သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကမ႓ာေပၚ ကိုဗစ္ကူးစက္သူ သန္း ၄၀၀ ခန္႔နဲ႔ ေသဆံုးသူ ၆ သန္းခန္႔ရွိ - Johns Hopkins


အိႏၵိယႏုိင္ငံ Hyderabad ၿမိဳ႕မွာ အမ်ဳိးသမီးတဦးကို ကုိဗစ္စစ္ေဆးဖို႔ Swab နမူနာယူေနတဲ့ က်န္းမာေရးဝန္ထမ္း။ (ေဖေဖာ္ဝါရီ ၄၊ ၂၀၂၂)

(Zawgyi / Unicode)

အေမရိကန္ျပည္ေထာင္စု Johns Hopkins တကၠသိုလ္ COVID-19 ကပ္ေရာဂါ အခ်က္အလက္ ေကာက္ယူစုေဆာင္းေနတဲ့ စင္တာရဲ႕ တနဂၤေႏြေန႔ အေစာပိုင္းက ထုတ္ျပန္ခ်က္အရ တကမၻာလံုးမွာ ကိုဗစ္ကူးစက္မႈေပါင္း ၃၉၃ သန္းထိ ရွိေနၿပီး ေသဆံုးသူေပါင္း ၆ သန္းနီးပါး ရွိေနပါတယ္။ ဒါ့အျပင္ ကိုဗစ္ကာကြယ္ေဆး အလံုးေရ ၁၀ ဘီလီယံေက်ာ္ထိ စီမံေဆာင္ရြက္ေပးခဲ့ေၾကာင္း အဲဒီထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

တူရကီႏိုင္ငံမွာ သမၼတ Recep Tayyip Erdogan ကိုယ္တိုင္ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံထားရေၾကာင္း သတင္းထုတ္ျပန္ခဲ့တဲ့အတြက္ ကိုဗစ္ေရာဂါ ကူးစက္ခံရတဲ့ ေနာက္ဆံုး ကမၻာ့ေခါင္းေဆာင္တဦး ျဖစ္ပါတယ္။

စေနေန႔က တူရကီသမၼတက သူ႔ရဲ႕ တြစ္တာအေကာင့္မွာ ေရးသားထားရာမွာ သူနဲ႔ ဇနီးျဖစ္သူ Emine တို႔ဟာ COVID-19 ေရာဂါပိုးသစ္ျဖစ္တဲ့ Omicron မ်ဳိးကဲြ ကူးစက္ခံထားရၿပီး ေရာဂါလကၡဏာကေတာ့ ေပ်ာ့ေပ်ာင္းတယ္လို႔ ဆိုပါတယ္။ သူဟာ ယူကရိန္းႏိုင္ငံကို ခ်စ္ၾကည္ေရးခရီးစဥ္အျဖစ္ သြားခဲ့ၿပီး သမၼတ Volodymyr Zelensky နဲ႔ ေတြ႔ဆုံၿပီးေနာက္ ႏွစ္ရက္အၾကာမွာ အခုလို ကိုဗစ္ကူးစက္ခံေနရေၾကာင္း သတင္းထြက္ခဲ့တာ ျဖစ္ပါတယ္။

နယူးဇီလန္ႏိုင္ငံမွာေတာ့ ဌာေနလူမ်ဳိးေတြျဖစ္တဲ့ Maori ေတြအတြက္ က်န္းမာေရး ေစာင့္ေရွာက္မႈေတြကို ပိုၿပီး အေလးေပးေဆာင္ရြက္ဖို႔နဲ႔ တိုင္းျပည္အတြင္း လူတိုင္းအတြက္ လိုအပ္တဲ့ က်န္းမာေရး ေစာင့္ေရွာက္မႈကို ရရွိေစဖို႔ ႏိုင္ငံေတာ္မွာ တာဝန္ရွိေၾကာင္း နယူးဇီလန္ အမ်ဳိးသားေန႔ အထိမ္းအမွတ္ က်င္းပတဲ့ အခမ္းအနားမွာ ဝန္ႀကီးခ်ဳပ္ Jacinda Ardern က ေျပာၾကားခဲ့ပါတယ္။

ၿပီးခဲ့တဲ့ႏွစ္က နယူးဇီလန္ႏိုင္ငံမွာ COVID-19 ေရာဂါကူးစက္မႈ အမ်ားဆံုးကို Maori လူမ်ဳိးစုေတြထဲမွာ ေတြ႔ရွိခဲ့ၿပီး က်န္းမာေရးေစာင့္ေရွာက္မႈ ပိုမိုေကာင္းမြန္လာဖို႔အတြက္ Maori က်န္းမာေရး အာဏာပိုင္အဖြဲ႔ကို နယူးဇီလန္အစိုးရက ဖဲြ႔စည္းခဲ့တာ ျဖစ္ပါတယ္။

