သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိုဆူးလ်အနီးမြို့ ထိုးစစ်စချိန် ဝန်ကြီးကာတာ ရောက်နေ


မိုဆူးလ်အနီးမြို့ ထိုးစစ်စချိန် ဝန်ကြီးကာတာရောက်နေ
မိုဆူးလ်အနီးမြို့ ထိုးစစ်စချိန် ဝန်ကြီးကာတာရောက်နေ

အီရတ်နိုင်ငံ မိုဆူးလ်မြို့ အနီးက မြို့တမြို့ကို ဒီကနေ့ တနင်္ဂနွေနေ့မှာ အီရတ်နဲ့ ကာဒ့်လူမျိုးစု လက်နက်ကိုင် တပ်ဖွဲ့တွေက စတင် ထိုးစစ်ဆင်တိုက်ခိုက်နေချိန်မှာဘဲ အမေရိကန် ကာကွယ်ရေး ဝန်ကြီး အက်ရှ်ကာတာလည်း ဒေသတွင်းကို ရောက်ရှိနေပြီး အီရတ်နိုင်ငံရဲ့ ဒုတိယ အကြီးဆုံးမြို့ ဖြစ်တဲ့ မိုဆူးလ်မြို့ထဲကနေ အစ္စလာမ္မစ် အစွန်းရောက် IS တို့ကို တိုက်ထုတ်နေတဲ့ တိုက်ပွဲ အခြေအနေကို ဆန်းစစ်နေပါတယ်။

Irbil မြို့ကို အမေရိကန် ကာကွယ်ရေး ဝန်ကြီး Ash Carter ဒီကနေ့ တနင်္ဂနွေနေ့မှာ ရောက်ရှိနေပြီး မိုဆူးလ်းမြို့ ပြန်လည် ရရှိရေး တိုက်ခိုက်နေတဲ့ ကာဒ့် လူမျိုးစု ခေါင်းဆောင်တွေ၊ စစ်တပ် တပ်မှူးတွေနဲ့ တွေ့ဆုံဆွေးနွေးပါတယ်။ ကြိုတင်မကြေညာဘဲ Irbil မြို့ကိုရောက်ရှိပြီး မကြာခင်မှာဘဲ နိုင်ငံမြောက်ပိုင်း ကာဒ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသရဲ့ အကြီးအကဲ ကာဒ့်လူမျိုးစု ခေါင်းဆောင် Masoud Barzani နဲ့ တွေဆုံခဲ့တာပါ။

အရပ်သား ၁ သန်းလောက် ရှိနေတဲ့ မိုလ်ဆူလ်းမြို့ထဲကို တခြား တပ်ဖွဲ့တွေ ဝင်ရောက်နိုင်ဖို့ လမ်းရှင်းပေးတဲ့ အနေနဲ့ ပက်ရှ်မာဂါ ကာဒ့် လူမျိုးစု တပ်ဖွဲ့တွေက မြို့ရဲ့ အရှေ့မြောက်ဘက်ပိုင်းမှာ အစ္စလာမ္မစ် အစွန်းရောက် IS တို့ကို တိုက်ထုတ်နေတာဖြစ်သလို ဒီကနေ့ တနင်္ဂနွေနေ့မှာတော့ ပက်ရှ်မာဂါ ကာဒ့်လက်နက်ကိုင်တပ်ဖွဲ့တွေက ဘာရှီကာမြို့ကို စတင် ထိုးစစ်ဆင်ပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့တုန်းက တူရကီ မြို့တော် အန်ကာရာမှာ တူရကီ သမ္မတနဲ့ တွေ့ဆုံခဲ့တဲ့ အမေရိကန် ကာကွယ်ရေးဝန်ကြီး ကာတာက မနေ့ စနေနေ့မှာ အီရတ် ဝန်ကြီးချုပ်နဲ့ ဘဂ္ဂဒက်မြို့တော်က တွေ့ဆုံမှုမှာ မိုလ်ဆူးမြို့ ပြန်လည် သိမ်းပိုက်ရေး တိုက်ပွဲမှာ တူရကီရဲ့ အခန်းကဏ္ဍကို ဆွေးနွေးခဲ့တာပါ။ အီရတ်ဝန်ကြီးချုပ် Haider al-Abadi က မိုလ်ဆူးလ်မြို့သိမ်း တိုက်ပွဲမှာ တူရကီ ပါဝင်မယ့် ကမ်းလှမ်းချက်ကို ပယ်ချခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG