သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံတဲ့ Chevron ကုမ္ပဏီ လူအခွင့်အရေးကို အလေးထားမည်


Chevron ကုမ္ပဏီ အမှတ်တံဆိပ် (ဇန်နဝါရီ၊ ၂၅၊ ၂၀၁၆)
Chevron ကုမ္ပဏီ အမှတ်တံဆိပ် (ဇန်နဝါရီ၊ ၂၅၊ ၂၀၁၆)

မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံနေတဲ့ Chevron ရေနံကုမ္ပဏီကြီးက လူ့အခွင့်အရေးကိစ္စကိုလည်း ထည့်သွင်းစဉ်းစားသွားမယ်လို့ ပြောပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေရှိနေတဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံလုပ်ကိုင်နေတဲ့ အမေရိကန် ရေနံကုမ္ပဏီအနေနဲ့ လူ့အခွင့်အရေးကို အလေးပေး မြှင့်တင်ဆောင်ရွက်ဖို့ အဲဒီ လုပ်ငန်းရှင်အဖွဲ့က ဖိအားပေးခဲ့တာ ဖြစ်ပါတယ်။

ပဋိပက္ခတွေဖြစ်နေတဲ့ ရခိုင်ပြည်နယ်မှာ လူမှုပတ်ဝန်းကျင်အတွက်ပါ ရင်းနှီးမြှုပ်နှံဖို့ ပြန်လည်သုံးသပ်ချက်အပါအဝင် ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် လူသားချင်းစာ နာမှုဆိုင်ရာအကူအညီတွေ ပေးနေတဲ့ အဖွဲ့အစည်းတွေကို လှူဒါန်းဖို့နဲ့ လူသားထုအပေါ် ပြစ်မှုကျူးလွန်မှု အန္တရာယ်တွေရှိနေတဲ့ အဲဒီဒေသမှာ စီးပွားရေး ကုမ္ပဏီတွေအတွက် စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ရေး အကူအညီပေးဖို့ စတဲ့ အဆင့်တွေကို ဆောင်ရွက်ဖို့ရှိကြောင်း Chevron ကုမ္ပဏီ အမှုဆောင်ညွန်ကြားရေးမှူးတဦး လက်မှတ်ရေးထိုးထုတ်ပြန်တဲ့ စာမှာဖေါ်ပြထားပါတယ်။

အစုရှယ်ယာဝင် Azzad Asset Management ငွေကြေးရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စီမံခန့်ခွဲရေးကုမ္ပဏီက Chevron ကုမ္ပဏီကို ဒီကိစ္စနဲ့ ပတ်သက်လို့ ဖိအားပေးခဲ့တာ ဖြစ်ပါတယ်။

လူမျိုးတုန်းသတ်ဖြတ်မှု ဒါမှမဟုတ် လူသားထုအပေါ် ကျူးလွန်မှုတွေနဲ့ ပတ်သက်နေတဲ့ အစိုးရတွေနဲ့ စီးပွားရေးအရ ပူးပေါင်း လုပ်ကိုင်နေတာတွေနဲ့ပတ်သက်လို့ Chevron ကနေ အစီရင်ခံစာ ထုတ်ပြန်ပေးဖို့ Azzad Asset Management ကုမ္ပဏီက တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG