သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Capital Hypermarket ပေါက်ကွဲမှု လက်လုပ်ဗုံးကြောင့်ဟု ရဲတပ်ဖွဲ့ ပြော


Capital Hypermarket ဈေးဝယ်စင်တာ
Capital Hypermarket ဈေးဝယ်စင်တာ

ရန်ကုန်တိုင်း ဒေါပုံမြို့နယ် Capital Hypermarket ဈေးဝယ်စင်တာမှာ နိုဝင်ဘာ ၂၀ တနင်္ဂနွေ ညနေပိုင်းက ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုတွေဟာ ဓါတုပစ္စည်းတွေနဲ့ ရောစပ်ထားတဲ့ လက်လုပ်ဖေါက်ခွဲရေးပစ္စည်းတွေဖြစ်ကြောင်း ဒေါပုံမြို့နယ်ရဲတပ်ဖွဲ့ တာဝန်မှူးရဲအရာရှိတဦးက VOA ကို ပြောပါတယ်။

“ အတိအကျတော့ မသိရသေးဘူးခင်ဗျ၊ လောလောဆယ်တော့ ဓါတုပစ္စည်းတွေနဲ့ စပ်ပြီးတော့ လုပ်ထားတဲ့- လက်လုပ် ပေါက်ကွဲစေတဲ့ ဟာမျိုးပေါ့။ ဗုံးတော့ မဟုတ်ဘူး။ ခုမှ ကျနော်တို့က လောလောဆယ် ကျန်ခဲ့တဲ့ ဘေးနားက သက်သေခံပစ္စည်းတွေကို Chemical ဓါတုဓါတ်ခွဲခန်းကို ပို့ထားတုန်းပဲ ”

Capital Hypermarket မှာ ၄ ကြိမ် ဖြစ်ပွားခဲ့ကြောင်း ရှောပင်းစင်တာအပေါ်ထပ် လိုင်းနံပတ် ၂၄နဲ့ ၂၆ တွေမှာ ညနေ ၆နာရီ ထိုးခါနီးက နှစ်ကြိမ်၊ မြေညီထပ် လိုင်းနံပတ် ၁ နဲ့ ၄မှာ ၆ နာရီ ၁၅ လောက်က နှစ်ကြိမ် ပေါက်ကွဲမှု ဖြစ်ခဲ့ကြောင်း၊ ဒေါပုံမီးသတ်ဌာနက အစောပိုင်းမှာ VOA ကို ပြောဆိုခဲ့ပါတယ်။

ဒီပေါက်ကွဲမှုကြောင့် ဖြတ်သွားဖြတ်လာပြည်သူတွေနဲ့ ဒေသခံတွေက ဗုံးပေါက်ကွဲမှုလို့ ယူဆပြီး စိုးရိမ်းမှုရှိကြောင်း သိရပါတယ်။ ပေါက်ကွဲမှုကြောင့် လူတွေ ထိခိုက်ဒဏ်ရာရတာမျိုး မရှိပဲ၊ အနီးနား ပလစ်စတစ်အရောင်းဆိုင်က ပစ္စည်းတချို့နဲ့ အချိုရည်ပုလင်းတချို့ ပျက်စီးခဲ့ကြောင်း ပြန်ကြားရေး ဌာနက သတင်းထုတ်ပြန်ပါတယ်။ ပေါက်ကွဲမှုရဲ့ လက်သည်တရားခံကိုလည်း စုံစမ်းနေဆဲပဲဖြစ်ပါတယ်။

Capital Hypermarket ပေါက်ကွဲမှု လက်လုပ်ဗုံးကြောင့်ဟု ရဲတပ်ဖွဲ့ ပြော
please wait

No media source currently available

0:00 0:01:16 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG