သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာမပါတဲ့ တ႐ုတ္အာဆီယံထိပ္သီးအေပၚ သုံးသပ္ခ်က္


ျမန္မာႏုိင္ငံမပါတဲ့ တ႐ုတ္-အာဆီယံ ႏွစ္ (၃၀) ျပည့္ အြန္လိုင္းအစည္းအေဝး (ႏိုဝင္ဘာ ၂၂၊ ၂၀၂၁)

{{Zawgyi/Unicode}}

တ႐ုတ္နဲ႔ အာဆီယံၾကား ေဆြးေႏြးဘက္ အႏွစ္ ၃၀ ျပည့္အထိမ္းအမွတ္ အြန္လိုင္းက က်င္းပတဲ့ ထိပ္သီးစည္းေဝးပြဲမွာ ျမန္မာႏိုင္ငံက ပါဝင္တက္ေရာက္ျခင္း မရွိပါဘူး။ ျမန္မာႏိုင္ငံနဲ႔ပတ္သက္လို႔ အာဆီယံေခါင္းေဆာင္းေတြၾကား ဘုံ သေဘာတူထားတဲ့အခ်က္ေတြအတိုင္း အေကာင္အထည္မေဖာ္သေရြ႕ အာဆီယံနဲ႔သက္ဆိုင္တဲ့ ထိပ္သီးအစည္းအေဝးေတြမွာ ျမန္မာပါဝင္ႏိုင္မယ့္ အလားအလာ မရွိႏိုင္ဘူးလို႔ ေလ့လာသူတခ်ိဳ႕က သုံးသပ္ပါတယ္။ စစ္ေကာင္စီဘက္ကေရာ အေလွ်ာ့ေပးမယ့္ပုံျမင္ရပါသလား။ ရန္ကုန္ကလာတဲ့သတင္းကို မဆုမြန္က တင္ျပေပးထားပါတယ္။

တ႐ုတ္သမၼတ Xi Jinping ဦးေဆာင္ၿပီး အြန္လိုင္းကေနက်င္းပခဲ့တဲ့ တ႐ုတ္နဲ႔ အာဆီယံၾကား ေဆြးေႏြးဘက္ အႏွစ္ ၃၀ ျပည့္အထိမ္းအမွတ္ ထိပ္သီးစည္းေဝးပြဲမွာ ျမန္မာႏိုင္ငံ တက္ေရာက္ခဲ့ျခင္း မရွိပါဘူး။ တ႐ုတ္ႏိုင္ငံဆိုင္ရာ ျမန္မာသံအမတ္ ႀကီးကို ျမန္မာကိုယ္စားလွယ္အျဖစ္ ဒီထိပ္သီးေဆြးေႏြးပြဲတက္ေရာက္ဖို႔ တ႐ုတ္နဲ႔ အာဆီယံအဖြဲ႔ဝင္ ၉ႏိုင္ငံကသေဘာတူခဲ့ေၾကာင္းနဲ႔ ထိပ္သီးေဆြးေႏြးပြဲက်င္းပတဲ့ ဒီေန႔ ႏိုဝင္ဘာ ၂၂ ရက္ မနက္ပိုင္းအထိ ျမန္မာဘက္က တုံ႔ျပန္မႈမရတဲ့အတြက္ ျမန္မာကိုယ္စားလွယ္မပါဘဲ ထိပ္သီးေဆြးေႏြးပြဲကို က်င္းပခဲ့ေၾကာင္း မေလးရွားႏိုင္ငံျခားေရးဝန္ႀကီး Saifuddin Abdullah ကသတင္းေထာက္ေတြကို ေျပာၾကားခဲ့ပါတယ္။

စစ္ေကာင္စီရဲ႕ သတင္းထုတ္ျပန္ေရးကလည္း အာဆီႏိုင္ငံတခ်ိဳ႕က အရင္က အာဆီယံအစည္းအေဝးအတိုင္း ႏိုင္ငံေရးရာထူးမရွိတဲ့ ကိုယ္စားလွယ္တဦး တက္ေရာက္ရမယ္လို႔ ဖိအားေပးခဲ့တယ္လို႔ ေၾကညာခ်က္ ထုတ္ျပန္ပါတယ္။ ဒီအစည္းအေဝးကို တက္ေရာက္ႏိုင္ဖို႔ တ႐ုတ္သမၼတႏိုင္ငံက အာဆီယံႏိုင္ငံေတြနဲ႔ ညႇိႏႈိင္းေပးခဲ့တာ အထူးေက်းဇူးတင္ေပမဲ့လည္း ျမန္မာဘက္ ကကိုယ္စားလွယ္မတက္ျဖစ္ေၾကာင္း စစ္ေကာင္စီရဲ႕ ထုတ္ျပန္ခ်က္မွာ ေရးသားထားတာပါ။

မဟာမဲေခါင္ေဒသမွာပါဝင္တဲ့ အာဆီယံ ၅ ႏိုင္ငံအေနနဲ႔ ေကာင္းမြန္ ညီၫြတ္တဲ့ ဆက္ဆံေရးရွိတယ္လို႔လည္း ေျပာထားပါတယ္။ အဲဒီ ၅ ႏိုင္ငံကေတာ့ ျမန္မာ၊ ထိုင္း၊ လာအို၊ ကေဗာၻဒီးယားနဲ႔ ဗီယက္နမ္ႏိုင္ငံတို႔ျဖစ္ၾကပါတယ္။

အာဆီယံနဲ႔ဆိုင္တဲ့ ထိပ္သီးစည္းေဝးပြဲေတြမွာ စစ္အာဏာသိမ္းေခါင္းေဆာင္ ဗိုလ္ ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ တက္ေရာက္ႏိုင္တဲ့ အေျခအေနမရွိခဲ့တာ အခုက ဒုတိယအႀကိမ္ျဖစ္ပါတယ္။ ျမန္မာ့ႏိုင္ငံေရးျပႆနာေျဖရွင္းႏိုင္ဖို႔ အာဆီယံေခါင္းေဆာင္ေတြ ဘုံသေဘာတူညီထားတဲ့ မူ (၅) ခ်က္အတိုင္း ျမန္မာဘက္က အေကာင္အထည္မေဖာ္သေ႐ြ႕ စစ္ေကာင္စီေခါင္းေဆာင္အေနနဲ႔ အာဆီယံစည္းေဝးပြဲေတြ တက္ေရာက္ခြင့္ရႏိုင္မွာ မဟုတ္ဘူးလို႔ ႏိုင္ငံေရးေလ့လာသူ ဦးရဲထြန္း ( သီေပါ) က သုံးသပ္ပါတယ္။

"ASEAN ကေတာ့ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ကိုယ္တိုင္တက္တဲ့ အစည္းအေဝးမွာ အားလုံးစုံညီသေဘာတူညီခ်က္နဲ႔ခ်ထားတဲ့ အခ်က္ ၅ ခ်က္ကိုအေကာင္အထည္မေဖာ္လို႔ဆိုတဲ့အေၾကာင္းျပခ်က္နဲ႔ေရွ႕ကအစည္းအေဝးမွာ ဒဏ္ခတ္ထားေတာ့အဲဒါကိုစစ္ေကာင္စီအေနနဲ႔က ဒါကိုလိုက္နာတာမရွိေသးတဲ့အခ်ိန္မွာ ျပန္ၿပီးေတာ့လက္ခံလိုက္တယ္ဆိုရင္သူတို႔ကကိုယ္ေထြးၿပီးသား တံေတြးကို ျပန္ၿမိဳသလိုျဖစ္မွာေပါ့။"

ဒီေန႔က်င္းပတဲ့ ထိပ္သီးစည္းေဝးပြဲမတိုင္ခင္ တ႐ုတ္အစိုးရရဲ႕ အာရွေရးရာ တ႐ုတ္ အထူးသံတမန္ မစၥတာစြန္ေကာ့ရွန္ ျမန္မာႏိုင္ငံလာေရာက္ၿပီး ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္နဲ႔ ႏိုဝင္ဘာ ၁၅ ရက္က ေတြ႔ဆုံေဆြးေႏြးခဲ့ပါတယ္။ တ႐ုတ္နဲ႔ ျမန္မာ ၂ ႏိုင္ငံဆက္ဆံေရးကိုေတာ့ တ႐ုတ္က ဆက္ထိမ္းထားမယ့္ ပုံရတယ္လို႔ ဦးရဲထြန္းက သုံးသပ္ပါတယ္။

"တ႐ုတ္ျပည္ကေတာ့ဒီ ASEAN ကေနတဆင့္ ဆက္ဆံမႈ မရွိေပမယ့္သူကေတာ့သီးျခား ASEAN ရဲ႕ ဆုံးျဖတ္ထားခ်က္ေတြကို အေကာင္အထည္ေဖာ္ဖို႔အတြက္လည္း တဖက္ကတိုက္တြန္းေနသလိုတဖက္ကလည္း သူနဲ႔ျမန္မာ သီးျခားဆက္ဆံေရးအတြက္ေတာ့ ႀကိဳးစားေနတာေတြေတာ့ရွိတယ္။ ဒီေန႔ပဲၾကားလိုက္ရတဲ့သတင္းတခုကေတာ့ နယ္စပ္ကုန္သြယ္ေရးဂိတ္ေတြပိတ္ထားတာကို မူဆယ္ဘက္မွာေတာ့ စၿပီးေတာ့ အစမ္းသေဘာျပန္ဖြင့္ေနတယ္ၾကားတယ္။ ဒါကေတာ့ႏွစ္ဘက္စလုံးရဲ႕အက်ိဳးစီးပြားေပါ့ေနာ္။ အဲေတာ့ေျပာခ်င္တဲ့သေဘာကေတာ့ASEAN ကအဲဒီလို ျပစ္ဒဏ္ေပးထားေပမယ့္လို႔ တ႐ုတ္နဲ႔ျမန္မာႏွစ္ႏိုင္ငံဆက္ဆံေရးကေတာ့ အထိုက္အေလ်ာက္ ရွိသင့္ရွိထိုက္တဲ့ဟာေတာ့ဆက္သြားေနမယ္လို႔က်ေနာ္ကေတာ့ယူဆတယ္။"

ႏိုင္ငံတကာဘက္က ဖိအားေပးေတာင္းဆိုေနတယ္လို႔ သူတို႔ဘက္က ယူဆတဲ့အရာေတြကိုေတာ့ စစ္ေကာင္စီဘက္က လိုက္ေလ်ာလိမ့္မယ္လို႔ မျမင္ေၾကာင္း မႏၲေလးတကၠသိုလ္ ႏိုင္ငံတကာဆက္ဆံေရးႏွင့္ ႏိုင္ငံေရးသိပၸံဌာန ပါေမာကၡ (ဌာနမႉး) ေဒါက္တာသီတာထြန္းက သုံးသပ္ပါတယ္။

"ေစာင့္ၾကည့္ေနရတာေပါ့ေနာ္ နစက ဘယ္လဲ၊ ဘာလဲ၊ ဘာလုပ္မလဲေပါ့။ ရႈပ္ေထြး တဲ့ အေျခအေနႀကီးမွာေလ။ လူတိုင္းလူတိုင္းက ကိုယ့္ရပ္တည္ခ်က္နဲ႔ကိုယ္ အာဆီယံကလည္း သူ႔ရပ္တည္ခ်က္နဲ႔သူ လုပ္ေနတာပဲ၊ နစက ကလည္း သူ႔ရပ္တည္ခ်က္နဲ႔ေပါ့၊ NUG ကလည္း သူ႔ရပ္တည္ခ်က္နဲ႔ေပါ့။ တ႐ုတ္ကလည္း ဘာပဲေျပာေျပာ ျမန္မာကို သေဘာတူညီခ်က္ ၅ ခု မထြက္ခင္ကတည္းက သူက သေဘာထား ေၾကညာခဲ့ၿပီးၿပီဆိုေတာ့ အဓိကအားျဖင့္ကေတာ့ အားလုံးက အာဆီယံကိုပဲ ဝိုင္းၿပီးေတာ့ေပါ့ေနာ္-တာဝန္ေပးတဲ့ပုံစံမ်ိဳး ျဖစ္ေနတာေပါ့။ အာဆီယံကလည္း က်ေနာ္ထင္ပါတယ္၊ သူလည္း engageေတာ့လုပ္မွာေပါ့ေနာ္။ ကေမာၻဒီးယား ဥကၠ႒ ေျပာင္းသြားတဲ့အခါမွာလည္း သူေလသံ ဘယ္လိုထြက္လာမလဲဆိုေတာ့ ဟိုေန႔ကေတာ့ အာဆီယံရဲ႕ သေဘာတူညီခ်က္ ၅ ခ်က္ကိုပဲ အေကာင္အထည္ေဖာ္မယ္ေပါ့။ အဲလိုပဲေျပာေနတာဆိုေတာ့ က်ေနာ္တို႔က တိုေတာင္းတဲ့ကာလထဲမွာ ေစာင့္ၾကည့္ေနရတဲ့အဆင့္ ျဖစ္ေနတာေပါ့။ နစကအေနနဲ႔ကလည္း ျပည္တြင္းမွာ control လုပ္ဖို႔ ႀကိဳးစားေနတဲ့အခ်ိန္မွာ ႏိုင္ငံတကာ pressure ေတြ၊ ဒီဘက္က ေဒသတြင္း pressure ေတြကလည္း ရွိေနတယ္ေပါ့ေနာ္။အဲလိုမ်ိဳးေလးေတြကလည္းဆိုေတာ့ က်ေနာ္တို႔ကိုယ္တိုင္ကိုယ္က ေစာင့္ၾကည့္ေနတဲ့အဆင့္ ျဖစ္ေနတာ။"

အာဆီယံအဖြဲ႔ကိုစတင္တည္ေထာင္တဲ့ အခ်ိန္ကစလို႔ အဖြဲ႔ဝင္ႏိုင္ငံေတြၾကား အခ်င္းခ်င္း ဝင္ေရာက္စြက္ဖက္တာ မလုပ္ဘူးဆိုတဲ့ အေျခခံမူတခ်က္ကိုလည္း ျပ႒ာန္းခဲ့ပါတယ္။ ဒါေပမဲ့ ေဖေဖာ္ဝါရီ ၁ ရက္ ျမန္မာႏိုင္ငံမွာ စစ္ေကာင္စီက အာဏာသိမ္းလိုက္တဲ့ ေနာက္ပိုင္းမွာေတာ့ အဖြဲ႔ဝင္ေတြၾကား သေဘာတူညီမႈကေန ျမန္မာ့အေရးကို ၾကားဝင္ေဆာင္႐ြက္ဖို႔ ဆုံးျဖတ္လိုက္ၾကတာပါ။ ၃၉ ႀကိမ္ေျမာက္က်င္းပတဲ့ အာဆီယံထိပ္သီးအစည္းအေဝးမွာ ျမန္မာ စစ္ေကာင္စီကို မဖိတ္ၾကားဖို႔အတြက္ အဖြဲ႔ဝင္ေတြၾကား စတင္ဆုံးျဖတ္ခဲ့ၾကတာပါ။ ျမန္မာစစ္ေခါင္းေဆာင္ တက္ေရာက္ႏိုင္ျခင္းမရွိတဲ့ ထိပ္သီးစည္းေဝးပြဲမွာ တ႐ုတ္ႏိုင္ငံဟာ အာဆီယံရဲ႕ အိမ္နီးခ်င္းေကာင္း၊ မိတ္ေဆြေကာင္း၊ မိတ္ဖက္ေကာင္းျဖစ္ခဲ့သလို ဆက္လည္း ျဖစ္သြားမယ္လို႔ တ႐ုတ္သမၼတ Xi Jinping ထိပ္သီးစည္းေဝးပြဲမွာ ေျပာၾကားခဲ့ပါတယ္။ တ႐ုတ္- အာဆီယံ မိတ္ဖက္ အႏွစ္သုံးဆယ္ျပည့္ကေနေဒသတြင္း တည္ၿငိမ္မႈ၊ တိုးတက္မႈနဲ႔ ၿငိမ္းခ်မ္းေရးကို လုပ္ေဆာင္ႏိုင္လိမ့္မယ္လို႔လည္း အာဆီယံေခါင္းေဆာင္ေတြကို ေျပာၾကားခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္


============

{{Unicode}}

မြန်မာမပါတဲ့ တရုတ်အာဆီယံထိပ်သီးအပေါ် သုံးသပ်ချက်

တရုတ်နဲ့ အာဆီယံကြား ဆွေးနွေးဘက် အနှစ် ၃၀ ပြည့်အထိမ်းအမှတ် အွန်လိုင်းက ကျင်းပတဲ့ ထိပ်သီးစည်းဝေးပွဲမှာ မြန်မာနိုင်ငံက ပါဝင်တက်ရောက်ခြင်း မရှိပါဘူး။ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ အာဆီယံခေါင်းဆောင်းတွေကြား ဘုံ သဘောတူထားတဲ့အချက်တွေအတိုင်း အကောင်အထည်မဖော်သရွေ့ အာဆီဆံနဲ့သက်ဆိုင်တဲ့ ထိပ်သီးအစည်းအဝေးတွေမှာ မြန်မာပါဝင်နိုင်မယ့် အလားအလာ မရှိနိုင်ဘူးလို့ လေ့လာသူတချို့က သုံးသပ်ပါတယ်။ စစ်ကောင်စီဘက်ကရော အလျှော့ပေးမယ့်ပုံမြင်ရပါသလား။ ရန်ကုန်ကလာတဲ့သတင်းကို မဆုမွန်က တင်ပြပေးထားပါတယ်။

တရုတ်သမ္မတ Xi Jinping ဦးဆောင်ပြီး အွန်လိုင်းကနေကျင်းပခဲ့တဲ့ တရုတ်နဲ့ အာဆီယံကြား ဆွေးနွေးဘက် အနှစ် ၃၀ ပြည့်အထိမ်းအမှတ် ထိပ်သီးစည်းဝေးပွဲမှာ မြန်မာနိုင်ငံ တက်ရောက်ခဲ့ခြင်း မရှိပါဘူး။ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ် ကြီးကို မြန်မာကိုယ်စားလှယ်အဖြစ် ဒီထိပ်သီးဆွေးနွေးပွဲတက်ရောက်ဖို့ တရုတ်နဲ့ အာဆီယံအဖွဲ့ဝင် ၉နိုင်ငံကသဘောတူခဲ့ကြောင်းနဲ့ ထိပ်သီးဆွေးနွေးပွဲကျင်းပတဲ့ ဒီနေ့ နိုဝင်ဘာ ၂၂ ရက် မနက်ပိုင်းအထိ မြန်မာဘက်က တုံ့ပြန်မှုမရတဲ့အတွက် မြန်မာကိုယ်စားလှယ်မပါဘဲ ထိပ်သီးဆွေးနွေးပွဲကို ကျင်းပခဲ့ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah ကသတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ရေးကလည်း အာဆီနိုင်ငံတချို့က အရင်က အာဆီယံအစည်းအဝေးအတိုင်း နိုင်ငံရေးရာထူးမရှိတဲ့ ကိုယ်စားလှယ်တဦး တက်ရောက်ရမယ်လို့ ဖိအားပေးခဲ့တယ်လို့ ကြေညာချက် ထုတ်ပြန်ပါတယ်။ ဒီအစည်းအဝေးကို တက်ရောက်နိုင်ဖို့ တရုတ်သမ္မတနိုင်ငံက အာဆီယံနိုင်ငံတွေနဲ့ ညှိနှိုင်းပေးခဲ့တာ အထူးကျေးဇူးတင်ပေမဲ့လည်း မြန်မာဘက် ကကိုယ်စားလှယ်မတက်ဖြစ်ကြောင်း စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားတာပါ။

မဟာမဲခေါင်ဒေသမှာပါဝင်တဲ့ အာဆီယံ ၅ နိုင်ငံအနေနဲ့ ကောင်းမွန် ညီညွတ်တဲ့ ဆက်ဆံရေးရှိတယ်လို့လည်း ပြောထားပါတယ်။ အဲဒီ ၅ နိုင်ငံကတော့ မြန်မာ၊ ထိုင်း၊ လာအို၊ ကဗ္ဘောဒီးယားနဲ့ ဗီယက်နမ်နိုင်ငံတို့ဖြစ်ကြပါတယ်။

အာဆီယံနဲ့ဆိုင်တဲ့ ထိပ်သီးစည်းဝေးပွဲတွေမှာ စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ် ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်နိုင်တဲ့ အခြေအနေမရှိခဲ့တာ အခုက ဒုတိယအကြိမ်ဖြစ်ပါတယ်။ မြန်မာ့နိုင်ငံရေးပြဿနာဖြေရှင်းနိုင်ဖို့ အာဆီယံခေါင်းဆောင်တွေ ဘုံသဘောတူညီထားတဲ့ မူ (၅) ချက်အတိုင်း မြန်မာဘက်က အကောင်အထည်မဖော်သရွေ့ စစ်ကောင်စီခေါင်းဆောင်အနေနဲ့ အာဆီယံစည်းဝေးပွဲတွေ တက်ရောက်ခွင့်ရနိုင်မှာ မဟုတ်ဘူးလို့ နိုင်ငံရေးလေ့လာသူ ဦးရဲထွန်း ( သီပေါ) က သုံးသပ်ပါတယ်။

"ASEAN ကတော့ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင်တက်တဲ့ အစည်းအဝေးမှာ အားလုံးစုံညီသဘောတူညီချက်နဲ့ချထားတဲ့ အချက် ၅ ချက်ကိုအကောင်အထည်မဖော်လို့ဆိုတဲ့အကြောင်းပြချက်နဲ့ရှေ့ကအစည်းအဝေးမှာ ဒဏ်ခတ်ထားတော့အဲဒါကိုစစ်ကောင်စီအနေနဲ့က ဒါကိုလိုက်နာတာမရှိသေးတဲ့အချိန်မှာ ပြန်ပြီးတော့လက်ခံလိုက်တယ်ဆိုရင်သူတို့ကကိုယ်ထွေးပြီးသား တံတွေးကို ပြန်မြိုသလိုဖြစ်မှာပေါ့။"

ဒီနေ့ကျင်းပတဲ့ ထိပ်သီးစည်းဝေးပွဲမတိုင်ခင် တရုတ်အစိုးရရဲ့ အာရှရေးရာ တရုတ် အထူးသံတမန် မစ္စတာစွန်ကော့ရှန် မြန်မာနိုင်ငံလာရောက်ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ နိုဝင်ဘာ ၁၅ ရက်က တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ တရုတ်နဲ့ မြန်မာ ၂ နိုင်ငံဆက်ဆံရေးကိုတော့ တရုတ်က ဆက်ထိမ်းထားမယ့် ပုံရတယ်လို့ ဦးရဲထွန်းက သုံးသပ်ပါတယ်။

"တရုတ်ပြည်ကတော့ဒီ ASEAN ကနေတဆင့် ဆက်ဆံမှု မရှိပေမယ့်သူကတော့သီးခြား ASEAN ရဲ့ ဆုံးဖြတ်ထားချက်တွေကို အကောင်အထည်ဖော်ဖို့အတွက်လည်း တဖက်ကတိုက်တွန်းနေသလိုတဖက်ကလည်း သူနဲ့မြန်မာ သီးခြားဆက်ဆံရေးအတွက်တော့ ကြိုးစားနေတာတွေတော့ရှိတယ်။ ဒီနေ့ပဲကြားလိုက်ရတဲ့သတင်းတခုကတော့ နယ်စပ်ကုန်သွယ်ရေးဂိတ်တွေပိတ်ထားတာကို မူဆယ်ဘက်မှာတော့ စပြီးတော့ အစမ်းသဘောပြန်ဖွင့်နေတယ်ကြားတယ်။ ဒါကတော့နှစ်ဘက်စလုံးရဲ့အကျိုးစီးပွားပေါ့နော်။အဲတော့ပြောချင်တဲ့သဘောကတော့ASEAN ကအဲဒီလို ပြစ်ဒဏ်ပေးထားပေမယ့်လို့ တရုတ်နဲ့မြန်မာနှစ်နိုင်ငံဆက်ဆံရေးကတော့ အထိုက်အလျောက် ရှိသင့်ရှိထိုက်တဲ့ဟာတော့ဆက်သွားနေမယ်လို့ကျနော်ကတော့ယူဆတယ်။"

နိုင်ငံတကာဘက်က ဖိအားပေးတောင်းဆိုနေတယ်လို့ သူတို့ဘက်က ယူဆတဲ့အရာတွေကိုတော့ စစ်ကောင်စီဘက်က လိုက်လျောလိမ့်မယ်လို့ မမြင်ကြောင်း မန္တလေးတက္ကသိုလ် နိုင်ငံတကာဆက်ဆံရေးနှင့် နိုင်ငံရေးသိပ္ပံဌာန ပါမောက္ခ (ဌာနမှူး) ဒေါက်တာသီတာထွန်းက သုံးသပ်ပါတယ်။

"စောင့်ကြည့်နေရတာပေါ့နော် နစက ဘယ်လဲ၊ ဘာလဲ၊ ဘာလုပ်မလဲပေါ့။ ရှုပ်ထွေး တဲ့ အခြေအနေကြီးမှာလေ။ လူတိုင်းလူတိုင်းက ကိုယ့်ရပ်တည်ချက်နဲ့ကိုယ် အာဆီယံကလည်း သူ့ရပ်တည်ချက်နဲ့သူ လုပ်နေတာပဲ၊ နစက ကလည်း သူ့ရပ်တည်ချက်နဲ့ပေါ့၊ NUG ကလည်း သူ့ရပ်တည်ချက်နဲ့ပေါ့။ တရုတ်ကလည်း ဘာပဲပြောပြော မြန်မာကို သဘောတူညီချက် ၅ ခု မထွက်ခင်ကတည်းက သူက သဘောထား ကြေညာခဲ့ပြီးပြီဆိုတော့ အဓိကအားဖြင့်ကတော့ အားလုံးက အာဆီယံကိုပဲ ဝိုင်းပြီးတော့ပေါ့နော်-တာဝန်ပေးတဲ့ပုံစံမျိုး ဖြစ်နေတာပေါ့။ အာဆီယံကလည်း ကျနော်ထင်ပါတယ်၊ သူလည်း engageတော့လုပ်မှာပေါ့နော်။ ကမ္ဘောဒီးယား ဥက္ကဋ္ဌ ပြောင်းသွားတဲ့အခါမှာလည်း သူလေသံ ဘယ်လိုထွက်လာမလဲဆိုတော့ ဟိုနေ့ကတော့ အာဆီယံရဲ့ သဘောတူညီချက် ၅ ချက်ကိုပဲ အကောင်အထည်ဖော်မယ်ပေါ့။ အဲလိုပဲပြောနေတာဆိုတော့ ကျနော်တို့က တိုတောင်းတဲ့ကာလထဲမှာ စောင့်ကြည့်နေရတဲ့အဆင့် ဖြစ်နေတာပေါ့။ နစကအနေနဲ့ကလည်း ပြည်တွင်းမှာ control လုပ်ဖို့ ကြိုးစားနေတဲ့အချိန်မှာ နိုင်ငံတကာ pressure တွေ၊ ဒီဘက်က ဒေသတွင်း pressure တွေကလည်း ရှိနေတယ်ပေါ့နော်။အဲလိုမျိုးလေးတွေကလည်းဆိုတော့ ကျနော်တို့ကိုယ်တိုင်ကိုယ်က စောင့်ကြည့်နေတဲ့အဆင့် ဖြစ်နေတာ။"

အာဆီယံအဖွဲ့ကိုစတင်တည်ထောင်တဲ့ အချိန်ကစလို့ အဖွဲ့ဝင်နိုင်ငံတွေကြား အချင်းချင်း ဝင်ရောက်စွက်ဖက်တာ မလုပ်ဘူးဆိုတဲ့ အခြေခံမူတချက်ကိုလည်း ပြဋ္ဌာန်းခဲ့ပါတယ်။ ဒါပေမဲ့ ဖေဖော်ဝါရီ ၁ ရက် မြန်မာနိုင်ငံမှာ စစ်ကောင်စီက အာဏာသိမ်းလိုက်တဲ့ နောက်ပိုင်းမှာတော့ အဖွဲ့ဝင်တွေကြား သဘောတူညီမှုကနေ မြန်မာ့အရေးကို ကြားဝင်ဆောင်ရွက်ဖို့ ဆုံးဖြတ်လိုက်ကြတာပါ။ ၃၉ ကြိမ်မြောက်ကျင်းပတဲ့ အာဆီယံထိပ်သီးအစည်းအဝေးမှာ မြန်မာ စစ်ကောင်စီကို မဖိတ်ကြားဖို့အတွက် အဖွဲ့ဝင်တွေကြား စတင်ဆုံးဖြတ်ခဲ့ကြတာပါ။ မြန်မာစစ်ခေါင်းဆောင် တက်ရောက်နိုင်ခြင်းမရှိတဲ့ ထိပ်သီးစည်းဝေးပွဲမှာ တရုတ်နိုင်ငံဟာ အာဆီယံရဲ့ အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်း၊ မိတ်ဖက်ကောင်းဖြစ်ခဲ့သလို ဆက်လည်း ဖြစ်သွားမယ်လို့ တရုတ်သမ္မတ Xi Jinping ထိပ်သီးစည်းဝေးပွဲမှာ ပြောကြားခဲ့ပါတယ်။ တရုတ်- အာဆီယံ မိတ်ဖက် အနှစ်သုံးဆယ်ပြည့်ကနေဒေသတွင်း တည်ငြိမ်မှု၊ တိုးတက်မှုနဲ့ ငြိမ်းချမ်းရေးကို လုပ်ဆောင်နိုင်လိမ့်မယ်လို့လည်း အာဆီယံခေါင်းဆောင်တွေကို ပြောကြားခဲ့ပါတယ်။

#MyanmarASEAN #ChinaASEANSummit #VOABurmese

#မြန်မာ၊တရုတ်၊အာဆီယံ#မင်းအောင်လှိုင်#ဦးရဲထွန်း#ဒေါက်တာသီဟထွန်း

============

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG