သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နိုင်ငံ ကမ္ဘာ့စစ်အင်အားအကြီးဆုံး ဖြစ်လာမယ်လို့ ကန်ဗိုလ်ချုပ်ကြီးသတိပေး


ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး John Hyten
ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး John Hyten

{{Zawgyi/Unicode}}

အမေရိကန်ကိုကျော်ပြီး ကမ္ဘာ့ စစ်အင်အားအကြီးဆုံးနိုင်ငံဖြစ်လာရေး တရုတ်နိုင်ငံရဲ့အစီအစဉ်ဟာ အမှန်တကယ်ဖြစ်လာလိမ့်မယ်လို့ အမေရိကန် ထိပ်တန်းစစ်ဗိုလ်ချုပ်တဦးက သတိပေးလိုက်ပါတယ်။

ဒါကြောင့် တရုတ်ရဲ့လွှမ်းမိုးမှုကို တန်ပြန်ရေး အရှိန်မြှင့်လုပ်ဆောင်ဖို့ အမေရိကန်အပါအဝင် မဟာမိတ်နိုင်ငံတွေကို နှိုးဆော်ထားပါတယ်။

တရုတ်စစ်ဘက် အလျင်အမြန် တိုးတက်လာမှုဟာ "အံ့မခန်း" ပဲလို့ အမေရိကန်မှာ ဒုတိယ အဆင့်အမြင့်ဆုံး စစ်ဘက်အရာရှိဖြစ်တဲ့ ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး John Hyten ကပြောပါတယ်။

"သူတို့သွားနေတဲ့နှုန်းနဲ့ လမ်းကြောင်းကို ပြောင်းလဲဖို့ ကျနော်တို့ တခုခုမလုပ်ဘူးဆိုရင်တော့ ရုရှားနဲ့ အမေရိကန်ကို ကျော်လွန်သွားပါလိမ့်မယ်" လို့ ကာကွယ်ရေးဆိုင်ရာ သတင်းထောက်များအဖွဲ့မှာ ဗွီအိုအေကမေးတာကို ဗိုလ်ချုပ်ကြီး Hyten က မနေ့က ဖြေဆိုခဲ့ပါတယ်။

"ကျနော်တို့ တခုခုလုပ်ရမယ်" လို့လည်း သူကဆိုပါတယ်။

တရုတ်နိုင်ငံဟာ အသံထက်ငါးဆမြန်တဲ့ လက်နက်တခုကို ဇူလိုင်လက စမ်းသပ်ခဲ့တယ်လို့ ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး Mark Milley ကပြောခဲ့အပြီး တရက်အကြာမှာ ဗိုလ်ချုပ်ကြီး Hyten ရဲ့ သတိပေးချက် ထွက်လာတာပါ။ သူဟာ နောက်လမှာ အငြိမ်းစားယူတော့မှာဖြစ်ပါတယ်။

တရုတ်ရဲ့ အဲဒီ လက်နက်စမ်းသပ်မှုက "သိပ်ကို စိတ်ပူစရာပဲ" လို့ ဗိုလ်ချုပ်ကြီး Mark Milley က Bloomberg ရုပ်သံသတင်းဌာနကို ဗုဒ္ဓဟူးနေ့ကပြောခဲ့ပါတယ်။

၁၉၅၀ ပြည့်နှစ်တွေမှာ ရုရှားက ကမ္ဘာ့ပထမဆုံး လူလုပ်ဂြိုဟ်တု လွှတ်တင်ခဲ့တာကို ရည်ညွှန်းပြီး ဗိုလ်ချုပ်ကြီး Milley က "ဒါဟာ Sputnik ကာလလိုမျိုးလားဆိုတာ ကျနော် မသိပါဘူး၊ ဒါပေမယ့် အဲဒီအခြေအနေနဲ့ သိပ်ကိုနီးစပ်တယ်လို့ ထင်ပါတယ်" ဆိုပြီးပြောပါတယ်။ အဲဒီကာလမှာ ရုရှားတို့က Sputnik ဂြိုဟ်တုကို လွှတ်တင်ခဲ့ပြီးတဲ့နောက် ဆယ်စုနှစ်ပေါင်းများစွာကြာတဲ့ အာကာသပြိုင်ပွဲ စဖြစ်ခဲ့တာပါ။

ဗိုလ်ချုပ်ကြီး Milley လိုပဲ ဗိုလ်ချုပ်ကြီး Hyten ကလည်း တရုတ်ရဲ့ အသံထက်မြန်တဲ့ လက်နက်စမ်းသပ်မှုဆိုင်ရာ အသေးစိတ်တွေကို ပြောဖို့ငြင်းဆန်ပြီး လျှို့ဝှက်သတင်းအချက်အလက်အဖြစ် ရှိနေဆဲပဲလို့ ပြောခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်


=======

[[Unicode]]












=======

XS
SM
MD
LG