သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အသုံးစရိတ် ပွင့်လင်းဖို့ တရုတ်အစိုးရဌာနတွေ မလိုလား


အသုံးစရိတ် ပွင့်လင်းဖို့ တရုတ်အစိုးရဌာနတွေ မလိုလား
အသုံးစရိတ် ပွင့်လင်းဖို့ တရုတ်အစိုးရဌာနတွေ မလိုလား

တရုတ်နိုင်ငံက ဌာနဆိုင်ရာ အတော်များများ အနေနဲ့ သူတို့ရဲ့ ပြည်ပခရီးစဉ် အသုံးစရိတ်၊ ဌာနဆိုင်ရာ ယာဉ်တွေဝယ်တာနဲ့ တခြား ဧည့်ခံကျွေးမွေး စရိတ်တွေကို အများပြည်သူသိအောင် ထုတ်ပြန်ပေးရမယ်ဆိုတဲ့ ဝန်ကြီးဌာနတွေရဲ့ ညွှန်ကြားချက်ကို လိုက်နာခြင်း မရှိဘူးလို့ အစိုးရပိုင် သတင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။

ဇွန်လကုန်ပိုင်းမှာ အဲဒီ အသုံးစရိတ်တွေကို ထုတ်ပြန်ပေးဖို့ ဗဟိုကောင်စီနဲ့ ဝန်ကြီးအဖွဲ့တို့က တောင်းဆိုထားတာတွေကို ဌာနဆိုင်ရာ ၉၈ ခုရှိတဲ့အထဲက ထက်ဝက်ကျော်က ထုတ်ပြန်ခြင်း မရှိဘူးလို့ အင်္ဂါနေ့ထုတ် ကွန်မြူနစ်ပါတီပိုင် Global Times သတင်းစာမှာ ဖော်ပြထားပါတယ်။

ထုတ်ပြန်ထားတဲ့ စာရင်းဇယားတွေကလည်း ယေဘုယျဆန်လွန်းပြီး ဘယ်နေရာမှာ ဘာကိုသုံးထားတယ်ဆိုတာ လူထုအနေနဲ့ တိတိကျကျ သိဖို့မလွယ်ဘူးလို့ အစိုးရအရာရှိတွေ ပြောတာကို ကိုးကားပြီး သတင်းစာမှာ ဖော်ပြထားတာပါ။

အများပြည်သူပိုင် ဘဏ္ဍာငွေတွေကို သုံးစွဲတဲ့ နေရာမှာ ပြည်သူလူထုက ပိုပြီး ထိန်းချုပ်မှု ရှိစေချင်တဲ့ သဘောနဲ့ အခုလို ညွှန်ကြားချက် ထုတ်တာလို့ အစိုးရ နိုင်ငံရေးအကြံပေး ကော်မတီ အဖွဲ့ဝင်တဦးက ပြောတယ်လို့ ဆိုပါတယ်။

XS
SM
MD
LG