သုံးရလွယ်ကူစေသည့် Link များ

လူမည်း ၄ ဦးကို အမုန်းပွားတိုက်ခိုက်မှုနဲ့ စွဲချက်တင်


လူမည်း ၄ ဦးကို အမုန်းပွားတိုက်ခိုက်မှုနဲ့ စွဲချက်တင် (Chicago Police Department)

အမေရိကန်ပြည်ထောင်စု Chicago မြို့မှာ စိတ်ကျန်းမာရေးမကောင်းတဲ့ လူဖြူဆယ်ကျော်သက်တယောက်ကို နှိပ်စက်နေတာ Facebook ပေါ်ကနေ တိုက်ရိုက် ရိုက်ကူးပြသခဲ့တယ်လို့ဆိုသူ လူမည်း ၄ ယောက်ကို အမုန်းတရားအခြေခံကျူးလွန်တဲ့အမှုတွေနဲ့ စွဲချက်တင်လိုက်ပါတယ်။

အသက် ၁၈ နှစ်အရွယ် Jordan Hill, Brittany Covington နဲ့ Tesfaye Cooper အသက် ၂၄ နှစ်အရွယ် Tanishia Covington တို့ကို အမုန်းပွားတိုက်ခိုက်မှု၊ တဖက်သားမခံချင်အောင်ရည်ရွယ်ချက်နဲ့ ဖမ်းဆီးချုပ်နှောင်ထားမှုတို့နဲ့ တရားဆွဲလိုက်တယ်လို့ Illinois မြို့ Cook မြို့နယ်က အစိုးရရှေ့နေတွေက ပြောကြားခဲ့ပါတယ်။

သူတို့တိုက်ရိုက်ပြသခဲ့တဲ့ Video ထဲမှာ လူမည်း ၄ ယောက်က အမည်မဖော်တဲ့ လူဖြုအမျိုးသားကို ကြိုးတုပ်၊ ပါးစပ်ကိုလည်း တိပ်နဲ့ကပ်ထားပြီး အကြိမ်ကြိမ် ထိုးကြိတ်နေတာတွေကို မြင်ရပါတယ်။

စိတ်ကျန်းမာရေးမကောင်းတဲ့ အဲဒီလူဖြူ လူငယ်ကို အိမ်သာထဲက ရေကို အတင်းသောက်ခိုင်းသလို၊ သူ့ရဲ့ ဦးခေါင်းခွံအရေပြားကို လွှာပြီး အဲဒီအနာပေါ်မှာ ဆေးလိပ်မီးနဲ့ ထိုးတာတွေကိုလဲ တရားစွဲခံရသူ ၄ ယောက်က တိုက်ရိုက် Video ရိုက်ပြခဲ့ကြပါတယ်။

သမ္မတအနေနဲ့ ဒီ Video ထဲကအဖြစ်တွေအတွက် စိတ်ဆိုးဒေါသထွက်မှာ သေချာတယ်လို့ အိမ်ဖြူတော်ပြောခွင့်ရ Josh Earnest က ကြာသပတေးနေ့ အိမ်ဖြူတော် သတင်းစာရှင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ အဲဒီ Video ထဲမှာ တိုက်ခိုက်နေသူတွေက လူဖြူတွေနဲ့ သမ္မတသစ်ဖြစ်လာမယ့် Donald Trump တို့အပေါ် စော်ကားတဲ့ စကားတွေကိုအော်ဟစ်ပြောနေသံကိုလည်း Video တခုလုံးမှာ ကြားနေရပါတယ်။ အဲဒီအဖြစ်အပျက်ဖြစ်တဲ့ နေရာနားကလမ်းပေါ်မှာ ဦးတည်ရာမဲ့ လျှောက်သွားနေတဲ့ သူ့ကို ပတ္တရောင်ရဲက မတွေ့ခင်အထိ နှိပ်စက်ခံရသူဟာ ၂၄ နာရီကနေ ၄၈ နာရီကြာအောင် ဖမ်းချုပ်ခံခဲ့တယ်လို့ ရဲကပြောပါတယ်။

စိတ်ဝင်စားဖွယ် ...

XS
SM
MD
LG