ့သလို ဥရောပနဲ့ တခြားနိုင်ငံတွေကိုပါ ကူးစက်သွားပါတယ်။

အမေရိကန်နဲ့ အဓိက ဆက်သွယ်ထားတဲ့ Ambassador တံတားကို ပိတ်ဆို့ ဆန္ဒပြခဲ့တဲ့သူတွေကို ဒီကနေ့ စနေအစောပိုင်းမှာပဲ ကနေဒါရဲတပ်ဖွဲ့က ရှင်းလင်းခဲ့ကြပြီး ငြိမ်းငြိမ်းချမ်းချမ်း အဆုံးသတ်သွားကြောင်းလည်း သတင်းတွေက ဖော်ပြပါတယ်။

ထရပ်ကားသမားတွေရဲ့ ပိတ်ဆို့ ဆန္ဒပြပွဲတွေကြောင့် အမေရိကန်နဲ့ ကနေဒါ ၂ နိုင်ငံကြား အသွားအလာတွေ ပိတ်ဆို့ခဲ့ပြီး ကားလုပ်ငန်းတွေမှာလည်း ထိခိုက်ခဲ့တာပါ။ ဆန္ဒပြပွဲတွေကြောင့် Ontario ပြည်နယ်မှာ အရေးပေါ်အခြေအနေ ကြေညာခဲ့ပြီး ပိတ်ဆို့တားဆီးထားတာတွေကို ဖယ်ရှားဖို့လည်း တရားသူကြီးထံက အမိန့်ရရှိခဲ့တာကြောင့် ရှင်းလင်းခဲ့တာလို့လည်း ရဲတပ်ဖွဲ့က ပြောပါတယ်။

ကနေဒါက ဆန္ဒပြလှုပ်ရှားမှုတွေကြောင့် ပြင်သစ်၊ သြစတြေးလျနဲ့ နယူးဇီလန်နိုင်ငံတွေမှာလည်း Freedom Convoy လွတ်လပ်တဲ့ မော်တော်ယာဉ်တန်း လှုပ်ရှားမှုတွေ ပျံ့နှံ့သွားပါတယ်။

ပါရီမြို့တော်မှာ စနေနေ့က ဆန္ဒပြသူတွေက အောင်မြင်ရေးမုခ်ဦးကြီးကို ကားတွေနဲ့ ပိတ်ဆို့ ဆန္ဒပြကြခဲ့ကြပါတယ်။ နယူးဇီလန်နဲ့ သြစတြေးလျနိုင်ငံတွေမှာလည်း ကာကွယ်ဆေးထိုးရမယ့် ပြဋ္ဌာန်းချက်ကို ဆန့်ကျင်တဲ့အနေနဲ့ လမ်းတွေကို ပိတ်ဆို့ ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

XS
SM
MD
LG