သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကနေဒါနိုင်ငံ သေနက်ကိုင်ဆောင်ခွင့် ကန့်သတ်ပိတ်ဆို့


ကနေဒါအစိုးရရဲ့ ပြောင်းတိုသေနတ်တွေအပါအဝင် သေနတ်ကိုင်ဆောင်ခွင့်ပိတ်ပင်တဲ့ဥပဒေထွက်လာပြီးနောက် လူတယောက်က တရားဝင်ကိုင်ဆောင်ခွင့်ယူထားတဲ့ သေနတ်သုံးလက်ကို ပြသထားစဉ်။ (မေ ၃၁၊ ၂၀၂၂)
ကနေဒါအစိုးရရဲ့ ပြောင်းတိုသေနတ်တွေအပါအဝင် သေနတ်ကိုင်ဆောင်ခွင့်ပိတ်ပင်တဲ့ဥပဒေထွက်လာပြီးနောက် လူတယောက်က တရားဝင်ကိုင်ဆောင်ခွင့်ယူထားတဲ့ သေနတ်သုံးလက်ကို ပြသထားစဉ်။ (မေ ၃၁၊ ၂၀၂၂)

[[Zawgyi/Unicode]]

ခြောက်လုံးပြူး၊ ပစ္စတို အစရှိတဲ့ လက်တဘက်တည်းနဲ့ ကိုင်ပစ်လို့ရတဲ့ ပြောင်းတို သေနတ်တွေအပါအဝင် သေနတ်တွေကို ပိတ်ပင်တဲ့ဥပဒေတရပ်ကို ကနေဒါ အစိုးရက မေလ ၃၀ ရက် တနင်္လာနေ့မှာ တင်သွင်းလိုက်ပါတယ်။

ဒီ ဥပဒေမှာ ကျည်ကပ်ရဲ့ စွမ်းရည်ကိုလည်း ကန့်သတ်ထားသလို သေနတ်နဲ့ ဆင်တူတဲ့ ကစားစရာတွေကိုလည်း ပိတ်ပင်မှာ ဖြစ်ပါတယ်။ ကနေဒါဝန်ကြီးချုပ် JUSTIN TRUDEAU က ခုလို ပြောပါတယ်။

“ဆရာဝန်တွေ၊ ကျွမ်းကျင်သူတွေနဲ့ ရဲတပ်ဖွဲ့အကြီးအကဲတွေက နှစ်ပေါင်းများစွာ လုပ်ဆောင်ဖို့ တောင်းဆိုနေတဲ့ကိစ္စ ဖြစ်ပါတယ်။ သူတို့ရဲ့အကြံပြုချက်တွေ အတိုင်း ကျနော်တို့က လုပ်ဆောင်တာပါ” လို့ သူ က ပြောသွားတာပါ။

တနိုင်ငံလုံး ရွေးကောက်ပွဲလုပ်နေတဲ့အချိန်မှာ မနှစ်က ဒီ ဥပဒေကို ချောင်ထိုးထားခဲ့ကြပါတယ်။ အခု အချက်တချို့ကို ဖြည့်စွက်ပြင်ဆင်ပြီး ထပ်မံတင်သွင်းတာ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် ယူဗားလ်ဒီး မြို့ မှာ ကလေး ၁၉ ယောက် ပစ် အသတ်ခံလိုက်ရပြီး တပတ်အကြာမှာ ကနေဒါ ဝန်ကြီးချုပ်က ခုလို အရေးယူ ဆောင်ရွက်လိုက်တာပါ။
သေနတ်ပစ် အားကစားသမားတွေ၊ အိုလံပစ် ကစားသမားတွေနဲ့ လုံခြုံရေး ဝန်ထမ်းတွေအတွက်တော့ ဥပဒေမှာ ချွင်းချက် ပေးထားပါတယ်။ သေနတ်ပိုင် ဆိုင်ပြီးသူတွေကိုလည်း ဆက်လက် ပိုင်ဆိုင်ခွင့် ပြုထားပါတယ်။

ကနေဒါ နိုင်ငံရဲ့ လက်နက်ကိုင်ဆောင်မှုဥပဒေဟာ အမေရိကန်ဥပဒေထက် ပိုမို တင်းကြပ်ပါတယ်။ သေနတ်နဲ့ လူသတ်မှုက အမေရိကန်မှာဖြစ်တာရဲ့ ၅ ပုံ ၁ ပုံပဲ ရှိတာပါ။ ဒါပေမယ့် တခြား ချမ်းသာတဲ့ နိုင်ငံတွေထက် ပိုပြီး မြင့်မားနေပါသေးတယ်။ ကနေဒါမှာ သေနတ်နဲ့ပစ်ခတ်တဲ့ လူသတ်မှုက Australia ထက် ၅ ဆ များနေပါတယ်။

တိုက်ရိုက် လင့်ခ်

============

[[/Unicode]]







============

XS
SM
MD
LG