သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ချီလီမှာ အရေးပေါ်အခြေအနေ ကြေညာ


ချီလီရဲတပ်ဖွဲ့ကားတစီးအနီး ဆန္ဒပြ ကြွေးကြော်နေသည့် အမျိုးသမီးတဦး။ (အောက်တိုဘာ ၁၈၊ ၂၀၁၉)
ချီလီရဲတပ်ဖွဲ့ကားတစီးအနီး ဆန္ဒပြ ကြွေးကြော်နေသည့် အမျိုးသမီးတဦး။ (အောက်တိုဘာ ၁၈၊ ၂၀၁၉)

ချီလီနိုင်ငံမှာ မီးရထားခတွေ ဈေးတက်သွားတဲ့အပေါ် မကျေမနပ်ဖြစ်ရာက စတင်ခဲ့တဲ့ ဆန့်ကျင်ဆန္ဒပြပွဲတွေကြောင့် သမ္မတ Sebastian Pinera က မြို့တော် Santiago မှာ အရေးပေါ်အခြေအနေ ကြေညာလိုက်ပါတယ်။

မြို့သူမြို့သားတွေ ငြိမ်းချမ်းစွာနေရဖို့၊ ပုဂ္ဂလိကနဲ့ အများပြည်သူတွေကိုသာမက လူတဦးချင်းစီရဲ့ အခွင့်အရေးတွေကို အကာအကွယ်ပေးဖို့ အတွက်ကြောင့်ပါ ခုလို အရေးပေါ်အခြေအနေကို အလေးအနက်ထား ထုတ်ပြန် ကြေညာရတာဖြစ်တယ်လို့ သမ္မတ Pinera က ပြောသွားပါတယ်။

မီးရထားခဈေးတက်တာကို ဆန့်ကျင်ဆန္ဒပြတဲ့လုပ်ရပ် တစိတ်တပိုင်းအဖြစ် Santiago မြို့ မြေအောက်ရထားဘူတာရုံတွေမှာ အထက်တန်းကျောင်းသူ ကျောင်းသားတွေက အပြည့်အသိပ် စုဝေးရောက်ရှိလာပြီး လူတကိုယ်စာဝင်ရတဲ့ ဂိတ်ပေါက်တွေကို လက်မှတ်မပြဘဲ ခုန်ကျော်ဝင်ရောက်ခဲ့ကြသလို လက်မှတ်စက်တွေကိုပါ သောကြာနေ့က ဖျက်ဆီးခဲ့ကြတာပါ။

ဒီဖြစ်ရပ်တွေကြောင့် Santiago မြို့က မြေအောက်ရထားလိုင်းတွေကို ရပ်နားလိုက်တဲ့အတွက် ထောင်သောင်းချီတဲ့ ခရီးသွားပြည်သူတွေ အလုပ်ကနေ အိမ်ပြန်ရေး အခက်အခဲတွေနဲ့ ကြုံခဲ့ကြရပါတယ်။

ဆန္ဒပြသူတွေကို မျက်ရည်ယိုဗုံးတွေသုံးပြီး လူစုခွဲဖို့ ကြိုးစားတဲ့ ရဲတွေလည်း မီးရထားဘူတာရုံတချို့ကနေ ဆုတ်သွားခဲ့ကြပါတယ်။ ဆန္ဒပြသူတွေနဲ့ ရဲတို့ကြား ထိပ်တိုက်ရင်ဆိုင်တွေ့ခဲ့ကြသလို အဆောက်အအုံ အတော်များများလည်း မီးတင်ရှို့ခံခဲ့ရပါတယ်။

ရုံးတက် ရုံးဆင်းချိန်လို လူရှုပ်တဲ့အချိန်တွေမှာ မီးရထားစီး ချီလီခရီးသည်တွေက ဒေါ်လာ ၁.၁၇ ပေးကြရပါတယ်။ ရထားလိုင်းတွေကို ဒီတပတ် စနေ၊ တနင်္ဂနွေ နှစ်ရက်လုံး ဆက်ပြီး ရပ်ဆိုင်းထားမယ်လို့ ခန့်မှန်းရပါတယ်။

--------------------------------

(Unicode)

ခြီလီမှာ အရေးပေါျအခွအေနေ ကွညော

ခြီလီနိုငျငံမှာ မီးရထားခတှေ ဈေးတကျသှားတဲ့အပေါျ မကြမေနပျဖွဈရာက စတငျခဲ့တဲ့ ဆန့ျကငြျဆန်ဒပွပှဲတှကွေောင့ျ သမ်မတ Sebastian Pinera က မွို့တောျ Santiago မှာ အရေးပေါျအခွအေနေ ကွညောလိုကျပါတယျ။






ချီလီမှာ အရေးပေါ်အခြေအနေ ကြေညာ
please wait

No media source currently available

0:00 0:01:13 0:00
တိုက်ရိုက် လင့်ခ်


XS
SM
MD
LG