သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

 ပြည်ပဝင်ငွေပြန်ပို့မှုအပေါ် ဗဟိုဘဏ်က အပိုဆောင်းပေးမည်


ဒေါ်လာဈေး အနည်းငယ်ကျ၊ ရွှေဈေးငြိမ်
ဒေါ်လာဈေး အနည်းငယ်ကျ၊ ရွှေဈေးငြိမ်

ပြည်ပရောက် မြန်မာနိုင်ငံသားတွေရဲ့ နိုင်ငံခြားငွေနဲ့ ရတဲ့ လုပ်ခ လစာဝင်ငွေတွေကို မြန်မာနိုင်ငံကို ပြန်ပို့မယ်ဆိုရင် အမေရိကန် ၁ ဒေါ်လာကို မြန်မာငွေ ကျပ် ၃၀ ထပ်ဆောင်းပေးမယ်လို့ မြန်မာနိုင်ငံ ဗဟိုဘဏ်က အောက်တိုဘာလ ၂၈ ရက် သောကြာနေ့မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။ 

ပြည်ပဝင်ငွေပြန်ပို့မှုအပေါ် ဗဟိုဘဏ်က အပိုဆောင်းပေးမည်

{{Zawgyi/Unicode}}
ပြည်ပရောက် မြန်မာနိုင်ငံသားတွေရဲ့ နိုင်ငံခြားငွေနဲ့ ရတဲ့ လုပ်ခ လစာဝင်ငွေတွေကို မြန်မာနိုင်ငံကို ပြန်ပို့မယ်ဆိုရင် အမေရိကန် ၁ ဒေါ်လာကို မြန်မာငွေ ကျပ် ၃၀ ထပ်ဆောင်းပေးမယ်လို့ မြန်မာနိုင်ငံ ဗဟိုဘဏ်က အောက်တိုဘာလ ၂၈ ရက် သောကြာနေ့မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။

ဒီလို့ ပြန်ပို့ရာမှာ နိုင်ငံခြားသုံးငွေ အရောင်းအဝယ် လိုင်စင်ရ ဘဏ်တွေကနေ လွှဲပို့ဖို့ လိုအပ်သလို အခုထပ်ဆောင်းပေးမယ့် ငွေကို ငွေထုတ်ယူတဲ့နေ့မှာ ချက်ချင်း ထည့်သွင်းပေးမှာ ဖြစ်ကြောင့်လည်း ကြေညာထားတာပါ။

မြန်မာနိုင်ငံပြင်ပမှာ တရားဝင် သွားရောက် အလုပ်လုပ်ကိုင်နေသူတွေအတွက် ငွေအသွင်းအထုတ်ဆိုင်ရာ သတ်မှတ်ချက်နဲ့ ကန့်သတ်ချက်တွေ ကို ဗဟိုဘဏ်က အမြဲလိုလို ကြေညာပေးနေရာမှာ အခု နောက်ဆုံး ကြေညာချက်က ဒေါ်လာနဲ့ တခြားနိုင်ငံခြားငွေတွေ မြန်မာနိုင်ငံကို ပြန်သွင်းရင် အစိုးရက ထပ်ဆောင်းပေးမှာ ဖြစ်ကြောင်း ပထမဆုံးအကြိမ် ကြေညာခဲ့တာဖြစ်ပါတယ်။ ဒီကြေညာချက်နဲ့ ပတ်သက်ပြီး နိုင်ငံရပ်ခြားကို အမြဲတစေသွားနေရတဲ့ သင်္ဘောသား အလုပ် လုပ်ကိုင်နေသူရဲ့ မိသားစုဝင်တဦးကတော့ ဘဝင်သိပ် မကျဘူးလို့ VOA ကို ပြောပါတယ်။

" ဗဟိုဘဏ်က ထုတ်တဲ့ ကြေညာချက်ကို နားလည်တာကတော့ နိုင်ငံခြားငွေ အစိုးရဘဏ်မှာ တရားဝင် လဲလှယ်တယ်ဆိုရင် သူတို့ တရားဝင် လဲလှယ်နှုန်းထား ၂၁ဝဝ ကျပ်နဲ့ ဖြတ်ပေးတာပေါ့နော်။ အခုတော့ အပိုဆောင်းငွေဆိုပြီးတော့ ၂၁၀၀ အပေါင်း ၃ဝ ပေါ့။ တကယ်က အပြင်ပေါက်ဈေးက ၃၁ဝဝ ဒါမှမဟုတ် ၃ထောင်ရှိတာလေ။ ၃၀ တိုးပေးမယ်ဆိုတာဟာ ဘာမှ မက်လောက်စရာမရှိဘူး။ သူတို့စစ်ကောင်စီမှာ ဒေါ်လာလိုအပ်ချက်များနေလို့ လူတွေရှိက ရသမျှ ဒေါ်လာသိမ်းယူချင်တဲ့သဘောပါပဲ"

မြန်မာနိုင်ငံကနေ ပြည်ပထွက်ခွါ အလုပ်လုပ်နေကြသူတွေထဲမှာ သင်္ဘောသားတွေ အပြင် အစိုးရချင်း ချိတ်ဆက် လုပ်ကိုင်နေတဲ့ လုပ်ငန်းတွေမှာ လုပ်နေသူတွေဟာ ထိုင်း၊ မလေးရှား၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ ဒူဘိုင်းအပါအဝင် နေရာတော်တော်များများမှာ ရောက်နေကြတာ ဖြစ်ပါတယ်။ သူတို့အလုပ်လုပ်နေတဲ့ နိုင်ငံတွေမှာ သုံးတဲ့ ငွေကိုတော့ တဒေါ်လာနဲ့ ညီမျှတဲ ငွေအတွက် အပိုထပ်ဆောင်းငွေ ကျပ် ၃၀ ပေးမှာ ဖြစ်ပါတယ်။

အခု ဗဟိုဘဏ်က ထုတ်ပြန်တဲ့ ထပ်ဆောင်းငွေ ပေးမယ့် အစီအစဉ်ဟာ ၂၀၂၂ နိုဝင်ဘာလ ၁ ရက် အင်္ဂါနေ့မှာ စတင်သက်ရောက်မှာလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

..............................................


{{Zawgyi/Unicode}}






XS
SM
MD
LG