သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ကင္ဆာေရာဂါႏွင့္ အနာဂတ္ေဆးပညာ


ပါေမာကၡ ေဒၚရည္မြန္သူ။

(Zawgyi / Unicode)

ကင္ဆာေရာဂါကုိ ကုသဖုိ႔ သုေတသန လုပ္ၾကတဲဲ့အခါမွာ ပုံမွန္ဗီဇ ေသြဖည္မႈ ပုံစံေတြကို ေတြ႔ရွိခဲ့ၾကပါတယ္။ ဒီေတြ႔ရွိမႈေၾကာင့္ အနာဂတ္ ေဆးကုသမႈဟာ တဦးခ်င္း ထူးျခားခ်က္ အေျခခံကုသခ်က္မ်ဳိး ျဖစ္လာလိမ့္မယ္လို႔လည္း ပညာရွင္ေတြက ဆုိပါတယ္။ AP သတင္းကို အေျခခံၿပီး ဦးတင္ေမာင္သန္း တင္ျပေပးထားပါတယ္။

ကင္ဆာေရာဂါရဲ႕ သေဘာကို သိပၸံပညာက ပိုလို႔ သေဘာေပါက္လာတာနဲ႔အမွ် လူတေယာက္ခ်င္းရဲ႕ ေရာဂါသဘာဝကို ပိုနားလည္ၿပီး တဦးခ်င္း အေျခခံကုသႏိုင္ဖို႔ ဒီကေန႔ ေဆးပညာက ႀကိဳးစားေနပါတယ္။ ကင္ဆာဟာ အဖုအႀကိတ္အမ်ိဳးမ်ိဳးထဲက ဆိုးဝါးတဲ့ အဖုအႀကိတ္တမ်ဳိးလို႔ သာမန္လူေတြက နားလည္ၾကပါတယ္။ ျပန္႔ပြားတတ္တယ္လို႔လည္း သိၾကပါတယ္။ အဲဒီလိုျဖစ္ရတာက cell လို႔ အဂၤလိပ္လို ေခၚတဲ့ အႏုၾကည့္မွန္ေျပာင္းနဲ႔ ၾကည့္မွ ျမင္ရတဲ့ ကလာပ္စည္းေတြက ပုံမွန္ပြားသလို မဟုတ္ဘဲ ထိန္းခ်ဳပ္လို႔ မရေလာက္ေအာင္ ပြားလာလို႔ပါ။ ခုအခါမွာေတာ့ အဲဒီ ကလာပ္စည္းေတြထဲမွာရွိတဲ့ gene ေခၚ ဗီဇ႐ုပ္ေတြအထိ စက္ေတြနဲ႔ ၾကည့္႐ႈေလ့လာႏိုင္ၾကပါၿပီ။ ကင္ဆာရဲ႕သေဘာကို အေမရိကန္ႏိုင္ငံ Allegheny ေကာလိပ္က ပါေမာကၡ ေဒၚရည္မြန္သူက ခုလို ရွင္းျပပါတယ္။

“ကင္ဆာဆုိတာ ကလာပ္စည္းတေြ အမ်ားႀကီးပြားလာတယ္။ လိုအပ္တာထက္ ပုိၿပီး ပြားလာလုိ႔ေပါ့။ လူသိသိပ္မမ်ားဘူးလုိ႔ ထင္ရတဲ့ အရာကေတာ့ မ်ဳိး႐ုိးဗီဇ ေျပာင္းလဲသြားလို႔၊ ကင္ဆာဆုိတာ မ်ဳိး႐ုိးဗီဇမွာ အခ်က္အလက္ ေျပာင္းလဲသြားလို႔၊ အဲဒီကေန ျဖစ္လာတဲ့ ေရာဂါေပ့ါ။”

သိပၸံပညာရွင္ေတြက မတူတဲ့ ကင္ဆာ ၁၉ မ်ိဳးရဲ႕ နမူနာ ၁၈,၀၀၀ ေက်ာ္က genome sequencing လို႔ အဂၤလိပ္လိုေခၚတဲ့ မ်ိဳး႐ိုးဗီဇအစဥ္ကို ေလ့လာၾကပါတယ္။ ဂ်ီႏုမ္း အဓိပၸာယ္ကို ဆရာမ ရည္မြန္သူက ခုလို ဆက္ရွင္းျပပါတယ္။

“မ်ဳိး႐ုိးဗီဇ အခ်က္အလက္ေတြ အကုန္လုံး စုစည္းထားတဲ့ဟာကို ဂ်ီႏုမ္းလို႔ ေခၚတယ္ေပါ့ေနာ္။ အလြယ္ေျပာရရင္ေတာ့ လက္တာ ၄ မ်ဳိးေပါ့၊ ဓာတုဖြဲ႔စည္းပုံ ၄ မ်ဳိးေပါ့။ ဆိုေတာ့ ADGC ဆုိတဲ့ အဲဒီ ၄ မ်ဳိးေပါ့။ အဲဒီ ၄ မ်ဳိးကို ဘယ္လုိစီလဲေပၚ မူတည္ၿပီးေတာ့ အခ်က္အလက္ေတြက ေျပာင္းလဲသြားတယ္။ ဘယ္လိုမ်ဳိး စီလုိ႔ရလဲ။ မ်ဳိးစံုစီလုိ႔ရတယ္ေပါ့ေနာ္။ အဲ့ေတာ့ လူေတြက လူတေယာက္ခ်င္းစီ တေယာက္ခ်င္းစီမွာ အဲဒီ စီတဲ့ပုံစံက နည္းနည္းေလး နည္းနည္းေလး ကြဲသြားတယ္။ အဲ့ေတာ့ ကင္ဆာျဖစ္တဲ့အခ်ိန္မွာ တခ်ဳိ႕ ကင္ဆာဆဲလ္ေတြက မ်ဴေတးရွင္းလို႔ေခၚတဲ့ ေသြဖည္မႈေပါ့၊ ပုံမွန္အစီအစဥ္ကေနၿပီးေတာ့ ပုံမွန္အခ်က္အလက္ကေန ေသဖည္သြားတယ္၊ ဒါကို မ်ဴေတးရွင္းလို႔ သုံးၾကတယ္ပေါ့ေနာ္။ အဲ့ေတာ့ အဲဒီ မ်ဴေတးရွင္းကုိ သိလာျခင္းအားျဖင့္ သိ႐ုံတင္မကဘူး၊ မ်ဴေတးရွင္း တခုခ်င္းစီကို သိ႐ုံတင္မကဘူး၊ အခုက တျဖည္းျဖည္းနဲ႔ ဒီ ဂ်ီႏုမ္းႀကီးတခုလုံးရဲ႕ အခ်က္အလက္ေတြ အကုန္လုံးကို သိလို႔ရတယ္။ ဒီ တက္ကေနာ္ေလာ္ဂ်ီက တုိးတက္လာတဲ့အတြက္ ဒီ ဂ်ီႏုမ္းတခုလုံးရဲ႕ အစီအစဥ္အတုိင္းကုိ ဘယ္ဆဲလ္ပဲျဖစ္ျဖစ္ ယူလိုက္လုိ႔ရွိရင္ ဒါ ဒီအခ်က္အလက္ကို စုစည္းလုိ႔ရတယ္၊ သိပၸံပညာရွင္ေတြက။”

အဲဒီလို မ်ိဳး႐ိုးဗီဇ ေလ့လာခ်က္ကေန ကင္ဆာျဖစ္ရတဲ့အေၾကာင္းကို ေျပာႏိုင္တဲ့ အမွတ္သ႐ုပ္ေတြ ၅၈ ခုကို ေဖာ္ထုတ္လို႔ ရခဲ့ၾကပါတယ္။ အဲဒီအမွတ္အသားေတြက ပုံမွန္အစဥ္ကေန ေသြဖည္တာနဲ႔ ဆက္စပ္ေနပါတယ္။ လူနာရဲ႕ ဒီအင္န္ေအထဲမွာ အေျပာင္းအလဲ ရွိလာပါတယ္။ အဲဒီ အမွတ္လကၡဏာေတြကို အဂၤလိပ္လိုေတာ့ mutational signatures လို႔ ေခၚၿပီး မ်ိဳးဗီဇ ေသြဖည္မႈ အမွတ္အသားမ်ားလို႔ အဓိပၸာယ္ ရပါတယ္။ ဆရာမ ရည္မြန္သူက ခုလို ဆက္ရွင္းျပပါတယ္။

“အရင္တုန္းကေတာ့ ကင္ဆာဆုိတာ ခုနေျပာတဲ့အတုိင္း ကလာပ္စည္းေတြ အမ်ားႀကီးပြားလာ၊ လုိအပ္တာထက္ ပြားလာလုိ႔ ျဖစ္လာတဲ့အတြက္ လူေတြက အဲဒီအခ်ိန္တုန္းကေတာ့ ဘယ္ေဆးပဲျဖစ္ျဖစ္ ပြားေနတဲ့ဆဲလ္ေတြ ပြားေနတဲ့ ကလာပ္စည္းေတြကို သတ္ႏုိင္တဲ့ေဆးဆုိရင္ သုံးၾကတယ္ေပါ့။ အဲဒီအခါၾကေတာ့ ကုိယ္ခႏၶာထဲမွာ ကင္ဆာမျဖစ္ဘဲနဲ႔လည္း ပြားေနတဲ့ ကလာပ္စည္းေတြရွိတယ္။ ပြားစရာလိုတဲ့ ကလာပ္စည္းေတြရွိတယ္။ အထူးသျဖင့္ ဘုန္းမဲ႐ုိးေပါ့။ ႐ုိးတြင္းခ်ဥ္ဆီထဲမွာေပါ့။ အဲဒီထဲဲက ကလာပ္စည္းေတြ ပြားလာၿပီးေတာ့ ကိုယ္ခႏၶာထဲက ေသြးဆဲလ္ေတြ ျဖစ္လာဖို႔အတြက္ ေသြးကလာပ္စည္းေတြ ျဖစ္လာဖို႔အတြက္ေပါ့။ အဲဒါ လိုအပ္တယ္။ အဲဒါေၾကာင့္မုိ႔ အဲဒီအခ်ိန္တုန္းက ကင္ဆာကုတဲ့ ေဆးေတြက ကင္ဆာဆဲလ္ေတြ ကင္ဆာကလာပ္စည္းေတြကုိပဲ ေသခ်ာ ထုိးစစ္ဆင္တာမဟုတ္ဘူး။ ဘယ္ကလာပ္စည္းပဲျဖစ္ျဖစ္ အပြားျမန္တဲ့ ကလာပ္စည္းဆုိရင္ ဒီေဆးနဲ႔ ထိတယ္ေပါ့ေနာ္။ အဲဒါေၾကာင့္မုိ႔ လူေတြက ေနမေကာင္းျဖစ္တယ္ဆုိတာ အဲဒီကလာတာေပါ့။”

ကင္ဆာဗီဇ႐ုပ္ေတြကို ခုလိုေလ့လာလို႔ ရလာတာက စက္ေတြရဲ႕ စြမ္းအား ပိုေကာင္းလာလို႔ပါ။

အဲဒီ မ်ိဳးဗီဇေသြဖည္မႈ အမွတ္အသားေတြက တေယာက္နဲ႔တေယာက္ မတူၾကပါဘူး။ ဒီ ဗီဇအမွတ္အသားေတြအေၾကာင္းကို ကင္းဘရစ္ဂ်္တကၠသိုလ္က မ်ိဳးဗီဇ ေဆးပညာနဲ႔ ဇီဝသတင္းအခ်က္အလက္ပညာ ပါေမာကၡ Serena Nik-Zainal က ခုလို ေျပာျပပါတယ္။

“ဗီဇေသြဖည္မႈ အမွတ္သ႐ုပ္ေတြက လူတေယာက္ခ်င္းရဲ႕ ကင္ဆာေရာဂါဆိုင္ရာ အခ်က္အလက္ေတြကို ေပးပါတယ္။ တေယာက္ခ်င္းလိုက္ ထူးျခား ကြဲျပားပါတယ္။ ဒါက အရင္တုန္းက က်မတို႔ မျမင္ခဲ့ဘူးတဲ့ အေၾကာင္းအရာပါ။ က်မတို႔က ဗီဇ႐ုပ္ကို ၾကည့္မယ္။ လူမ်ားစြာမွာ အဲဒီ ဗီဇ႐ုပ္မ်ိဳးက ပြားမ်ားေနတာ သိပါတယ္။ ဒါေပမဲ့ ခုအခါမွာေတာ့ ပြားမ်ားပုံ ပုံစံေတြကို ျမင္လာႏိုင္တဲ့အတြက္ ဘာေတြလြဲမွားေနတယ္ ဆိုတာကို အဲဒီ ပြားမ်ားပုံ ပုံစံေတြၾကည့္ၿပီး ေျပာလာႏိုင္ပါတယ္။ ဒါက လုံးဝကို သတင္းအခ်က္အလက္ အသစ္ပါ။”

အဲဒီလို ဗီဇေသြဖည္မႈ ပုံစံေတြက လူတေယာက္ရဲ႕ ကလာပ္စည္းေတြအတြင္းမွာ ျပႆနာရွိေနရင္လည္း ေပၚေပါက္လာတတ္ပါတယ္။ ဒါမွမဟုတ္ ေဆးလိပ္လို၊ ဓာတုပစၥည္းေတြလို၊ ခရမ္းလြန္ေရာင္ျခည္လို အစရွိတဲ့ ပတ္ဝန္းက်င္ဆိုင္ရာ အေၾကာင္းအခ်က္ေတြေၾကာင့္လည္း ေပၚလာတတ္ပါတယ္။

ဒါေၾကာင့္ အဲဒီ ဗီဇေသြဖည္မႈပုံစံေတြရဲ႕ အေၾကာင္းကို သိနားလည္ဖို႔ အေရးႀကီးပါတယ္။ ဘာေဆးဝါးကို ဘယ္လိုတုံ႔ျပန္သလဲ နားလည္ဖို႔ လိုပါတယ္။ ဒါမွ လူနာတေယာက္ခ်င္းေပၚ မူတည္ၿပီး ကုသႏိုင္မွာပါ။

ဒါေၾကာင့္ ကင္ဆာကုသေရးပညာမွာ ဗီဇအစဥ္ ေလ့လာေရးကိုလည္း ထည့္သြင္းလာခဲ့ပါတယ္။ ေဆးပညာဟာ ေဝဒနာရွင္ တဦးခ်င္းစီရဲ႕ ဗီဇအဆင့္အထိ အႏုစိတ္ နားလည္ ကုသေရးကို ကူးေျပာင္းေနပါၿပီ။

အနာဂတ္ ေဆးပညာဟာ လူတဦးခ်င္း ေလ့လာခ်က္ အေျခခံတဲ့ ေဆးပညာ personalized medicine ျဖစ္လာဖို႔ ႀကိဳးစားေနၾကပါတယ္လို႔ ပါေမာကၡ ေဒၚရည္မြန္သူက ေျပာပါတယ္။

ကင္ဆာေရာဂါႏွင့္ အနာဂတ္ေဆးပညာ
please wait

No media source currently available

0:00 0:05:47 0:00
တိုက္႐ိုက္ လင့္ခ္

---------------------------------

(Unicode)

ကင်ဆာရောဂါနှင့် အနာဂတ်ဆေးပညာ

ကင်ဆာရောဂါကို ကုသဖို့ သုတေသန လုပ်ကြတဲ့အခါမှာ ပုံမှန်ဗီဇ သွေဖည်မှု ပုံစံတွေကို တွေ့ရှိခဲ့ကြပါတယ်။ ဒီတွေ့ရှိမှုကြောင့် အနာဂတ် ဆေးကုသမှုဟာ တဦးချင်း ထူးခြားချက် အခြေခံကုသချက်မျိုး ဖြစ်လာလိမ့်မယ်လို့လည်း ပညာရှင်တွေက ဆိုပါတယ်။ AP သတင်းကို အခြေခံပြီး ဦးတင်မောင်သန်း တင်ပြပေးထားပါတယ်။

ကင်ဆာရောဂါရဲ့ သဘောကို သိပ္ပံပညာက ပိုလို့ သဘောပေါက်လာတာနဲ့အမျှ လူတယောက်ချင်းရဲ့ ရောဂါသဘာဝကို ပိုနားလည်ပြီး တဦးချင်း အခြေခံကုသနိုင်ဖို့ ဒီကနေ့ ဆေးပညာက ကြိုးစားနေပါတယ်။ ကင်ဆာဟာ အဖုအကြိတ်အမျိုးမျိုးထဲက ဆိုးဝါးတဲ့ အဖုအကြိတ်တမျိုးလို့ သာမန်လူတွေက နားလည်ကြပါတယ်။ ပြန့်ပွားတတ်တယ်လို့လည်း သိကြပါတယ်။ အဲဒီလိုဖြစ်ရတာက cell လို့ အင်္ဂလိပ်လို ခေါ်တဲ့ အနုကြည့်မှန်ပြောင်းနဲ့ ကြည့်မှ မြင်ရတဲ့ ကလာပ်စည်းတွေက ပုံမှန်ပွားသလို မဟုတ်ဘဲ ထိန်းချုပ်လို့ မရလောက်အောင် ပွားလာလို့ပါ။ ခုအခါမှာတော့ အဲဒီ ကလာပ်စည်းတွေထဲမှာရှိတဲ့ gene ခေါ် ဗီဇရုပ်တွေအထိ စက်တွေနဲ့ ကြည့်ရှုလေ့လာနိုင်ကြပါပြီ။ ကင်ဆာရဲ့သဘောကို အမေရိကန်နိုင်ငံ Allegheny ကောလိပ်က ပါမောက္ခ ဒေါ်ရည်မွန်သူက ခုလို ရှင်းပြပါတယ်။

“ကင်ဆာဆိုတာ ကလာပ်စည်းတွေ အများကြီးပွားလာတယ်။ လိုအပ်တာထက် ပိုပြီး ပွားလာလို့ပေါ့။ လူသိသိပ်မများဘူးလို့ ထင်ရတဲ့ အရာကတော့ မျိုးရိုးဗီဇ ပြောင်းလဲသွားလို့၊ ကင်ဆာဆိုတာ မျိုးရိုးဗီဇမှာ အချက်အလက် ပြောင်းလဲသွားလို့၊ အဲဒီကနေ ဖြစ်လာတဲ့ ရောဂါပေ့ါ။”

သိပ္ပံပညာရှင်တွေက မတူတဲ့ ကင်ဆာ ၁၉ မျိုးရဲ့ နမူနာ ၁၈,၀၀၀ ကျော်က genome sequencing လို့ အင်္ဂလိပ်လိုခေါ်တဲ့ မျိုးရိုးဗီဇအစဉ်ကို လေ့လာကြပါတယ်။ ဂျီနုမ်း အဓိပ္ပာယ်ကို ဆရာမ ရည်မွန်သူက ခုလို ဆက်ရှင်းပြပါတယ်။

“မျိုးရိုးဗီဇ အချက်အလက်တွေ အကုန်လုံး စုစည်းထားတဲ့ဟာကို ဂျီနုမ်းလို့ ခေါ်တယ်ပေါ့နော်။ အလွယ်ပြောရရင်တော့ လက်တာ ၄ မျိုးပေါ့၊ ဓာတုဖွဲ့စည်းပုံ ၄ မျိုးပေါ့။ ဆိုတော့ ADGC ဆိုတဲ့ အဲဒီ ၄ မျိုးပေါ့။ အဲဒီ ၄ မျိုးကို ဘယ်လိုစီလဲပေါ် မူတည်ပြီးတော့ အချက်အလက်တွေက ပြောင်းလဲသွားတယ်။ ဘယ်လိုမျိုး စီလို့ရလဲ။ မျိုးစုံစီလို့ရတယ်ပေါ့နော်။ အဲ့တော့ လူတွေက လူတယောက်ချင်းစီ တယောက်ချင်းစီမှာ အဲဒီ စီတဲ့ပုံစံက နည်းနည်းလေး နည်းနည်းလေး ကွဲသွားတယ်။ အဲ့တော့ ကင်ဆာဖြစ်တဲ့အချိန်မှာ တချို့ ကင်ဆာဆဲလ်တွေက မျူတေးရှင်းလို့ခေါ်တဲ့ သွေဖည်မှုပေါ့၊ ပုံမှန်အစီအစဉ်ကနေပြီးတော့ ပုံမှန်အချက်အလက်ကနေ သေဖည်သွားတယ်၊ ဒါကို မျူတေးရှင်းလို့ သုံးကြတယ်ပေါ့နော်။ အဲ့တော့ အဲဒီ မျူတေးရှင်းကို သိလာခြင်းအားဖြင့် သိရုံတင်မကဘူး၊ မျူတေးရှင်း တခုချင်းစီကို သိရုံတင်မကဘူး၊ အခုက တဖြည်းဖြည်းနဲ့ ဒီ ဂျီနုမ်းကြီးတခုလုံးရဲ့ အချက်အလက်တွေ အကုန်လုံးကို သိလို့ရတယ်။ ဒီ တက်ကနော်လော်ဂျီက တိုးတက်လာတဲ့အတွက် ဒီ ဂျီနုမ်းတခုလုံးရဲ့ အစီအစဉ်အတိုင်းကို ဘယ်ဆဲလ်ပဲဖြစ်ဖြစ် ယူလိုက်လို့ရှိရင် ဒါ ဒီအချက်အလက်ကို စုစည်းလို့ရတယ်၊ သိပ္ပံပညာရှင်တွေက။”

အဲဒီလို မျိုးရိုးဗီဇ လေ့လာချက်ကနေ ကင်ဆာဖြစ်ရတဲ့အကြောင်းကို ပြောနိုင်တဲ့ အမှတ်သရုပ်တွေ ၅၈ ခုကို ဖော်ထုတ်လို့ ရခဲ့ကြပါတယ်။ အဲဒီအမှတ်အသားတွေက ပုံမှန်အစဉ်ကနေ သွေဖည်တာနဲ့ ဆက်စပ်နေပါတယ်။ လူနာရဲ့ ဒီအင်န်အေထဲမှာ အပြောင်းအလဲ ရှိလာပါတယ်။ အဲဒီ အမှတ်လက္ခဏာတွေကို အင်္ဂလိပ်လိုတော့ mutational signatures လို့ ခေါ်ပြီး မျိုးဗီဇ သွေဖည်မှု အမှတ်အသားများလို့ အဓိပ္ပာယ် ရပါတယ်။ ဆရာမ ရည်မွန်သူက ခုလို ဆက်ရှင်းပြပါတယ်။

“အရင်တုန်းကတော့ ကင်ဆာဆိုတာ ခုနပြောတဲ့အတိုင်း ကလာပ်စည်းတွေ အများကြီးပွားလာ၊ လိုအပ်တာထက် ပွားလာလို့ ဖြစ်လာတဲ့အတွက် လူတွေက အဲဒီအချိန်တုန်းကတော့ ဘယ်ဆေးပဲဖြစ်ဖြစ် ပွားနေတဲ့ဆဲလ်တွေ ပွားနေတဲ့ ကလာပ်စည်းတွေကို သတ်နိုင်တဲ့ဆေးဆိုရင် သုံးကြတယ်ပေါ့။ အဲဒီအခါကြတော့ ကိုယ်ခန္ဓာထဲမှာ ကင်ဆာမဖြစ်ဘဲနဲ့လည်း ပွားနေတဲ့ ကလာပ်စည်းတွေရှိတယ်။ ပွားစရာလိုတဲ့ ကလာပ်စည်းတွေရှိတယ်။ အထူးသဖြင့် ဘုန်းမဲရိုးပေါ့။ ရိုးတွင်းချဉ်ဆီထဲမှာပေါ့။ အဲဒီထဲက ကလာပ်စည်းတွေ ပွားလာပြီးတော့ ကိုယ်ခန္ဓာထဲက သွေးဆဲလ်တွေ ဖြစ်လာဖို့အတွက် သွေးကလာပ်စည်းတွေ ဖြစ်လာဖို့အတွက်ပေါ့။ အဲဒါ လိုအပ်တယ်။ အဲဒါကြောင့်မို့ အဲဒီအချိန်တုန်းက ကင်ဆာကုတဲ့ ဆေးတွေက ကင်ဆာဆဲလ်တွေ ကင်ဆာကလာပ်စည်းတွေကိုပဲ သေချာ ထိုးစစ်ဆင်တာမဟုတ်ဘူး။ ဘယ်ကလာပ်စည်းပဲဖြစ်ဖြစ် အပွားမြန်တဲ့ ကလာပ်စည်းဆိုရင် ဒီဆေးနဲ့ ထိတယ်ပေါ့နော်။ အဲဒါကြောင့်မို့ လူတွေက နေမကောင်းဖြစ်တယ်ဆိုတာ အဲဒီကလာတာပေါ့။”

