သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Capital Hypermarket ပေါက်ကွဲမှု ကြီးမားထိခိုက်မှုမရှိ


Capital Hypermarket ဈေးဝယ်စင်တာ ပေါက်ကွဲမှုဖြစ်
Capital Hypermarket ဈေးဝယ်စင်တာ ပေါက်ကွဲမှုဖြစ်

ရန်ကုန်တိုင်း ၊ဒေါပုံ မြို့နယ်ထဲက Capital Hypermarket ဈေးဝယ်စင်တာမှာ ဒီကနေ့ တနင်္ဂနွေနေ့ ညနေ ၅ နာရီခွဲ ဈေးဝယ်သူတွေနဲ့ စည်ကားနေချိန်မှာ ပေါက်ကွဲမှု ၄ ကြိမ်ဖြစ်ခဲ့ပါတယ်။ ဘာတွေ ပေါက်ကွဲခဲ့သလဲ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်းလင်း မသိရသေးဘဲ စစ်တပ် မိုင်းရှင်းလင်းရေး အဖွဲ့က ပေါက်ကွဲခဲ့တဲ့ နေရာတွေကို အခု စစ်ဆေးနေတယ်လို့ သာကေတမြို့နယ် မီးသတ်ဌာန တာဝန်ကျ ဝန်ထမ်းက ပြောပါတယ်။

“သတင်းရလို့ အပေါ်မှာ ပေါက်ကွဲမူဖြစ်တော့ ကျနော်တို့ ဆိုင်တွေကတော့ ပိတ်ထားတယ်ခင်ဗျ၊ Capital Hypermarket တခုလုံးပိတ်ထားတာပါ။ ဖြစ်တာက အပေါ်ထပ်ရယ်၊ မြေညီထပ်ရယ်ဖြစ်တာ။ အခုတော့ စစ်တပ်က မိုင်းရှင်းလင်းရေးအဖွဲ့ရောက်နေပါပြီ။ထိခိုက်ဒဏ်ရာရတာကတော့ မရှိဘူး။

မေး။ ။ ဘယ်နေရာမှာဖြစ်တာပါလဲ။

ဖြေ။ ။ ဖြစ်တာကတော့ အခုကျတော်တို့ လက်ရှိ ၄ နေရာ ဖြစ်တာပေါ့နော်။ မြေညီထပ် မှာ ၂ နေရာ ၊ Role 1 ရယ် Role 4 ရယ် ဖြစ်တာ ၊ အပေါ်ထပ်ကတော့ Role 24 ရယ် Role 26 ရယ် ဈေးရောင်း ဈေးဝယ်နေရာမှာ ဖြစ်တာပါ။ ပထမတခါ ဖြစ်ပြီးတော့ ကျနော်တို့ သတင်းရလို့သွားတယ်။ ဒုတိယတခါ ဖြစ်တော့ ကျနော်တို့ လူတွေကို အကုန် အပြင်ထွက်ခိုင်းလိုက်ပါပြီ။ အဲဒီလူတွေအကုန်အပြင်ထွက်ပြီးတဲ့အချိန်မှာ နောက်ထပ် ၂ လုံးထပ်ပေါက်တာပါ။ တလုံး နဲ့ တလုံးကတော့ ၁၀ မိနစ်လောက်ပဲခြားတယ်အမ။

မေး။ ။ ဆိုတော့ အပျက်အစီး ဘာတွေတွေ့ပါသလဲ ။

ဖြေ။ ။ အပျက်အစီးကတော့ Role 1 ဆိုရင် စင်ပေါ်က မုန့်ထုတ်တွေ ၁၀ ထုတ် - ၁၅ ထုတ်ပါပဲ ၊ ဟိုလို ကြီးကြီးမားမားတော့ မဟုတ်ပါဘူး။”

အခုအချိန်ထိတော့ Capital Hypermarket ဈေးဝယ်စင်တာမှာ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နဲ့ စစ်တပ် မိုင်းရှင်းလင်းရေး အဖွဲ့ အပါအဝင် တာဝန်ရှိသူတွေ စစ်ဆေးနေဆဲ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG