သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူမှောင်ခိုဂိုဏ်းတွေ တရုတ်ဖြိုခွင်း


လူကုန်ကူးခံရသော တရုတ်ကလေးငယ်များကို ကယ်တင်လာစဉ်။
လူကုန်ကူးခံရသော တရုတ်ကလေးငယ်များကို ကယ်တင်လာစဉ်။
တရုတ်နိုင်ငံမှာ ရောင်းစားခံရမယ့် ကလေးသူငယ် ၈၉ဦးကို ကယ်တင်နိုင်ခဲ့တယ်လို့ အာဏာပိုင်တွေက ပြောကြားလိုက်ပါတယ်။ လူမှောင်ခိုဂိုဏ်း လို့ ခေါ်တဲ့ အဖွဲ့အစည်း အတော်များများကို နှိမ်နင်းနိုင်ခဲ့ပြီး လူပေါင်း ၃၅၅ယောက်ကိုလည်း ဖမ်းဆီးလိုက်ပါတယ်။ ဂွမ်ဒေါင်းနဲ့ ဆီချွမ်နယ်ဒေသအပါအဝင် တော်တော်များများမှာ ဒီဇင်ဘာလ ၁၈ရက်နေ့ကစပြီး စီမံချက်ချ ဆောင်ရွက်ခဲ့ကြောင်း တရုတ်အာဏာပိုင်တွေက ဖော်ပြလိုက်ပါတယ်။
ကယ်တင်နိုင်ခဲ့တဲ့ ကလေးသူငယ်တွေကို လောလောဆယ် တရုတ်အစိုးရက စောင့်ရှောက်ထားခဲ့ပြီး သက်ဆိုင်ရာ မိဘတွေနဲ့ဆက်သွယ်ဖို့ ကြိုးစားနေကြပါတယ်။

တရုတ်နိုင်ငံမှာ ကလေးသူငယ်နဲ့ အမျိုးသမီးတွေကို မှောင်ခိုရောင်းဝယ်တဲ့ လုပ်ငန်းတွေကြီးတွေ ကြီးထွားလာတာလည်းဖြစ်ပါတယ်။ တစ်အိမ်ထောင်ကို ကလေးတစ်ယောက်သာရှိရမယ်ဆိုတဲ့ မူဝါဒကြောင့် ဒီလိုမှောင်ခိုမှုကြီးထွားလာတယ်လို့ အကဲခတ်တွေ က ပြောဆိုကြ ပါတယ်။ ယောကျ်ားလေးတွေကို ဝယ်ယူလိုသူရှိသလို၊ မိန်းကလေးတွေနဲ့ အမျိုးသမီးတွေကိုလည်း သူတို့သမီးလောင်းလျာတွေအဖြစ် ဝယ်ယူလာကြတာဖြစ်ပါတယ်။ ၂၀၁၁ခုနှစ် အတွင်း တရုတ်အာဏာပိုင်တွေဟာ လူမှောင်ခိုဂိုဏ်း ၃၀၀၀ကျော်ကို နှိမ်နင်းနိုင်ခဲ့ပြီး ကလေးသူငယ် ၉၀၀၀ ခန့်နဲ့ အမျိုးသမီး ၁၅၀၀၀ကျော်ခန့်ကို ကယ်တင်နိုင်ခဲ့တယ်လို့ ရှင်ဟွာသတင်းဌာနက ဆိုခဲ့ပါတယ်။
XS
SM
MD
LG