သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်ဝမ်ကို အမေရိကန် လက်နက်ရောင်းမှု တရုတ် ကန့်ကွက်


ထိုင်ဝမ် စစ်ရေးလေ့ကျင့်မှု။
ထိုင်ဝမ် စစ်ရေးလေ့ကျင့်မှု။

အမေရိကန်ပြည်ထောင်စုက တိုင်ဝမ်ကျွန်းကို စစ်လက်နက်ပစ္စည်း ဒေါ်လာ ၁.၈၃ ဘီလီယံဖိုး ရောင်းမယ့်ကိစ္စ ပယ်ဖျက်ဖို့ တရုတ် က အမေရိကန်ကို တိုက်တွန်း လိုက်သလို ဒီအရောင်းအဝယ်ကိစ္စမှာ ပါဝင်ပတ်သက်တဲ့ကုမ္ပဏီတွေကို ဒဏ်ခတ် အရေးယူမယ်လို့ ခြိမ်းခြောက်လိုက်ပါတယ်။

“တရုတ်နိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင်မှုနဲ့ ပိုင်နက်နယ်မြေ တသားထဲ ရှိမှုကို ကာကွယ်စောင့်ရှောက်ဖို့သာမက ပြင်ပကစွက်ဖက်တာကို ခုခံဖို့ တရုတ်နိုင်ငံနဲ့ တရုတ်လူထုရဲ့ ခိုင်မာတဲ့သန္နိဋ္ဌာန်ကို ယိမ်းယိုင်အောင် ဘယ်သူမှ မလုပ်နိုင်ဘူး။” လို့ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Hong Lei က ဒီကနေ့ ပုံမှန် သတင်းစာ ရှင်းလင်းပွဲအတွင်း ပြောသွားပါတယ်။

အခု လက်နက်ရောင်းမယ့်အစီအစဉ်ဟာ လေးနှစ်တာကာလအတွင်း သမ္မတအိုဘားမား အစိုးရက တိုင်ဝမ်ကျွန်းကို ပထမဆုံး ကမ်းလှမ်းတာပါ။ ဒီလက်နက် အရောင်းအဝယ် အစီအစဉ် မကြေညာခင်ကတည်းကိုက တိုင်ဝမ်ရေလက်ကြား တလျှောက် ဆက်ဆံရေး၊ တရုတ်နဲ့အမေရိကန်ကြား ဆက်ဆံရေးတွေကို မထိခိုက်အောင် ရှောင်ရှားဖို့ ဒီကိစ္စကို ဖျက်သိမ်းပါလို့ တရုတ်က တောင်းဆိုထားပါတယ်။

တရုတ်က တိုင်ဝမ်ကို သူပိုင်နယ်မြေအဖြစ် သတ်မှတ်ထားတာပါ။ ဗုဒ္ဓဟူးနေ့တုန်းကလည်း တရုတ် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Zheng Zeguang ဟာ တရုတ်နိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဒုတိယအဆင့်အမြင့်ဆုံး သံတမန်နဲ့ တွေ့ဆုံခဲ့ပါတယ်။

တိုင်ဝမ်ကျွန်းကို လက်နက်ရောင်းတာမှာ ပါဝင်ပတ်သက်တဲ့ ကုမ္ပဏီတွေကို ဒဏ်ခတ်အရေးယူတာအပါအဝင် လိုအပ်တာမှန်သမျှကို တရုတ်အစိုးရက လုပ်သွားမယ်ဆိုပြီး ဒုဝန်ကြီး Zheng က ပြောတယ်လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တခုမှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG