သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆိုက်ဘာတိုက်ခိုက်မှု အမေရိကန်စွပ်စွဲချက် တရုတ်ပယ်ချ


တရုတ်အနေနဲ့ Cyber အင်တာနက်ဆိုင်ရာ မသမာမှုတွေလုပ်ပြီး၊ အမေရိကန် ပြည်ထောင်စုရဲ့ နိုင်ငံခြားရေးမူဝါဒနဲ့ စစ်ရေးစီမံကိန်းတွေကို ရယူဖို့ ကြိုးစားတယ်ဆိုတဲ့ အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာန အစီရင်ခံချက်ကို တရုတ်နိုင်ငံက ငြင်းပယ်လိုက်ပါတယ်။

အမေရိကန် ကာကွယ်ရေးဌာနရဲ့ စွပ်စွဲချက်တွေဟာ အခြေအမြစ်မရှိဘဲ တာဝန်မဲ့ရာကျပြီး၊ တရုတ် အမေရိကန် ဆက်ဆံရေးကို ထိခိုက်စေလိမ့်မယ်လို့ အင်္ဂါနေ့ သတင်းစာ ရှင်းလင်းပွဲမှာ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူ ဟူ ချွန်းယွမ် (Hua Chunying) က ပြောသွားပါတယ်။

တနင်္လာနေ့တုန်းက အမေရိကန် ကာကွယ်ရေးဌာန ထုတ်ပြန်ချက်ထဲမှာတော့ အမေရိကန်အစိုးရ ကွန်ပြူတာစနစ်တွေကို ဆိုက်ဘာ တိုက်ခိုက်မှုတွေရှိခဲ့ပြီး၊ ဒါဟာ တရုတ်အစိုးရနဲ့ စစ်ရေးအဖွဲ့အစည်းတွေက တိုက်ရိုက်လုပ်ဆောင်ပုံရတယ်လို့ ဖော်ပြ ပါတယ်။

တရုတ်အခြေစိုက် ကွန်ပြူတာ ဟက်ကာတွေရဲ့ လုပ်ဆောင်ချက်တွေအပေါ်မှာ အမေရိကန် တာဝန်ရှိသူတွေရဲ့ ဝေဖန်ပြစ်တင်မှုတွေ အခု ပိုတိုးလာနေပါတယ်။ ဒါပေမဲ့လည်း တရုတ်အစိုးရကို တိုက်ရိုက် ဝေဖန်စွပ်စွဲတာမျိုးကိုတော့ အများစု အခြေအနေမှာ ရှောင်ပါတယ်။

ဒါဟာ ပြဿနာကို ဖြေရှင်းနိုင်ရေး ဆွေးနွေးမှုတွေ လုပ်ဖို့လို့ မျှော်လင့်ချက်နဲ့ပါ။ ဗြိတိန်က Nottingham တက္ကသိုလ်က တရုတ်ပညာရှင် စတိ စန် (Steve Tsang) ကတော့ အမေရိကန် ကာကွယ်ရေးဌာနအနေနဲ့ အခုလို ပြင်းထန်တဲ့ စွပ်စွဲချက်တွေ လုပ်ဖို့ ခိုင်လုံတဲ့ အထောက်အထားတွေ ရှိရမှာ ဖြစ်တယ်လို့ သူထင်တဲ့အကြောင်း ဗွီအိုအေကို ပြောပါတယ်။
XS
SM
MD
LG