သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူဖြူအမျိုးသားရေးဆန္ဒပြမှုအတွင်း အကြမ်းဖက်မှုကို ကန်တရားရေးဌာနစစ်ဆေးမည်


အမေရိကန် ပြည်ထောင်စု ဗာဂျီးနီးယား ပြည်နယ် Charlottesville မြို့မှာ လူဖြူ လူမျိုးရေးဝါဒီတွေရဲ့ ဆန္ဒပြပွဲကို တန်ပြန်ဆန္ဒပြပွဲ အတွင်း လူသေဆုံးဒဏ်ရာရမှု ဖြစ်စေခဲ့တဲ့ ကားနဲ့ ဝင်တိုက်ခဲ့မှုကို ပြည်သူ့ အခွင့်အရေးဆိုင်ရာ စုံစမ်းစစ်ဆေးမှု အဖြစ် အမေရိကန် တရားရေးဌာနက ဆောင်ရွက်နေပါတယ်။

ရှားလော့ဗေလ်းမှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ သေဆုံးမှုဟာဆိုရင် အမေရိကန်ရဲ့ ဥပဒေနဲ့ တရားရေးရဲ့ အရှိုက်ကို ထိုးနှက်တိုက်ခိုက်မှု ဖြစ်တယ်လို့ ရှေ့နေချုပ် Jeff Sessions က ပြောဆိုပါတယ်။ လူမျိုးရေး အယူစွဲ အမုန်းတရားတွေနဲ့ အခုလို ဆောင်ရွက်ချက်တွေဟာ ကျနော်တို့ရဲ့ စံတန်ဖိုးတွေကို ဖောက်ဖျက်တာဖြစ်ပြီး သည်းမခံနိုင်ဘူးလို့ ရှေ့နေချုပ်က ပြောပါတယ်။ လူထုချီတက်ပွဲ ရုန်းရင်းဆန်ခတ်မှု အတွင်းနဲ့ ဆန္ဒပြပွဲ အတွက် တာဝန်ကျတဲ့ ရဲ ရဟတ်ယာဉ်တစင်းလည်း ပျက်ကျခဲ့ရတာကြောင့် စုစုပေါင်း သုံးဦး သေဆုံးခဲ့ပြီးနောက်မှာတော့ အမေရိကန်ပြည်ထောင်စု တောင်ပိုင်း ခွဲထွက်ရေး ပုဂ္ဂိုလ် တဦးရဲ့ ရုပ်ထုကို ဖယ်ရှားမယ့် အရေးကို ဆန့်ကျင်ဆန္ဒပြကြတဲ့လူဖြူ လူမျိုးရေး ဝါဒီတွေကို ပြန်ထွက်သွားကြဆိုပြီး ဗာဂျီးနီးယား အုပ်ချုပ်ရေးမှူးက ပြောဆိုပါတယ်။

ရှားလော့ဗေးလ်းမြို့မှာ လူဖြူ လူမျိုးရေး ဝါဒီတွေနဲ့ သူတို့ကို တန်ပြန်ဆန္ဒပြကြသူတွေကြား ထိပ်တိုက်တွေ့ တိုက်ခိုက်မှုတွေ ဖြစ်ပြီးနောက်မှာတော့ အုပ်ချုပ်ရေးမှူး Terry McAuliffe က ပြည်နယ် အရေးပေါ် အခြေအနေ ကြေညာခဲ့ပါတယ်။ ရှားလော့ဗေလ်းမြို့ကို ဒီကနေ့ ရောက်ရှိလာကြတဲ့ လူဖြူ လူမျိုးရေး ဝါဒီတွေနဲ့ နာဇီတွေကို ပေးချင်တဲ့ သတင်းစကား ရှိပါတယ်။ ကျနော်တို့ ပေးချင်တဲ့ သတင်းစကားက ရှင်းပါတယ်။ ပြန်ထွက်သွားကြပါလို့ အုပ်ချုပ်ရေးမှူး McAuliffe က သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG