(Zawgyi/Unicode)
အမေရိကန် ပြည်ထောင်စု ချီကာဂိုမြို့က တန်ဖိုးကြီး အသုံးအဆောင်တွေ ရောင်းတဲ့ ဆိုင်တွေရှိရာ ထိပ်တန်း အရောင်းအဝယ် ရပ်ကွက် Magnificent Mile အပါအဝင် မြို့တွင်း တခြားနေရာတွေမှာပါ တနင်္ဂနွေနေ့ ညက ဆူပူ လုယက်မှုတွေ အတွင်း လူပေါင်း ၁၀၀ ကျော် ဖမ်းဆီးထားကြောင်း ချီကာဂို ရဲချုပ်က ပြောပါတယ်။
တနင်္ဂနွေနေ့ညက ဆူပူ လုယက်မှုတွေအတွင်း မြို့တွင်းမှာ အပျက်အစီးတွေ ရှိခဲ့သလို ရဲတပ်ဖွဲ့ဝင် ၁၃ ဦးလည်း ဒဏ်ရာရခဲ့ပါတယ်။ ချီကာဂိုမြို့ရဲ့ Englewood ရပ်ကွက်မှာ လူတဦးကို ရဲက သေနတ်နဲ့ ပစ်ခတ်ခဲ့ပြီးနောက် ညပိုင်းမှာ ဖြစ်ခဲ့တဲ့ လှုပ်ရှားမှုဟာ စနစ်တကျ ဆန္ဒပြမှု မဟုတ်ဘဲ ရာဇဝတ်မှုမြောက်တဲ့ ဖြစ်ရပ်လို့ ချီကာဂို ရဲချုပ် David Brown က ပြောပါတယ်။
တနလာၤနေ့ မနက်အစောပိုင်းမှာတုန်းကလည်း ရဲတွေ သေနတ်နဲ့ ပစ်ခတ်တာကြောင့် ရဲတပ်ဖွဲ့ဘက်က ပြန်လှန် ပစ်ခတ်မှု ရှိခဲ့ပါတယ်။ ချီကာဂိုမြို့လယ်မှာ ရဲတပ်ဖွဲ့ အင်အားတိုးမြှင့် ချထားမယ်လို့လည်း ရဲချုပ်က ပြောပါတယ်။ ချီကာဂို မြို့တော်ဝန် Lori Lightfoot ကလည်း ဒီအဖြစ်အပျက်ဟာ ပြစ်မှုကျူးလွန်မှု ၊ မြို့ကို တိုက်ခိုက် ထိုးနှက်မှု ဖြစ်တယ်လို့ သုံးနှုန်း ပြောဆိုထားပါတယ်။
...........
(Unicode)