သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်ကာကွယ်ဆေးထိုးပြီးကြောင်း ကတ်ပြားအတုလုပ်သူ သူနာပြု ၂ ဦးကို ဖမ်းဆီး


နယူးယောက်မြို့မှာ အထက်တန်းကျောင်းသူတဦးကို ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးနေတဲ့ မြင်ကွင်း။ (ဇူလိုင် ၂၇၊ ၂၀၂၁)
နယူးယောက်မြို့မှာ အထက်တန်းကျောင်းသူတဦးကို ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးနေတဲ့ မြင်ကွင်း။ (ဇူလိုင် ၂၇၊ ၂၀၂၁)

(Zawgyi / Unicode)

COVID-19 ကာကွယ်ဆေးထိုးပြီးကြောင်း ကတ်ပြားအတုတွေလုပ်ပြီး ဒေါ်လာ ၁ သန်းခွဲလောက် ရယူခဲ့ကြတဲ့ Long Island အရပ်က သူနာပြုနှစ်ယောက်ကို နယူးယောက် အာဏာပိုင်တွေက ဖမ်းဆီးလိုက်ကြပါတယ်။

နယူးယောက် ကာကွယ်ဆေးထိုး အချက်အလက် အင်တာနက်စာရင်းမှာ အချက်အလက် လွဲတွေကို ထည့်သွင်းခဲ့ကြတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

လူကြီးတယောက်ကို ဒေါ်လာ ၂၂၀၊ ကလေးတယောက်ကို ၈၅ ဒေါ်လာနှုန်းနဲ့ ကတ်အတုလုပ်ပေးခဲ့ပြီး သူနာပြု Julie DeVuono ရဲ့ အိမ်မှာ ငွေသား ဒေါ်လာ ၉ သိန်း ဖမ်းဆီးမိခဲ့တယ်လို့ Suffolk ခရိုင် အစိုးရရှေ့နေရုံးက ပြောပါတယ်။

နယူးဇီလန်နိုင်ငံမှာတော့ ဝန်ကြီးချုပ် Jacinda Ardern ဟာ အောကလင်န်မြို့ကို လေယာဉ်စီးအလာ ခရီးသည်တယောက်က ကိုဗစ်ရှိနိုင်တာကြောင့် အင်္ဂါနေ့အထိ အိမ်နေ ကန့်သတ်ခံထားရတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဝန်ကြီးချုပ်က ကျန်းကျန်းမာမာ ရှိပါတယ်။

အိန္ဒိယနိုင်ငံမှာတော့ ၂၄ နာရီအတွင်း ကိုဗစ်ပိုးတွေ့သူ ၂၃၄,၂၈၁ ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဆိုပါတယ်။

ရုရှားနိုင်ငံမှာတော့ စနေနေ့မှာ တနေ့ပိုးတွေ့သူ ၁ သိန်းကျော်သွားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

-------------------

(Unicode)








XS
SM
MD
LG