သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုယ်စားလှယ်လောင်း စိစစ်ရေး အချိန်တိုးမြှင့်


잠무, 카슈미르 경찰 의장대가 카슈미르 내 인도관할 지역인 스리나가 순교자 묘역에 도열해있다. 매년 7월 13일은 1931년 힌두 왕조가 이슬람교 신도 20여명에 교수형을 내린 무슬림 저항운동 기념일이다.
잠무, 카슈미르 경찰 의장대가 카슈미르 내 인도관할 지역인 스리나가 순교자 묘역에 도열해있다. 매년 7월 13일은 1931년 힌두 왕조가 이슬람교 신도 20여명에 교수형을 내린 무슬림 저항운동 기념일이다.

၂၀၁၅ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင် အရွေးခံကြရမယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို ပိုပြီးတော့မှ ခိုင်မာတိကျသေချာအောင် စိစစ်လိုတာကြောင့် လွှတ်တော်အသီးသီးအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းများ အမည်စာရင်းတင်သွင်းလွှာ စိစစ်မယ့်ရက်ကို ပြောင်းလဲပြင်ဆင်သတ်မှတ်လိုက်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဘက်က ပြောပါတယ်။ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ပါတီအသီးသီးနဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအချို့ အကြား နိုင်ငံသားဖြစ်တည်မှုဆိုင်ရာ အငြင်းပွားမှုတွေရှိနေတဲ့အတွက် အခုလို စိစစ်မှုရက်ကို တိုးလိုက်တာ ဖြစ်နိုင်တယ် လို့လည်း ကိုယ်စားလှယ်လောင်းတွေက သုံးသပ်ပါတယ်။ အသေးစိတ်ကို မဆုမွန် တင်ပြပေးပါမယ်။

လာမယ့်နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ်လို့ကြေညာထားတဲ့၂၀၁၅ ရွေးကောက်ပွဲအတွက် လွှတ်တော်အသီးသီးမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ အမည်စာရင်းတင်သွင်းလွှာ တင်လာတဲ့ ကိုယ်စားလှယ်လောင်းတွေကို စိစစ်မယ့်နေ့ရက်ကို စတင် စိစစ်မယ့်ရက် သြဂုတ်လ ၁၈ ရက်နေ့ကနေ သြဂုတ်လ ၃၁ ရက်နေ့ အထိ နောက်ဆုံးထားပြီးပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပြောင်းလဲပြင်ဆင် တိုးမြှင့် သတ်မှတ်လိုက်ပါတယ်။

သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေက ပိုပြီးတော့ တိကျခိုင်မာအောင် စိစစ်နိုင်ဖို့နဲ့ နောက်တကြိမ် ပြန်လည် အရွေးခံမယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ လွှတ်တော်အစည်းအဝေး တက်နေကြရတဲ့အတွက် စိစစ်နိုင်ဖို့ အချိန်ကို ထပ်တိုး သတ်မှတ်လိုက်ရတာဖြစ်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူ ဦးမြင့်နိုင်က ဗွီအိုအေကိုပြောပါတယ်။-

“လွှတ်တော်ကိုယ်စားလှယ်တွေကလည်း ဒီမှာတက်နေတဲ့အခါကျတော့ သူတို့ကိုယ်တိုင် သွားစစ်ဖို့ရာအတွက် နည်းနည်းလေး အချိန်အခက်အခဲရှိလို့ ပြောလားမသိဘူး၊ ကိုယ်တိုင် စိစစ်ဖို့ရာအတွက် အခက်အခဲမရှိအောင် အချိန်လေး တိုးပေးလိုက်တဲ့သဘောပါပဲ။ ရေဘေးနဲ့ လွှတ်တော်ကိုတက်လာမှာဆိုတော့ သူတို့ ကိုယ်စားလှယ်လောင်းတွေ စိစစ်ဖို့ရာ အခက်အခဲမရှိအောင်ပေါ့၊ အဆင်ပြေအောင်လို့ တိုးပေးလိုက်တဲ့သဘောပါပဲ။ စိစစ်တာကတော့ လွှတ်တော် ကိုယ်စားလှယ်လောင်း သတ်မှတ်ထားတဲ့အရည်အချင်းတွေ ရှိတယ်လေ။ ဥပဒေမှာ အဲဒီအရည်အချင်းတွေနဲ့ ညီလား၊ မညီလား ဟုတ်လား- နိုင်ငံသားဖြစ်ရမယ်၊ နိုင်ငံအတွင်းမှာ တဆက်တည်း ၁၀ နှစ်နေရမယ်၊ စသည်ဖြင့် သည်လိုသတ်မှတ်ထားတာ ရှိတယ်လေ။ လွှတ်တော်ကိုယ်စားလှယ်လောင်းသည် အသက် ၂၅ နှစ် ပြည့်ရမယ်၊ အမျိုးသားဆိုရင် အသက် ၃၀ ပြည့်ရမယ်- စသဖြင့် ဒီလို အရည်အချင်းနဲ့ သတ်မှတ်ထားတဲ့ အရည်အချင်းတွေရှိတယ်လေ။ ဒါလေးပါ။”

အခုလို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဘက်က ကိုယ်စားလှယ်လောင်း စိစစ်မှုသတ်မှတ်ရက်ကို တိုးမြှင့်လိုက်တာဟာ မဲဆန္ဒနယ်အချို့က ကိုယ်စားပြုတင်သွင်းလာတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေရဲ့ နိုင်ငံသားဖြစ်တည်မှု အရည်အချင်းသတ်မှတ်မှုတွေမှာ အငြင်းပွားမှုတွေရှိလာနေတာကြောင့် ပိုပြီးတော့မှတော့ တိကျသေချာအောင် စစ်ဆေးလိုတဲ့အတွက်ဖြစ်တယ်လို့လည်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးရဲထွန်းက သုံးသပ်ပါတယ်။

“ခရိုင်ကော်မရှင်တွေကတော့ အဓိက စစ်တာကတော့ နိုင်ငံသားဖြစ်မှု၊ မဖြစ်မှု- အဲဒီ သူ့ရဲ့မိဘနှစ်ပါးက သူမမွေးခင်မှာ နိုင်ငံသားဖြစ်ရမယ်ဆိုတဲ့အချက်လေ။ အဲလို ဖြစ်တဲ့အခါကျတော့ အခု အသစ်တွေကိုပဲ အဓိက စစ်ဆေးတာပေါ့နော်။ ကျနော်တို့ကိုလည်း ခေါ်တော့ ခေါ်ထားတယ်။ ၂၄ ရက်နေ့ သွားရမှာပေါ့။ နိုင်ငံသားကိစ္စပါပဲ။ နိုင်ငံသားကိစ္စကို စစ်ဆေးတာ။ အဲဒီဟာ စိစစ်ဖို့လေ။ စိစစ်ဖို့ဆိုတော့ ခရိုင်ကော်မရှင်ရုံးမှာသွားမယ်။ သူတို့ကနေပြီးတော့ အဲဒီအချက်အလက်တွေကို စိစစ်မယ်။ နောက်ပြီးတော့ ကျနော်တို့ဘက်ကတော့ ပုံစံ (၁၀) တို့၊ ဘာတို့ကို ယူသွားပြရမယ်။ တကယ်လို့ ဒီကြားထဲမှာ ကျနော်နဲ့ပြိုင်ဘက် လွှတ်တော်ကိုယ်စားလှယ်လောင်း တယောက်ယောက်က တိုင်တန်းထားတာတွေဘာတွေ ရှိလို့ ရှိရင်လည်း အဲဒါတွေကို စစ်ဆေးမှာပေါ့နော်။ တချို့နေရာတွေမှာတော့ အဲဒီလို အပြန်အလှန် တိုင်တန်းကြတာတွေ ရှိတယ်လေ။”

ကချင်ပြည်နယ် အင်ဂျန်းယန်မဲဆန္ဒနယ်ကနေ ၂၀၁၀ တုန်းက အရွေးချယ်ခံရပြီး အခု ၂၀၁၅ ရွေးကောက်ပွဲမှာ ဒုတိယ အကြိမ် ပြန်လည် အရွေးခံဖို့ ပြင်ဆင်နေတဲ့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူက ကိုယ်စားလှယ်လောင်း စိစစ်မှုတွေနဲ့အတူ အင်ဂျင်းယန်မှာ သူ့နဲ့အတူ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းတွေအပေါ် ရွေးချယ်မှုတွေနဲ့ပတ်သက်ပြီး အခုလိုပြောပါတယ်။

“လွှတ်တော်ကိုယ်စားလှယ်လောင်း တင်သွင်းပြီးသွားပါပြီ။ စစ်ဆေးခံတာလည်း ပြီးသွားပါပြီရှင့်။ ကျမကတော့ နေပြည်တော်မှာ အစည်းအဝေး တက်နေပေမယ့် ကျမတို့ရဲ့ရွေးကောက်ပွဲကိုယ်စားလှယ် ဦးနန်းဇာခေါင်နဲ့ စိစစ်ပြီးဖြစ်ပါတယ်ရှင့်။ ၂၀၁၀ တုန်းကတော့ ကျမက ပြိုင်ဘက်တယောက်ပဲ ရှိပါတယ်။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ကပါ။ ၂၀၁၅ မှာတော့ ကျမနဲ့ဆိုလို့ရှိရင် အားလုံး ပါတီပေါင်း ၆ ပါတီပြိုင်ပါတယ်။ ပြိုင်တဲ့ပါတီတွေကတော့ အရင် ကျမနဲ့ပြိုင်ဘက် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီရယ်၊ နောက် - ဒေါက်တာတူးဂျာပါတီရယ်၊ နောက် ကချင်ပါတီတခု၊ နောက်ပြီးတော့မှ NDF ၊ NLD နဲ့ ကျမတို့ စည်းလုံးညီညွတ်ရေးနဲ့ ဒီမိုကရေစီပါတီ ပေါ့နော်။ ၆ ပါတီ ပြိုင်မှာပါရှင့်။ မဲဆန္ဒရှင်တွေအနေနဲ့တော့ အားလုံးကောင်းကြတယ်ဆိုပေမယ့် အဲဒီထဲက တယောက်တည်းကိုပဲ ရွေးရမှာဖြစ်ပါတယ်။ ပြည်သူတွေကိုလည်း သူတို့ရဲ့ရွေးချယ်မှုကိုပဲ ကျမ တန်ဖိုးထားပါတယ်လို့ပဲ ပြောချင်ပါတယ်ရှင့်။”

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို တင်သွင်းလာတဲ့ လွှတ်တော်ကိုယ်စားလှယ် အမည်စာရင်း တင်သွင်းလွှာတွေ ထဲမှာ ကိုယ်စားလှယ်လောင်းရွေးချယ်မှု မှန်ကန်မှုရှိစေရေး၊ ရွေးချယ်စစ်ဆေးမှုတွေမှာ နှောင့်နှေးကြန့်ကြာမှုမရှိစေရေးနဲ့ သက်ဆိုင်ရာ ကိုယ်စားလှယ်လောင်းတွေ နစ်နာမှုမရှိစေရေးတို့အတွက် လွှတ်တော် ကိုယ်စားလှယ်လောင်းတွေအနေနဲ့ ကိုယ်စားလှယ်လောင်း စိစစ်နေတဲ့အချိန်မှာ မိမိတို့ကိုယ်တိုင် အလေးထား သွားရောက်ကြစေလိုပါတယ်လို့လည်း ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက တိုက်တွန်းထားပါတယ်။

ဒါကြောင့် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲကော်မရှင်တွေက ရွေးကောက်ပွဲ နည်းဥပဒေအရ အမည်စာရင်း တင်သွင်းလွှာတွေကို စိစစ်ဆောင်ရွက်နေချိန်မှာ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်လောင်း၊ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းနဲ့ ကိုယ်စားလှယ်လောင်းတွေကနေ စာနဲ့ တာဝန်လွှဲအပ်ထားသူတွေက လာရောက် စစ်ဆေးခံရမှာ ဖြစ်ပါတယ်။

အခုအချိန်အထိ ၂၀၁၅ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းက ၁,၇၇၂ ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ၉၁၃ ဦး၊ တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၆၃ ဦးအပါအဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ၃,၅၀၄ ဦး အားလုံး စုစုပေါင်း တင်သွင်းလာတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ၆,၁၈၉ ဦးရှိနေပါတယ်။

XS
SM
MD
LG