ကင်ဆာဗီဇရုပ်တွေကို ခုလိုလေ့လာလို့ ရလာတာက စက်တွေရဲ့ စွမ်းအား ပိုကောင်းလာလို့ပါ။

အဲဒီ မျိုးဗီဇသွေဖည်မှု အမှတ်အသားတွေက တယောက်နဲ့တယောက် မတူကြပါဘူး။ ဒီ ဗီဇအမှတ်အသားတွေအကြောင်းကို ကင်းဘရစ်ဂျ်တက္ကသိုလ်က မျိုးဗီဇ ဆေးပညာနဲ့ ဇီဝသတင်းအချက်အလက်ပညာ ပါမောက္ခ Serena Nik-Zainal က ခုလို ပြောပြပါတယ်။

“ဗီဇသွေဖည်မှု အမှတ်သရုပ်တွေက လူတယောက်ချင်းရဲ့ ကင်ဆာရောဂါဆိုင်ရာ အချက်အလက်တွေကို ပေးပါတယ်။ တယောက်ချင်းလိုက် ထူးခြား ကွဲပြားပါတယ်။ ဒါက အရင်တုန်းက ကျမတို့ မမြင်ခဲ့ဘူးတဲ့ အကြောင်းအရာပါ။ ကျမတို့က ဗီဇရုပ်ကို ကြည့်မယ်။ လူများစွာမှာ အဲဒီ ဗီဇရုပ်မျိုးက ပွားများနေတာ သိပါတယ်။ ဒါပေမဲ့ ခုအခါမှာတော့ ပွားများပုံ ပုံစံတွေကို မြင်လာနိုင်တဲ့အတွက် ဘာတွေလွဲမှားနေတယ် ဆိုတာကို အဲဒီ ပွားများပုံ ပုံစံတွေကြည့်ပြီး ပြောလာနိုင်ပါတယ်။ ဒါက လုံးဝကို သတင်းအချက်အလက် အသစ်ပါ။”

အဲဒီလို ဗီဇသွေဖည်မှု ပုံစံတွေက လူတယောက်ရဲ့ ကလာပ်စည်းတွေအတွင်းမှာ ပြဿနာရှိနေရင်လည်း ပေါ်ပေါက်လာတတ်ပါတယ်။ ဒါမှမဟုတ် ဆေးလိပ်လို၊ ဓာတုပစ္စည်းတွေလို၊ ခရမ်းလွန်ရောင်ခြည်လို အစရှိတဲ့ ပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းအချက်တွေကြောင့်လည်း ပေါ်လာတတ်ပါတယ်။

ဒါကြောင့် အဲဒီ ဗီဇသွေဖည်မှုပုံစံတွေရဲ့ အကြောင်းကို သိနားလည်ဖို့ အရေးကြီးပါတယ်။ ဘာဆေးဝါးကို ဘယ်လိုတုံ့ပြန်သလဲ နားလည်ဖို့ လိုပါတယ်။ ဒါမှ လူနာတယောက်ချင်းပေါ် မူတည်ပြီး ကုသနိုင်မှာပါ။

ဒါကြောင့် ကင်ဆာကုသရေးပညာမှာ ဗီဇအစဉ် လေ့လာရေးကိုလည်း ထည့်သွင်းလာခဲ့ပါတယ်။ ဆေးပညာဟာ ဝေဒနာရှင် တဦးချင်းစီရဲ့ ဗီဇအဆင့်အထိ အနုစိတ် နားလည် ကုသရေးကို ကူးပြောင်းနေပါပြီ။

အနာဂတ် ဆေးပညာဟာ လူတဦးချင်း လေ့လာချက် အခြေခံတဲ့ ဆေးပညာ personalized medicine ဖြစ်လာဖို့ ကြိုးစားနေကြပါတယ်လို့ ပါမောက္ခ ဒေါ်ရည်မွန်သူက ပြောပါတယ်။

XS
SM
MD
LG