အေမရိကန္ျပည္ေထာင္စုမွာေတာ့ ေဒၚလာ ၃ သန္း တန္ဖိုးရွိတဲ့ အသက္႐ွဴစက္ Ventilators ေပါင္း ၁၉၂ လံုး ခိုးယူခဲ့တဲ့ မိုင္ယာမီအမ်ဳိးသားႏွစ္ဦးကို တဦးကို ေထာင္ဒဏ္ ၄၁ လစီ အသီးသီး ျပစ္ဒဏ္ေပးခဲ့ေၾကာင္း ဖေလာ္ရီဒါျပည္နယ္ ေတာင္ပိုင္းခ႐ိုင္တရား႐ုံးက သတင္းထုတ္ျပန္ခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------------

(Unicode)

ကမ္ဘာပေါ် ကိုဗစ်ကူးစက်သူ သန်း ၄၀၀ ခန့်နဲ့ သေဆုံးသူ ၆ သန်းခန့်ရှိ - Johns Hopkins

အမေရိကန်ပြည်ထောင်စု Johns Hopkins တက္ကသိုလ် COVID-19 ကပ်ရောဂါ အချက်အလက် ကောက်ယူစုဆောင်းနေတဲ့ စင်တာရဲ့ တနင်္ဂနွေနေ့ အစောပိုင်းက ထုတ်ပြန်ချက်အရ တကမ္ဘာလုံးမှာ ကိုဗစ်ကူးစက်မှုပေါင်း ၃၉၃ သန်းထိ ရှိနေပြီး သေဆုံးသူပေါင်း ၆ သန်းနီးပါး ရှိနေပါတယ်။ ဒါ့အပြင် ကိုဗစ်ကာကွယ်ဆေး အလုံးရေ ၁၀ ဘီလီယံကျော်ထိ စီမံဆောင်ရွက်ပေးခဲ့ကြောင်း အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တူရကီနိုင်ငံမှာ သမ္မတ Recep Tayyip Erdogan ကိုယ်တိုင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း သတင်းထုတ်ပြန်ခဲ့တဲ့အတွက် ကိုဗစ်ရောဂါ ကူးစက်ခံရတဲ့ နောက်ဆုံး ကမ္ဘာ့ခေါင်းဆောင်တဦး ဖြစ်ပါတယ်။

စနေနေ့က တူရကီသမ္မတက သူ့ရဲ့ တွစ်တာအကောင့်မှာ ရေးသားထားရာမှာ သူနဲ့ ဇနီးဖြစ်သူ Emine တို့ဟာ COVID-19 ရောဂါပိုးသစ်ဖြစ်တဲ့ Omicron မျိုးကွဲ ကူးစက်ခံထားရပြီး ရောဂါလက္ခဏာကတော့ ပျော့ပျောင်းတယ်လို့ ဆိုပါတယ်။ သူဟာ ယူကရိန်းနိုင်ငံကို ချစ်ကြည်ရေးခရီးစဉ်အဖြစ် သွားခဲ့ပြီး သမ္မတ Volodymyr Zelensky နဲ့ တွေ့ဆုံပြီးနောက် နှစ်ရက်အကြာမှာ အခုလို ကိုဗစ်ကူးစက်ခံနေရကြောင်း သတင်းထွက်ခဲ့တာ ဖြစ်ပါတယ်။

နယူးဇီလန်နိုင်ငံမှာတော့ ဌာနေလူမျိုးတွေဖြစ်တဲ့ Maori တွေအတွက် ကျန်းမာရေး စောင့်ရှောက်မှုတွေကို ပိုပြီး အလေးပေးဆောင်ရွက်ဖို့နဲ့ တိုင်းပြည်အတွင်း လူတိုင်းအတွက် လိုအပ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုကို ရရှိစေဖို့ နိုင်ငံတော်မှာ တာဝန်ရှိကြောင်း နယူးဇီလန် အမျိုးသားနေ့ အထိမ်းအမှတ် ကျင်းပတဲ့ အခမ်းအနားမှာ ဝန်ကြီးချုပ် Jacinda Ardern က ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်က နယူးဇီလန်နိုင်ငံမှာ COVID-19 ရောဂါကူးစက်မှု အများဆုံးကို Maori လူမျိုးစုတွေထဲမှာ တွေ့ရှိခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှု ပိုမိုကောင်းမွန်လာဖို့အတွက် Maori ကျန်းမာရေး အာဏာပိုင်အဖွဲ့ကို နယူးဇီလန်အစိုးရက ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာတော့ ဒေါ်လာ ၃ သန်း တန်ဖိုးရှိတဲ့ အသက်ရှူစက် Ventilators ပေါင်း ၁၉၂ လုံး ခိုးယူခဲ့တဲ့ မိုင်ယာမီအမျိုးသားနှစ်ဦးကို တဦးကို ထောင်ဒဏ် ၄၁ လစီ အသီးသီး ပြစ်ဒဏ်ပေးခဲ့ကြောင်း ဖလော်ရီဒါပြည်နယ် တောင်ပိုင်းခရိုင်တရားရုံးက သတင်းထုတ်ပြန်ခဲ့ပါတယ်။

XS
SM
MD
LG